သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အထက္လႊတ္ေတာ္အမတ္ Kamala Harris ကုိ ဒုသမၼတေလာင္းအျဖစ္ Joe Biden ေရြးခ်ယ္


ဂ်ိဳးဘိုင္ဒင္ ႏွင့္ အထက္လႊတ္ေတာ္ အမတ္ Kamala Harris

(Zawgyi/Unicode)

လာမယ့္ ႏိုဝင္ဘာ သမၼတေရြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ပါတီ ဒုသမၼတေလာင္း အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရႏုိင္ဖြယ္ရွိတဲ့ ဂ်ိဳးဘိုင္ဒင္က ကယ္လီဖိုးနီးယား ျပည္နယ္ အထက္လႊတ္ေတာ္ အမတ္ Kamala Harris ကို သူနဲ႔လက္တြဲမယ့္ ဒုသမၼတေလာင္း အျဖစ္ ေရြးခ်ယ္လိုက္ပါတယ္။

တကယ္လို႔ သူသာ အေရြးခံရမယ္ ဆိုရင္ အသက္ ၅၅ ႏွစ္ ရွိၿပီျဖစ္တဲ့ Kamala Harris ဟာ အေမရိကန္ သမိုင္းမွာ ပထမဆံုး လူမည္းနဲ႔ အာရွႏြယ္ဖြြား အမ်ိဳးသမီး တဦး ဒုသမၼတ ျဖစ္လာမွာပါ။

ေရွ႕ေနတဦးျဖစ္တဲ့ Kamala Harris ဟာ ကယ္လီဖိုးနီးယားျပည္နယ္ Oaklandဌာေနသူ ျဖစ္ၿပီး ဂ်ေမကာ နဲ႔ အိႏၵိယႏိုင္ငံက ေရႊ႕ေျပာင္းအေျခခ်လာသူတို႔ရဲ့ သမီး ျဖစ္ပါတယ္။ကယ္လီဖိုးနီးယား ျပည္နယ္ ေရွ႕ေနခ်ဳပ္ အျဖစ္တာဝန္ထမ္းေဆာင္ေနရာကေန ၂၀၁၇ ခုႏွစ္ကစၿပီး ကယ္လီဖိုးနီးယား ျပည္နယ္ အထက္လႊတ္ေတာ္ အမတ္အျဖစ္ အေရြးခ်ယ္ခံခဲ့ရပါတယ္။ သူဟာ အေမရိကန္ အထက္လႊတ္ေတာ္က တဦးတည္းေသာ လူျဖဴမဟုတ္တဲ့ အမ်ိဳးသမီးလည္း ျဖစ္ပါတယ္။

ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္ဟာ ေရွ႕သီတင္းပတ္ထဲမွာ ဒီမိုကရက္တစ္ပါတီရဲ့ သမၼတေလာင္း အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖုိ႔ အမည္တင္သြင္းတာကို လက္ခံဖုိ႔ ရွိပါတယ္။ ၄ ညတာ က်င္းပမယ့္ ဒီမုိကရက္တစ္ပါတီရဲ့ ေထာက္ခံပြဲကို တနလၤာေန႔ကစတင္မွာ ျဖစ္ၿပီး ၾသဂုတ္လ ၂၀ ၾကာသပေတးေန႔မွာေတာ့ ဂ်ိဳးဘိုင္ဒင္က အမည္တင္သြင္းတာကို လက္ခံတဲ့ မိန္႔ခြန္းကို သူ႔ဌာေန Delaware ျပည္နယ္ကေန အြန္လိုင္းကတဆင့္ ေျပာၾကားမွာ ျဖစ္ပါတယ္။

ဒီမိုကရက္ပါတီက က်င္းပတဲ့ ေထာက္ခံပြဲကို တႏိုင္ငံလံုး အတိုင္းအတာနဲ႔ပါဝင္ ႏိုင္တဲ့ ကြန္ျပဴတာ အြန္လိုင္းကေန က်င္းပမွာ ျဖစ္ၿပီး ဒါဟာ အေမရိကန္ သမိုင္းမွာ ပထမဆံုး အြန္လိုင္းကေန က်င္းပတဲ့ ပြဲလည္း ျဖစ္ပါတယ္။

ဒီပြဲကို ဒီမိုကရက္တစ္ပါတီက သမၼတေဟာင္း ဘားရက္အိုဘားမား၊ ၂၀၁၆ အေမရိကန္သမၼတေလာင္း အျဖစ္ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ ဟီလာရီကလင္တန္ တို႔လည္း ပါဝင္တက္ေရာက္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္



..............

