သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ စတင်


ရီပတ်ဘလစ်ကန်ပါတီ ညီလာခံကျင်းပမယ့် မြောက်ကယ်ရိုလိုင်းနား Charlotte မြို့ရှိ ညီလာခံခန်းမအနီးမှ ဖြတ်သွားသူတဦး။ (သြဂုတ် ၂၂၊ ၂၀၂၀)
ရီပတ်ဘလစ်ကန်ပါတီ ညီလာခံကျင်းပမယ့် မြောက်ကယ်ရိုလိုင်းနား Charlotte မြို့ရှိ ညီလာခံခန်းမအနီးမှ ဖြတ်သွားသူတဦး။ (သြဂုတ် ၂၂၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ဒီသီတင်းပတ်အတွင်း ကျင်းပမယ့် ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံအတွက် ပါတီကိုယ်စားလှယ်တွေ တဖွဲဖွဲ ရောက်ရှိလာနေကြပါပြီ။ တက်ရောက်သူဦးရေ လျှော့ထားပြီး အွန်လိုင်းကနေလုပ်မယ့် ပါတီညီလာခံအတွက် နိုင်ငံတဝန်းက ရောက်ရှိလာကြတဲ့ ပါတီကိုယ်စားလှယ်တွေကတော့ သမ္မတ Donald Trump ကို ပါတီရဲ့ သမ္မတလောင်းအဖြစ် ပြန်လည်ရွေးချယ်ပြီး ဒုတိယသက်တမ်းကို အနိုင်ရရေးအတွက် စိတ်အားထက်သန်နေကြတယ်လို့ သူတို့နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် Carolyn Presutti က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

သမ္မတ Donald Trump လူထုစစ်တမ်းနဲ့ မဲဆွယ်ပွဲအလားအလာ
please wait

No media source currently available

0:00 0:04:16 0:00

ရီပတ်ဘလစ်ကန်ပါတီရဲ့ ဟာဝိုင်အီပြည်နယ် ကိုယ်စားလှယ် Shirlene Ostrov ကတော့ ကပ်ဘေးကာလအတွင်း ပထမဆုံး ပြည်နယ်ပြင်ပ ခရီးထွက်လာတာပါ။ ဒီမိုကရက်ကြီးစိုးတဲ့ ဟာဝိုင်အီမှာ COVID ဆိုင်ရာ စည်းမျဉ်းတွေ တင်းတင်းကျပ်ကျပ် ချမှတ်ထားတာပါ။

“စီးပွားရေးက ကျလာတယ်၊ ခရီးသွား ဝင်ရောက်မှု လုံး၀ မရှိတာ့ဘူး၊ စားသောက်ဆိုင်တွေလည်း ပိတ်ထားရပါတယ်။ ဒါက အမြော်အမြင်ရှိတဲ့လုပ်ရပ် မဟုတ်သလို ကြာကြာလည်း ခံမှာမဟုတ်ဘူးလို့ လူတွေက ပြောကြပါတယ်” လို့ ပြောသွားတာပါ။

အော်ရီဂွန်ပြည်နယ် Portland မြို့မှာ လူမည်းတွေအရေး ဆန္ဒပြတဲ့ Black Lives Matter လှုပ်ရှားမှုက သုံးလထဲကို ရောက်လာနေတဲ့ အခြေအနေကလည်း ရီပတ်ဘလစ်ကန်တွေ ရင်ဆိုင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ အော်ရီဂွန်ပြည်နယ် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ် Bill Currier ကတော့ ဒါတွေ အဆုံးသတ်နိုင်ရေး သမ္မတဘက်က ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

“ဆူပူမှုတွေ ငြိမ်သက်သွားအောင် ပြည်ထောင်စုအစိုးရဘက်က ကူညီဖို့ သမ္မတက ကမ်းလှမ်းခဲ့ပေမယ့်လည်း မြို့တော်ဝန်နဲ့ အုပ်ချုပ်ရေးမှူးက အရေးတယူ မလုပ်ခဲ့ပါဘူး။ ဒီအချက်ကို လူထုက သဘောမကျပါဘူး။ ရီပတ်ဘလစ်ကန် မဟုတ်သူတွေတောင် သဘောမတူပါဘူး” လို့ ပြောသွားတာပါ။

သမ္မတ Trump ရဲ့ လုပ်ဆောင်ချက်တွေက ကပ်ရောဂါဘေးရော လူမျိုးရေး ဆန္ဒပြမှုတွေကိုပါ ပိုဆိုးသွားစေတယ်ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒီမိုကရက်တွေက ပြောပါတယ်။ နိုင်ငံတွင်း သဘောထား စစ်တမ်းတွေမှာလည်း ဒီမိုကရက် သမ္မတလောင်း Joe Biden က ၉ မှတ်အသာနဲ့ ဦးဆောင်နေတာပါ။

ဒါပေမယ်လို့ ရီပတ်ဘလစ်ကန်တွေ ကြားမှာတော့ သမ္မတ Trump က လူကြိုက်များဆဲ ဖြစ်ပါတယ်။ အမေရိကန်တွေကြား သမ္မတ Trump ကို ထောက်ခံမှု ၄၂ ရာခိုင်နှုန်း ဆိုတာက အရင်တနှစ်ကနဲ့စာရင် တမှတ် ပိုများနေတာပါ။ Kansas ကိုယ်စားလှယ် Mike Kuckelman ကတော့ ဒီမိုကရက်ပါတီ ညီလာခံမှာ အကြောင်းအရာသစ် တခုမှ မကြားရဘူးလို့ ပြောပါတယ်။

