သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

TikTok နဲ႔ WeChat အေမရိကန္မွာမသံုးဖုိ႔ သမၼတထရမ့္ပ္ တားျမစ္မိန္႔ထုတ္


တရုတ္နည္းပညာကုမၸဏီက ထုတ္လုပ္တဲ့ WeChat Application။

[Zawgyi/Unicode]

အေမရိကန္သမၼတ Donald Trump
အေမရိကန္သမၼတ Donald Trump

တရုတ္နည္းပညာကုမၸဏီ ႏွစ္ခုက ထုတ္လုပ္ထားတဲ့ Application ႏွစ္ ခုကို အေမရိကန္ျပည္ေထာင္စုမွာ မသုံးဖို႔ သမၼတ Donald Trump က တားျမစ္မိန္႔ထုတ္ျပန္လိုက္ပါတယ္။ တ႐ုတ္နည္းပညာကုမၸဏီ ByteDance က ထုတ္လုပ္ထားတဲ့ TikTok app၊ Tencent ကုမၸဏီပိုင္ WeChat app ေတြနဲ႔ အေမရိကန္ကုမၸဏီေတြ တြဲမလုပ္ဖို႔ ၾကာသပေတးေန႔မွာ အမိန္႔ထုတ္ျပန္လိုက္တာပါ။

ဒီအမိန္႔က ၄၅ ရက္အတြင္း စတင္အသက္၀င္မွာျဖစ္ပါတယ္။ သမၼတ Trump မွာ အဲဒီလိုတားျမစ္ႏုိင္တဲ့အခြင့္အာဏာ ရွိရဲ ႔လားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးဘူးလို႔ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

TikTok နဲ႔ WeChat application ေတြ အသုံးျပဳျခင္းအားျဖင့္ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြေပါက္ၾကားႏုိင္ေျခရွိတဲ့အေပၚသမၼတ Trump အစိုးရအဖြဲ႔နဲ႔ အေမရိကန္လႊတ္ေတာ္အမတ္ေတြ စိုးရိမ္မႈရွိေနတဲ့အခ်ိန္မွာပဲ သမၼတအမိန္႔ထုတ္ျပန္လိုက္တာပါ။ ဒါေပမဲ့လည္း ပုဂၢိဳလ္ေရးအခ်က္အလက္ေပါက္ၾကားမႈ ရွိမရွိဆိုတဲ့ သက္ေသအေထာက္အထားမ်ိဳးေတြေတာ့ မရွိပါဘူး။

တရုတ္ကုမၸဏီ ႏွစ္ခုစလံုးကေတာ့ သုံးစြဲသူေတြရဲ ႔ ကုိယ္ေရးအခ်က္အလက္ေတြကို တရုတ္အစိုးရဆီေပးအပ္တာမ်ိဳး မရွိဘူးလို႔ ေျပာပါတယ္။ ဒီလုပ္ရပ္အေပၚ တရုတ္ဘက္က အလားတူ တုံ႔ျပန္ေဆာင္ရြက္နုိင္တယ္လို႔လည္း ကၽြမ္းက်င္သူေတြခန္႔မွန္းေနပါတယ္။

အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး Mike Pompeo ကလည္း လုံၿခဳံေရးေၾကာင့္ တရုတ္application ေတြကို အေမရိကန္ App စတုိးဆုိင္ေတြမွာ ေရာင္းခ်ခြင့္မျပဳဘူးလို႔ ဗုဒၶဟူးေန႔မွာေျပာဆိုခဲ့တာပါ။ လူႀကိဳက္မ်ားတဲ့ TikTok နဲ႔ WeChat application သုံးစြဲသူ ကမၻာတ၀န္း သန္းခ်ီရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

TikTok နဲ့ WeChat အမေရိကန်မှာမသုံးဖို့ သမ္မတထရမ့်ပ် တားမြစ်မိန့်ထုတ်

တရုတ်နည်းပညာကုမ္ပဏီ နှစ်ခုကထုတ်လုပ်ထားတဲ့ Application နှစ် ခုကို အမေရိကန်ပြည်ထောင်စုမှာ မသုံးဖို့ သမ္မတ Donald Trump က တားမြစ်မိန့်ထုတ်ပြန်လိုက်ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီ ByteDance က ထုတ်လုပ်ထားတဲ့ TikTok app၊ Tencent ကုမ္ပဏီပိုင် WeChat app တွေနဲ့ အမေရိကန်ကုမ္ပဏီတွေ တွဲမလုပ်ဖို့ ကြာသပတေးနေ့မှာ အမိန့်ထုတ်ပြန်လိုက်တာပါ။

ဒီအမိန့်က ၄၅ ရက်အတွင်း စတင်အသက်ဝင်မှာဖြစ်ပါတယ်။ သမ္မတ Trump မှာ အဲဒီလိုတားမြစ်နိုင်တဲ့အခွင့်အာဏာ ရှိရဲ့လားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

TikTok နဲ့ WeChat application တွေ အသုံးပြုခြင်းအားဖြင့် ပုဂ္ဂိုလ်ရေးအချက်အလက်တွေပေါက်ကြားနိုင်ခြေရှိတဲ့အပေါ်သမ္မတ Trump အစိုးရအဖွဲ့နဲ့ အမေရိကန်လွှတ်တော်အမတ်တွေ စိုးရိမ်မှုရှိနေတဲ့အချိန်မှာပဲ သမ္မတအမိန့်ထုတ်ပြန်လိုက်တာပါ။ ဒါပေမဲ့လည်း ပုဂ္ဂိုလ်ရေးအချက်အလက်ပေါက်ကြားမှု ရှိမရှိဆိုတဲ့ သက်သေအထောက်အထားမျိုးတွေတော့ မရှိပါဘူး။

တရုတ်ကုမ္ပဏီ နှစ်ခုစလုံးကတော့ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တရုတ်အစိုးရဆီပေးအပ်တာမျိုး မရှိဘူးလို့ ပြောပါတယ်။ ဒီလုပ်ရပ်အပေါ် တရုတ်ဘက်က အလားတူ တုံ့ပြန်ဆောင်ရွက်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေခန့်မှန်းနေပါတယ်။

အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး Mike Pompeo
အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး Mike Pompeo

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း လုံခြုံရေးကြောင့် တရုတ်application တွေကို အမေရိကန် App စတိုးဆိုင်တွေမှာ ရောင်းချခွင့်မပြုဘူးလို့ ဗုဒ္ဓဟူးနေ့မှာပြောဆိုခဲ့တာပါ။ လူကြိုက်များတဲ့ TikTok နဲ့ WeChat application သုံးစွဲသူ ကမ္ဘာတဝန်း သန်းချီရှိပါတယ်။

XS
SM
MD
LG