အထက်လွှတ်တော်အမတ် Kamala Harris ကို ဒုသမ္မတလောင်းအဖြစ် Joe Biden ရွေးချယ်
(Unicode)

လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရနိုင်ဖွယ်ရှိတဲ့ ဂျိုးဘိုင်ဒင်က ကယ်လီဖိုးနီးယား ပြည်နယ် အထက်လွှတ်တော် အမတ် Kamala Harris ကို သူနဲ့လက်တွဲမယ့် ဒုသမ္မတလောင်း အဖြစ် ရွေးချယ်လိုက်ပါတယ်။

တကယ်လို့ သူသာ အရွေးခံရမယ် ဆိုရင် အသက် ၅၅ နှစ် ရှိပြီဖြစ်တဲ့ Kamala Harris ဟာ အမေရိကန် သမိုင်းမှာ ပထမဆုံး လူမည်းနဲ့ အာရှနွယ်ဖွား အမျိုးသမီး တဦး ဒုသမ္မတ ဖြစ်လာမှာပါ

ရှေ့နေတဦးဖြစ်တဲ့ Kamala Harris ဟာ ကယ်လီဖိုးနီးယားပြည်နယ် Oaklandဌာနေသူ ဖြစ်ပြီး ဂျမေကာ နဲ့ အိန္ဒိယနိုင်ငံက ရွှေ့ပြောင်းအခြေချလာသူတို့ရဲ့ သမီး ဖြစ်ပါတယ်။ကယ်လီဖိုးနီးယား ပြည်နယ် ရှေ့နေချုပ် အဖြစ်တာဝန်ထမ်းဆောင်နေရာကနေ ၂၀၁၇ ခုနှစ်ကစပြီး ကယ်လီဖိုးနီးယား ပြည်နယ် အထက်လွှတ်တော် အမတ်အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။ သူဟာ အမေရိကန် အထက်လွှတ်တော်က တဦးတည်းသော လူဖြူမဟုတ်တဲ့ အမျိုးသမီးလည်း ဖြစ်ပါတယ်။

ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ဟာ ရှေ့သီတင်းပတ်ထဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်တင်သွင်းတာကို လက်ခံဖို့ ရှိပါတယ်။ ၄ ညတာ ကျင်းပမယ့် ဒီမိုကရက်တစ်ပါတီရဲ့ ထောက်ခံပွဲကို တနင်္လာနေ့ကစတင်မှာ ဖြစ်ပြီး သြဂုတ်လ ၂၀ ကြာသပတေးနေ့မှာတော့ ဂျိုးဘိုင်ဒင်က အမည်တင်သွင်းတာကို လက်ခံတဲ့ မိန့်ခွန်းကို သူ့ဌာနေ Delaware ပြည်နယ်ကနေ အွန်လိုင်းကတဆင့် ပြောကြားမှာ ဖြစ်ပါတယ်။

ဒီမိုကရက်ပါတီက ကျင်းပတဲ့ ထောက်ခံပွဲကို တနိုင်ငံလုံး အတိုင်းအတာနဲ့ပါဝင် နိုင်တဲ့ ကွန်ပြူတာ အွန်လိုင်းကနေ ကျင်းပမှာ ဖြစ်ပြီး ဒါဟာ အမေရိကန် သမိုင်းမှာ ပထမဆုံး အွန်လိုင်းကနေ ကျင်းပတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ဒီပွဲကို ဒီမိုကရက်တစ်ပါတီက သမ္မတဟောင်း ဘားရက်အိုဘားမား၊ ၂၀၁၆ အမေရိကန်သမ္မတလောင်း အဖြစ်ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဟီလာရီကလင်တန် တို့လည်း ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG