သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ရဲ့အကြံပေးဟောင်း Steve Bannon ငွေလိမ်မှုနဲ့ ဖမ်းခံရ


သမ္မတ Trump ရဲ့အကြံပေးဟောင်း Steve Bannon
သမ္မတ Trump ရဲ့အကြံပေးဟောင်း Steve Bannon

(Zawgyi/Unicode)

အမေရိကန်နဲ့ မက်ဆီကိုနယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် အွန်လိုင်းကနေ ရန်ပုံငွေရှာတဲ့ လှုပ်ရှားမှုမှာ ပါဝင်သူတွေ ဖြစ်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြီးတန်းအကြံပေးဟောင်း ဖြစ်တဲ့ Steve Bannon နဲ့ နောက် ၃ ဦးကို သိန်းနဲ့ချီတဲ့ အလှူငွေ လိမ်လည်တောင်းခံမှုနဲ့ ကြာသပတေးနေ့မှာ တရားစွဲပြီး ဖမ်းဆီးလိုက်ကြောင်း တရားရေးဌာနက ကြေညာပါတယ်။

Bannon ဟာ သမ္မတထရမ့်ရဲ့ ၂၀၁၆ မဲဆွယ်အဖွဲ့မှာ CEO အဖြစ်တာဝန်ယူခဲ့သူ ဖြစ်ပြီး သူဟာနောက်ပိုင်းမှာ သမ္မတရဲ့ ထိပ်တန်းအကြံပေးဖြစ်လာခဲ့သူပါ။ သူနဲ့အတူ Brian Kolfage, Andrew Badolato နဲ့ Timothy Shea တို့ဟာ ထရမ့်အစိုးရအဖွဲ့ ရဲ့ အမေရိကန်- မက်ဆီကို နယ်စပ်တလျှောက် မိုင် ၂၀၀၀ လောက်ရှည်တဲ့ တံတိုင်း တည်ဆောင်ရေးမှာ အစိတ်အပိုင်းတခု အနေနဲ့ ပါဝင်နိုင်ဖို့ ပုဂ္ဂလိက ရန်ပုံငွေရှာတဲ့ တံတိုင်းတည်ဆောက်ရာမှာ ပါဝင်မယ့် “We Build the Wall” လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကနေ အမေရိကန် ဒေါ်လာ ၂၅ သန်းကျော် ရန်ပုံငွေ ရှာနိုင်ခဲ့ပေမယ့် ဒီ ၄ ဦးဟာ သိန်းနဲ့ ချီတဲ့ အလှူငွေတွေကို ကိုယ်ရေးကိစ္စတွေအတွက် သုံးစွဲခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Bannon ရဲ့ ရှေ့နေ William Burck ကို မေးမြန်းခဲ့ပေမယ့် တစုံတရာ မှတ်ချက်ပေး ပြောကြားတာ မရှိသေးသလို ကျန် ၃ ဦးရဲ့ ရှေ့နေတွေ ဆီကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။

သမ္မတ ထရမ့်ကတော့ သူ့ရဲ့ နယ်စပ်တံတိုင်း တစိတ်တပိုင်း အတွက် ပုဂ္ဂလိက ရန်ပုံငွေနဲ့ တည်ဆောက်ဖို့လုပ်တဲ့ လုပ်ရပ်ကို မနှစ်သက်ကြောင်းနဲ့ ဒါဟာ အစိုးရလုပ်ရမယ့်အလုပ် ဖြစ်ပြီး ပုဂ္ဂလိကအတွက် မဟုတ်ကြောင်း သမ္မတအိမ်ဖြူမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် Bannon အခုလို အဖမ်းခံရတာဟာ သိပ်စိတ်မကောင်းစရာဖြစ်ပြီး အံ့သြရကြောင်းနဲ့ ရံပုံငွေကောက်ခံတဲ့ လှုပ်ရှားမှုမှာ ပါတဲ့ တခြားလူတွေ အကြောင်းတော့ သူမသိကြောင်း ပြောပါတယ်။

လေတပ်စစ်မှုထမ်းဟောင်း တဦးဖြစ်တဲ့ Kolfage က လူထုအနေနဲ့ တံတိုင်းတည်ဆောက်မယ် - We the People Build the Wall လို့ နံမယ်ပေးထားတဲ့ ရံပုံငွေ ရှာတဲ့ လှုပ်ရှားမှုကို ၂၀၁၈ ဒီဇင်ဘာမှာ စတင်ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က သမ္မတထရမ့်မှာ မဲဆွယ်စဉ်က သူ ကတိပေးထားတဲ့ အတိုင်း နယ်စပ်တံတိုင်းတည်ဆောက်ဖို့အတွက် ငွေ ရအောင် မလုပ်နိုင်သေးချိန်လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)








XS
SM
MD
LG