သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအရေး စုံစမ်းမှု အစီရင်ခံစာအပြည့်အစုံရဖို့ အောက်လွှတ်တော် ကော်မတီမဲခွဲမည်


အမေရိကန် သမ္မတ Donald Trump (မတ်၊ ၀၈၊ ၂၀၁၉)
အမေရိကန် သမ္မတ Donald Trump (မတ်၊ ၀၈၊ ၂၀၁၉)

၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုတွေနဲ့ ပတ်သက်လို့ အထူး စုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာ အပြည့်အစုံကို တင်ပြဖို့ တောင်းဆိုမယ့် အစီအစဉ် တရပ်ကို အောက်လွှတ်တော် တရားရေး ကော်မတီမှာ ဒီကနေ့ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အိမ်ဖြူတော် နိုင်ငံရေးအကြံပေး ပုဂ္ဂိုလ်ဟောင်း Steve Bannon ဥပဒေအကျိုးဆောင် Donald McGahn တို့ အပါအဝင် အထူးစုံစမ်းရေးမှူး စစ်ဆေးမေးမြန်းခဲ့တဲ့ သမ္မတ Donald Trump ရဲ့ လက်ထောက် အရာရှိဟောင်း ၅ ယောက်ကိုပါ ဆင့်ခေါ်မေးမြန်းမယ့် အစီအစဉ်ကိုတော့ ဒီမိုကရက်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ မဲခွဲကြမှာပါ။

အထူး စုံစမ်းစစ်ဆေးရေးမှူးရဲ့ အစီရင်ခံစာကို အပြည့်အစုံ ထုတ်ပြန်သင့်၊ မသင့် ဆုံးဖြတ်ဖို့ ရှေ့နေချုပ် William Barr ကို သမ္မတ Trump က တာဝန်ပေးထားပါတယ်။ အစိုးရအပေါ် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွေကို ကြည့်ရှုခွင့် ရဖို့ လွှတ်တော်ရေးရာ ကော်မတီတွေက တောင်းခံနေရပေမဲ့ သမ္မတ Trump ကတော့ အထူးလုပ်ပိုင်ခွင့်အရ ကြည့်ရှုခွင့် ရှိပါတယ်။

ဒီအတွက်လည်း လွှတ်တော်တွင်းက အတိုက်အခံ ဒီမိုကရက်တွေနဲ့ သမ္မတ အိမ်ဖြူတော်ကြား အချေအတင် ဖြစ်စရာတွေ ကြုံနေရပြီး၊ နောက်ဆုံး တရားရုံးချုပ်က ဆုံးဖြတ်ရမယ့် အလားအလာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG