သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးငယ္ေတြ ႏွာေခါင္းစည္းတပ္ေရးဆိုင္ရာ အၾကံျပဳခ်က္ WHO နဲ႔ UNICEF ထုတ္ျပန္


အိႏၵိယႏိုင္ငံ New Delhi ၿမိဳ႕က ကေလးငယ္တဦးကို COVID ေရာဂါ ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ေက်ာင္းသား ကေလးငယ္ သန္းေပါင္းမ်ားစြာ ေက်ာင္းျပန္တက္ဖို႔ စိုင္းျပင္းေနခ်ိန္မွာပဲ ကမာၻ႔ က်န္းမာေရး အဖြဲ႕ WHO က ကေလးငယ္ေတြ ႏွာေခါင္းစည္းတပ္ေရးနဲ႔ ပတ္သက္တဲ့ အႀကံျပဳခ်က္ေတြ ထုတ္ျပန္လိုက္ပါတယ္။ WHO နဲ႔ ကုလသမဂၢ ကေလးသူငယ္မ်ား ရန္ပုံေငြအဖြဲ႕ UNICEF တို႔ ပူးေပါင္းၿပီး ကေလးသူငယ္ေတြအတြက္ အသက္အ႐ြယ္အလိုက္ အႀကံျပဳ ၫႊန္ၾကားခ်က္ေတြကို ထုတ္ျပန္လိုက္တာလည္း ျဖစ္ၿပီး အသက္ ၆ ႏွစ္ေအာက္ ကေလးငယ္ေတြ ႏွာေခါင္းစည္း မတပ္သင့္ဘူးလို႔ ၫႊန္ၾကားထားပါတယ္။

အေထာက္အထား အနည္းငယ္အရ လူႀကီးေတြနဲ႔ ႏႈိင္းစာရင္ ကေလးငယ္ေတြၾကား ကူးစက္မႈႏႈန္း နည္းတယ္လို႔ဆိုေပမဲ့ အသက္အ႐ြယ္အလိုက္ ကူးစက္မႈႏႈန္း ကြာျခားခ်က္ေတြ ရွိတာကိုလည္း ရရွိထားတဲ့ အခ်က္အလက္ေတြအရ သိရတယ္လို႔ WHO နဲ႔ UNICEF အဖြဲ႕ေတြက ေျပာပါတယ္။

ဒါေၾကာင့္ အသက္ ၆ ႏွစ္က ၁၁ ႏွစ္အ႐ြယ္ ကေလးေတြ ႏွာေခါင္းစည္း တပ္သင့္ေပမဲ့လို႔ လူမႈေရးနဲ႔ ယဥ္ေက်းမႈဝန္းက်င္ အေျခအေနအရ ထိေရာက္မႈ ရွိမရွိ အခ်က္ကို ထည့္သြင္းစဥ္းစားရမယ္လို႔လည္း ဆိုပါတယ္။

အသက္ ၁၂ ႏွစ္နဲ႔ အထက္ကေလးေတြကိုေတာ့ ႏွာေခါင္းစည္း တပ္တဲ့အခါ လူႀကီးေတြ လိုက္နာရမယ့္ စည္းကမ္းေတြအတိုင္း လိုက္နာခိုင္းဖို႔ အႀကံျပဳထားပါတယ္။

ကေလးငယ္ေတြလည္း COVID-19 ကူးစက္ခံရႏိုင္ေပမဲ့ ပုံမွန္ ေရာဂါ လကၡဏာ အနည္းငယ္ ဒါမွမဟုတ္ ေရာဂါ လကၡဏာမျပဘဲ ေနေလ့ရွိပါတယ္။ ဒါေပမဲ့ သူတို႔တေတြဟာ တျခား ေရာဂါပိုးရွိတဲ့လူေတြလိုပဲ ေရာဂါပိုး သယ္ေဆာင္ ပ်ံ႕ႏွံ႔ႏိုင္သူေတြ ျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ ေဟာင္ေကာင္တကၠသိုလ္က သိပၸံပညာရွင္ေတြက COVID-19 ေပ်ာက္ကင္းသြားသူတစ္ဦး ေနာက္တစ္ႀကိမ္ ကူးစက္ခံရတဲ့ အေထာက္အထားကို ပထမဆုံး ေတြ႕ရွိခဲ့တယ္လို႔ ေျပာပါတယ္။ ေရာဂါ တႀကိမ္ကူးစက္ခံရၿပီး ေပ်ာက္ကင္းသြားရင္ ေရာဂါဒဏ္ကို ခံႏိုင္ရည္ရွိသြားၿပီလို႔ အရင္က အမ်ားက ယုံၾကည္ခဲ့ၾကတာပါ။

ဒါေပမဲ့ အသက္ ၃၃ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးမွာ အခု ေတြ႕ရတဲ့ ဗိုင္းရပ္စ္ ဗီဇမ်ိဳး႐ိုးက မတ္လတုန္းက သူ စပိန္ႏိုင္ငံမွာ ကူးစက္ခံရတဲ့ ဗိုင္းရပ္စ္ ဗီဇမ်ိဳး႐ိုးနဲ႔ မတူညီတာကို ေတြ႕ရွိရတယ္လို႔ ေဟာင္ေကာင္က ဆရာဝန္ေတြက ေျပာပါတယ္။ ဒါေၾကာင့္ COVID ေရာဂါ ေပ်ာက္ကင္းသြားသူေတြအေနနဲ႔လည္း ႀကိဳတင္ ကာကြယ္ေရး စည္းမ်ဥ္းစည္းကမ္းေတြ လိုက္နာဖို႔ မေပါ့ေလ်ာ့သင့္ဘူးလို႔ ေဟာင္ေကာင္က အဏုဇီဝပညာရွင္ Dr. Kelvin Kai-Wang To က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကလေးငယ်တွေ နှာခေါင်းစည်းတပ်ရေးဆိုင်ရာ အကြံပြုချက် WHO နဲ့ UNICEF ထုတ်ပြန်

ကျောင်းသား ကလေးငယ် သန်းပေါင်းများစွာ ကျောင်းပြန်တက်ဖို့ စိုင်းပြင်းနေချိန်မှာပဲ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ကလေးငယ်တွေ နှာခေါင်းစည်းတပ်ရေးနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ ထုတ်ပြန်လိုက်ပါတယ်။ WHO နဲ့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF တို့ ပူးပေါင်းပြီး ကလေးသူငယ်တွေအတွက် အသက်အရွယ်အလိုက် အကြံပြု ညွှန်ကြားချက်တွေကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပြီး အသက် ၆ နှစ်အောက် ကလေးငယ်တွေ နှာခေါင်းစည်း မတပ်သင့်ဘူးလို့ ညွှန်ကြားထားပါတယ်။

အထောက်အထား အနည်းငယ်အရ လူကြီးတွေနဲ့ နှိုင်းစာရင် ကလေးငယ်တွေကြား ကူးစက်မှုနှုန်း နည်းတယ်လို့ဆိုပေမဲ့ အသက်အရွယ်အလိုက် ကူးစက်မှုနှုန်း ကွာခြားချက်တွေ ရှိတာကိုလည်း ရရှိထားတဲ့ အချက်အလက်တွေအရ သိရတယ်လို့ WHO နဲ့ UNICEF အဖွဲ့တွေက ပြောပါတယ်။

ဒါကြောင့် အသက် ၆ နှစ်က ၁၁ နှစ်အရွယ် ကလေးတွေ နှာခေါင်းစည်း တပ်သင့်ပေမဲ့လို့ လူမှုရေးနဲ့ ယဉ်ကျေးမှုဝန်းကျင် အခြေအနေအရ ထိရောက်မှု ရှိမရှိ အချက်ကို ထည့်သွင်းစဉ်းစားရမယ်လို့လည်း ဆိုပါတယ်။

အသက် ၁၂ နှစ်နဲ့ အထက်ကလေးတွေကိုတော့ နှာခေါင်းစည်း တပ်တဲ့အခါ လူကြီးတွေ လိုက်နာရမယ့် စည်းကမ်းတွေအတိုင်း လိုက်နာခိုင်းဖို့ အကြံပြုထားပါတယ်။

ကလေးငယ်တွေလည်း COVID-19 ကူးစက်ခံရနိုင်ပေမဲ့ ပုံမှန် ရောဂါ လက္ခဏာ အနည်းငယ် ဒါမှမဟုတ် ရောဂါ လက္ခဏာမပြဘဲ နေလေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့တတွေဟာ တခြား ရောဂါပိုးရှိတဲ့လူတွေလိုပဲ ရောဂါပိုး သယ်ဆောင် ပျံ့နှံ့နိုင်သူတွေ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဟောင်ကောင်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက COVID-19 ပျောက်ကင်းသွားသူတစ်ဦး နောက်တစ်ကြိမ် ကူးစက်ခံရတဲ့ အထောက်အထားကို ပထမဆုံး တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ ရောဂါ တကြိမ်ကူးစက်ခံရပြီး ပျောက်ကင်းသွားရင် ရောဂါဒဏ်ကို ခံနိုင်ရည်ရှိသွားပြီလို့ အရင်က အများက ယုံကြည်ခဲ့ကြတာပါ။

ဒါပေမဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အခု တွေ့ရတဲ့ ဗိုင်းရပ်စ် ဗီဇမျိုးရိုးက မတ်လတုန်းက သူ စပိန်နိုင်ငံမှာ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ် ဗီဇမျိုးရိုးနဲ့ မတူညီတာကို တွေ့ရှိရတယ်လို့ ဟောင်ကောင်က ဆရာဝန်တွေက ပြောပါတယ်။ ဒါကြောင့် COVID ရောဂါ ပျောက်ကင်းသွားသူတွေအနေနဲ့လည်း ကြိုတင် ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ မပေါ့လျော့သင့်ဘူးလို့ ဟောင်ကောင်က အဏုဇီဝပညာရှင် Dr. Kelvin Kai-Wang To က ပြောပါတယ်။

XS
SM
MD
LG