သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ရွေးကောက်ပွဲကို နိုင်ငံခြားတိုင်းပြည်တွေ ဝင်စွက်ဖက်မှာ စိုးရိမ်ကြောင်း ထောက်လှမ်းရေးအကြီးအကဲပြော

(Zawgyi/Unicode)

၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲကို တရုတ်၊ ရုရှားနဲ့ အီရန်တို့က ကြားဝင်နှောက်ယှက်မှာကို စိုးရိမ်ကြောင်း အမေရိကန်ထောက်လှမ်းရေး အကြီးအကဲက သောကြာနေ့မှာ ပြောပါတယ်။

ဒီရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့် ပြန်အရွေးမခံရဖို့ တရုတ်က မေ ျှာ်လင့်နေသလို ရုရှားကလည်း ဒီမိုကရက်တစ်ပါတီက Joe Biden သိက္ခာကျအောင် လုပ်နေပြီး အီရန်ကတော့ ဒီမိုကရေစီ အဖွဲ့အစည်းတွေ အားလျော့အောင် ကြိုးစားနေတယ်လို့ တန်ပြန်ထောက်လှမ်းရေးဆိုင်ရာ NCSC (National Counterintelligence Security Center) အဖွဲ့ ဒါရိုက်တာ Bill Evanina က ပြောပါတယ်။

နိုဝင်ဘာ မှာ ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ခြိမ်းခြောက်မှုတွေ နဲ့ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေး အဖွဲ့တွေရဲ့ အကဲဖြတ်ချက်တွေကို ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တရုတ်က သမ္မတထရမ့်ကို ခန့်မှန်းရခက်သူဖြစ်အဖြစ် ရှုမြင်ပြီး သူနောက်တချီ ပြန်အရွေးခံရတာကို မမြင်ချင်သလို အမေရိကန်ရွေးကောက်ပွဲ မတိုင်ခင် တရုတ်က အမေရိကန်အစိုးရမူဝါဒကို ပုံသွင်းဖို့ ကြိုးစားမှုတွေနဲ့ သူတို့ကို ဆန့်ကျင်မယ့် အမေရိကန် နိုင်ငံရေးခေါင်းဆောင်တွေကို ဖိအားပေးတာ တွေ တိုးလုပ်ဖို့ ကြိုးစား နေတယ်လို့လည်း Evanina က ပြောပါတယ်။

ရုရှားကတော့ ဂျိုးဘိုင်ဒင်ဟာ သူ့ကိုထောက်ခံသူတွေကြား ရုရှားဆန့်ကျင်သူအဖြစ် ပြနိုင်အောင် လုပ်နေတယ်လို့ ရှုမြင်နေပြီး ဘိုင်ဒင်သိက္ခာကျအောင် ကြိုးစားနေတယ်လို့ အမေရိကန်ထောက်လှမ်းရေးတွေက သုံးသပ်ကြောင်းလည်း ပြောပါတယ်။ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဘိုင်ဒင်ရဲ့ ယူကရိန်းမူဝါဒဆိုင်ရာ ပါဝင်လုပ်ဆောင်ခဲ့တာတွေနဲ့ ရုရှားနိုင်ငံထဲ သမ္မတ Vladimir Putin ဆန့်ကျင်သူတွေကို ထောက်ခံ ပံ့ပိုးတာတွေ အတွက် ရုရှားအစိုးရရဲ့ ဘိုင်ဒင်အပေါ် ဝေဖန်မှုတွေကိုပါ ထောက်ပြခဲ့တာပါ။

အီရန်နိုင်ငံကလည်း အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေကိုရော သမ္မတ ထရမ့်ကိုပါ အားလျော့အောင်ကြိုးစားနေပြီး ရွေးကောက်ပွဲမတိုင်ခင် အမေရိကန် နိုင်ငံမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်အောင် လုပ်နေတယ်လို့ ထောက်လှမ်းရေးအဖွဲ့တွေက သုံးသပ်ထား သလို အွန်လိုင်းကနေ မမှန်သတင်းတွေဖြန့်ချိဖို့ ဦးစားပေး ကြိုးစားနိုင်ခြေရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


......................

(Unicode)







This item is part of
XS
SM
MD
LG