(Zawgyi/Unicode)
အေမရိကန္ ရီပတ္ပလီကန္ ပါတီရဲ႕ ႏုိင္ငံလံုး ဆိုင္ရာ ညီလာခံကို တနလာၤေန႔မွာ စတင္လိုက္ၿပီး သမၼတ Donald Trump ကို ဒုတိယ ေလးႏွစ္ သမၼတ သက္တမ္း အတြက္ ပါတီ ကိုယ္စားျပဳ ေရြးေကာက္ခံဖို႔ ထပ္မံ ေရြးခ်ယ္လိုက္ၿပီ ျဖစ္ပါတယ္။
ေျမာက္ကယ္ရိုလိုင္းနား ျပည္နယ္ Charlotte ၿမိဳ႕မွာ က်င္းပေနတဲ႔ ရီပတ္ပလီကန္ ပါတီ ညီလာခံမွာ သမၼတ Trump မိန္႔ခြန္းေျပာခဲ႔ပါတယ္။
“ႏုိင္ငံ သမိုင္းမွာ အေရးအႀကီးဆံုး ေရြးေကာက္ပြဲ” ျဖစ္ေၾကာင္း သမၼတ Trump က ပါတီ ကိုယ္စားလွယ္ေတြကို ေျပာခဲ႔တာပါ။ အခု ေရြးေကာက္ပြဲမွာ စာတိုက္ကေန စာေပးပို႔ မဲထည့္မႈနဲ႔ ေရြးေကာက္ပြဲကို အႀကံအဖန္ လုပ္ဖို႔ ဒီမိုကရက္ေတြ ႀကံစည္ေနတယ္လို႔လည္း သမၼတက စြပ္စြဲပါတယ္။
ရီပတ္ပလီကန္ ပါတီ ႏုိင္ငံလံုးဆိုင္ရာ ညီလာခံမွာ သမၼတ Trump အေနနဲ႔ ၄ ရက္ ဆက္တိုက္ ဒီမိုကရက္ သမၼတေလာင္း Joe Biden ကို ထိုးႏွက္ေ၀ဖန္ဖို႔လည္း ရွိေနပါတယ္။ ၿပီးခဲ႔တဲ႔ သီတင္းပတ္က က်င္းပခဲ႔တဲ႔ ဒီမိုကရက္ ပါတီ ႏုိင္ငံလံုး ဆိုင္ရာ ညီလာခံကေတာ့ ကိုရိုနာ ကပ္ေဘးေၾကာင့္ လူစုလူေ၀းလုပ္တာကို ေရွာင္ရွားၿပီး ပါတီ သမၼတေလာင္း ေရြးခ်ယ္မႈကို အြန္လိုင္းကေန က်င္းပခဲ႔ၾကတာပါ။
ရီပတ္ပလီကန္ ပါတီကေတာ့ တမ်ိဳးတဖံု စီစဥ္ထားပါတယ္။ ေျမာက္ကယ္ရိုလိုင္းနား ျပည္နယ္ Charlotte ၿမိဳ႕က တနလာၤေန႔ ညီလာခံမွာ သမၼတ Trump တက္ေရာက္ပါတယ္။ အဂၤါေန႔ ကေန ၾကာသပေတးေန႔ အထိ ကေတာ့ အခမ္းအနား အမ်ားစုကို ၿမိဳ႕ေတာ္ ၀ါရွင္တန္မွာ ျပဳလုပ္မွာ ျဖစ္ပါတယ္။
ပါတီ ညီလာခံ ေနာက္ဆံုး ညမွာေတာ့ အိမ္ျဖဴေတာ္ ေတာင္ဘက္ ျမက္ခင္းျပင္မွာ သမၼတ Trump က ပါတီ သမၼတေလာင္း အျဖစ္ လက္ခံတဲ႔ မိန္႔ခြန္း ေျပာဖို႔ စီစဥ္ထားပါတယ္။
............
သမ္မတ Trump ကို ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းအဖြစ် တရားဝင်ရွေးချယ်
(Unicode)
အမေရိကန် ရီပတ်ပလီကန် ပါတီရဲ့ နိုင်ငံလုံး ဆိုင်ရာ ညီလာခံကို တနလာၤနေ့မှာ စတင်လိုက်ပြီး သမ္မတ Donald Trump ကို ဒုတိယ လေးနှစ် သမ္မတ သက်တမ်း အတွက် ပါတီ ကိုယ်စားပြု ရွေးကောက်ခံဖို့ ထပ်မံ ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။
မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Charlotte မြို့မှာ ကျင်းပနေတဲ့ ရီပတ်ပလီကန် ပါတီ ညီလာခံမှာ သမ္မတ Trump မိန့်ခွန်းပြောခဲ့ပါတယ်။
“နိုင်ငံ သမိုင်းမှာ အရေးအကြီးဆုံး ရွေးကောက်ပွဲ” ဖြစ်ကြောင်း သမ္မတ Trump က ပါတီ ကိုယ်စားလှယ်တွေကို ပြောခဲ့တာပါ။ အခု ရွေးကောက်ပွဲမှာ စာတိုက်ကနေ စာပေးပို့ မဲထည့်မှုနဲ့ ရွေးကောက်ပွဲကို အကြံအဖန် လုပ်ဖို့ ဒီမိုကရက်တွေ ကြံစည်နေတယ်လို့လည်း သမ္မတက စွပ်စွဲပါတယ်။
ရီပတ်ပလီကန် ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ သမ္မတ Trump အနေနဲ့ ၄ ရက် ဆက်တိုက် ဒီမိုကရက် သမ္မတလောင်း Joe Biden ကို ထိုးနှက်ဝေဖန်ဖို့လည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ဒီမိုကရက် ပါတီ နိုင်ငံလုံး ဆိုင်ရာ ညီလာခံကတော့ ကိုရိုနာ ကပ်ဘေးကြောင့် လူစုလူဝေးလုပ်တာကို ရှောင်ရှားပြီး ပါတီ သမ္မတလောင်း ရွေးချယ်မှုကို အွန်လိုင်းကနေ ကျင်းပခဲ့ကြတာပါ။
ရီပတ်ပလီကန် ပါတီကတော့ တမျိုးတဖုံ စီစဉ်ထားပါတယ်။ မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Charlotte မြို့က တနလာၤနေ့ ညီလာခံမှာ သမ္မတ Trump တက်ရောက်ပါတယ်။ အင်္ဂါနေ့ ကနေ ကြာသပတေးနေ့ အထိ ကတော့ အခမ်းအနား အများစုကို မြို့တော် ဝါရှင်တန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ပါတီ ညီလာခံ နောက်ဆုံး ညမှာတော့ အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်မှာ သမ္မတ Trump က ပါတီ သမ္မတလောင်း အဖြစ် လက်ခံတဲ့ မိန့်ခွန်း ပြောဖို့ စီစဉ်ထားပါတယ်။