“Biden ပြောတာ အများစုက သမ္မတကို တိုက်ခိုက်နေတာပါ။ သူ ရွေးကောက်ခံရရင် သူ့အစိုးရအနေနဲ့ သူ့အနေနဲ့ ဘာတွေလုပ်မယ် ဆိုတာကိုတော့ မပြောသွားပါဘူး” လို့ သူက ပြောဆိုခဲ့တာပါ။

မစ္စတာ Biden က သူနဲ့အတူ ရွေးကောက်ပွဲ ပြိုင်ဖို့အတွက် ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် Kamala Harris ကို ရွေးခဲ့ပြီး ဒါဟာဆိုရင် ပါတီကြီးတခုက ရွေးချယ်ခံရတဲ့ ပထမဆုံးသော လူမည်းအမျိုးသမီး၊ ပထမဆုံးသော အာရှအမျိုးသမီးတဦးဖြစ်ပြီး အမျိုးသမီး မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုရမယ့် နည်းလမ်းလို့ ရှုမြင်ကြပါတယ်။

ကောလိပ်ကျောင်းသူအရွယ် သမီး ၂ ယောက်ရဲ့မိခင် Ostrov ကတော့ ဒီအပေါ်မှာ သံသယရှိပါတယ်။

“သူကတော့ လူကိုကြည့်တဲ့ နိုင်ငံရေးသမား မဟုတ်ပါဘူး။ သူ့မိဘတွေလည်း ရွှေ့ပြောင်းအခြေချသူတွေ ဖြစ်တယ်၊ သူကတော့ စစ်မှုထမ်းခဲ့တယ်၊ အသားအရောင်ရှိတဲ့ အမျိုးသမီးတဦးလည်း ဖြစ်တယ်။ ဒါပေမယ့်လည်း သူ မဲပေး ရွေးချယ်တာမှာတော့ ဒါတွေက အရေးမကြီးပါဘူး” လို့ ပြောသွားတာပါ။

ရီပတ်ဘလစ်ကန်ပါတီ ညီလာခံအနီးမှာ ဒီမိုကရက်တွေကလည်း သူတို့ဘက်ကို စိတ်ပြောင်းလာအောင် မဲဆွယ်ကြပါတယ်။

ရီပတ်ဘလစ်ကန်ပါတီ အော်ရီဂွန် ကိုယ်စားလှယ် Michelle Honl ကတော့ “လုံး၀ စိတ်မပြောင်းပါဘူး။ သမ္မတ Trump ကိုပဲ ထောက်ခံပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက ထောက်ခံခဲ့တာဖြစ်ပြီး နိုင်ငံကို ဦးဆောင်ဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်လို့ ယုံကြည်ထားတဲ့အကြောင်းနဲ့ Joe Biden ကို ပြောင်းပြီး ထောက်ခံစရာ အကြောင်း မရှိပါဘူး” လို့ ပြောသွားတာပါ။

ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပမယ့် နေရာတဝိုက်မှာတော့ လုံခြုံရေး တင်းကျပ်ထားပါတယ်။ တနင်္လာနေ့ လူတွေ ကိုယ်တိုင်တက်ရောက်ကြမယ့် အခမ်းအနားမှာတော့ ပြည်နယ်နဲ့ နယ်မြေတခုစီအတွက် ကိုယ်စားလှယ် ၆ ဦးပဲ ခွင့်ပြုထားတာပါ။

ညီလာခံကတော့ ဒီမှာပဲ ပြီးသွားမှာ မဟုတ်ပါဘူး။ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတရွေးကောက်ပွဲ ဝင်ရေးအတွက် သမ္မတ Trump လက်ခံမယ့် ကြာသပတေးနေ့မှာတော့ ဒီ ညီလာခံကိုယ်စားလှယ် ၃၃၆ ဦးကို အိမ်ဖြူတော်ကို လာရောက်ဖို့ ဖိတ်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်
ရီပတ်ဗလစ်ကန်ပါတီ ညီလာခံ စတင်ပြင်ဆင်
please wait

No media source currently available

0:00 0:04:14 0:00

----------------------------

(Unicode)





ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၀ မဲဆွယ်ပုံစံပြောင်းလဲ
please wait

No media source currently available

0:00 0:03:18 0:00





“Biden ပွောတာ အမြားစုက သမ်မတကို တိုကျခိုကျနတောပါ။ သူ ရှေးကောကျခံရရငျ သူ့အစိုးရအနနေဲ့ သူ့အနနေဲ့ ဘာတှလေုပျမယျ ဆိုတာကိုတော့ မပွောသှားပါဘူး” လို့ သူက ပွောဆိုခဲ့တာပါ။







ညီလာခံကတော့ ဒီမှာပဲ ပွီးသှားမှာ မဟုတျပါဘူး။ ရီပတျဘလဈကနျပါတီ ကိုယျစားပွု သမ်မတရှေးကောကျပှဲ ဝငျရေးအတှကျ သမ်မတ Trump လကျခံမယ့ျ ကွာသပတေးနေ့မှာတော့ ဒီ ညီလာခံကိုယျစားလှယျ ၃၃၆ ဦးကို အိမျဖွူတောျကို လာရောကျဖို့ ဖိတျကွားထားပါတယျ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG