Joe Biden ကို လက်ဝဲအစွန်းရောက်အဖြစ် ညီလာခံမှာ Donald Trump စွပ်စွဲ
အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလီကင်ပါတီရဲ့သမ္မတလောင်း ရွေးတဲ့ ညီလာခံကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ရှားလော့မြို့မှာ တနင်္လာနေ့ကစပြီး ကျင်းပနေ တာမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဒုတိယသက်တမ်းအဖြစ် တညီတညွတ်တည်း အဆိုပြုခဲ့ကြပါတယ်။ တကယ်လို့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန်သာ အနိုင်ရခဲ့ရင် ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စီးပွါးကျဆင်းမှုဒဏ်ကို အလူးအလဲခံနေရချိန်မှာ ရှေ့လျှောက်အခုထက် ပိုဆိုးလာလိမ့်မယ်လို့ ညီလာခံ တက်ရောက်သူတွေက သတိပေးခဲ့ကြကြောင်း ဗွီအိုအေသတင်းထောက် Mike O’Sullivan ရဲ့သတင်းပေးပို့ချက်ကို ပြောပြပေးပါမယ်ရှင်။ ကျမ ခွါညိုပါ။
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၂၄ မေ၊ ၂၀၂၃
တစ်ပါတ်အတွင်းအားကစား
-
၂၃ မေ၊ ၂၀၂၃
မင်းသမီးမီရှဲလ်ယိုး Women in Motion ဆုရ
-
၂၃ မေ၊ ၂၀၂၃
ဗီယက်နမ်က Robusta ကော်ဖီများ