(Zawgyi/Unicode)
အမေရိကန် ဒီမိုကရက် ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တနလာၤနေ့မှာ စတင်ပါပြီ။ လာမယ့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ Donald Trump ကို အနိုင်ရရေး အတွက် ဒုတိယ သမ္မတဟောင်း Joe Biden ကို ကူညီပံ့ပိုးကြမယ်ဆိုတဲ့ တခုတည်းသော ရည်မှန်းချက်နဲ့ နိုင်ငံတဝန်းက ကိုယ်စားလှယ်တွေ၊ စည်းရုံးဟောပြောသူတွေနဲ့ လေးရက်ကြာ ကျင်းပမယ့် ဒီမိုကရက် ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို အွန်လိုင်းကနေ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီမိုကရက် သမ္မတလောင်း အသက် ၇၇ နှစ် အရွယ် မစ္စတာ Biden နဲ့ သူနဲ့ အတူ ဒုတိယ သမ္မတလောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ရွေးကောက်ခံမယ့် ကယ်လီဖိုးနီးယား အထက်လွှတ်တော် အမတ် Kamala Harris တို့ကို ပါတီ ညီလာခံမှာ ချီးကျူး ဂုဏ်တင် ဟောပြောဖို့ စီစဉ်ထားသူတွေထဲမှာ ဒီမိုကရက် သမ္မတဟောင်းတွေ ဖြစ်တဲ့ Barack Obama ၊ Bill Clinton နဲ့ ၂၀၁၆ ဒီမိုကရက် သမ္မတလောင်း ဖြစ်ခဲ့တဲ့ Hillary Clinton တို့လည်း ပါဝင်ပါတယ်။
ဒီမိုကရက် ပါတီရဲ့ ဒုတိယ သမ္မတလောင်း အဖြစ် အထက်လွှတ်တော် အမတ် Kamala Harris ကို ရွေးချယ်မှုဟာဆိုရင်တော့ အမေရိကန်မှာ ပါတီကြီး တရပ်က ဒုတိယ သမ္မတလောင်း ဝင်ရွေးဖို့ ရွေးချယ်ခံရတဲ့ ပထမဆုံးသော လူမည်း အမျိုးသမီး၊ နောက် ပထမဆုံးသော တောင်အာရှ အမေရိကန် တဦးလည်း ဖြစ်ပါတယ်။ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း အဖြစ် ကြာသပတေးနေ့ညမှာ မစ္စတာ Biden လက်ခံမှာ ဖြစ်ပါတယ်။
..............
(Unicode)