သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ အေမရိကန္သမၼတ ေရြးေကာက္ပြဲ ဘယ္သူႏုိင္မလဲ


အေမရိကန္သမၼတ Donald Trump (ယာ) နဲ႔ ဒီမုိကရက္ပါတီ သမၼတေလာင္း ျဖစ္လာႏုိင္တဲ့ Joe Biden.

(Zawgyi / Unicode)

လာမယ့္ အေမရိကန္သမၼတ ေရြးေကာက္ပြဲမွာ ဘယ္သူ အႏိုင္ရဖြယ္ရွိပါသလဲ။ လာမယ့္ ႏုိဝင္ဘာမွာက်င္းပမယ့္ အေမရိကန္သမၼတ ေရြးေကာက္ပြဲအႀကဳိ လူထုသေဘာထား စစ္တမ္းေတြအရ ဒီမိုကရက္ သမၼတေလာင္း ျဖစ္လာႏုိင္တဲ့ Joe Biden ဟာ လက္ရွိသမၼတ Donald Trump ရဲ႕ေရွ႕က ေျပးေနတယ္လို႔ ေဖာ္ျပေနၾကပါတယ္။ ဒီစစ္တမ္းေတြဟာ သမၼတေလာင္းတေယာက္ကို အခ်ိန္္ကာလတခုမွာ လူႀကိဳက္မ်ားတယ္ဆိုတာ ျပသႏိုင္ေပမယ့္ ေရြးေကာက္ပြဲရဲ႕ ရလဒ္ကိုေတာ့ အၿမဲတမ္း ခန္႔မွန္းႏုိင္တာ မဟုတ္ပါဘူး။ အိမ္ျဖဴေတာ္ဆိုင္ရာ ဗြီအုိေအသတင္းေထာက္ Pasty Widakuswara က ကၽြမ္းက်င္သူ ၂ ဦးကို ေမးျမန္းၿပီး ေပးပို႔ထားတဲ့ သတင္းလႊာကုိ ဦးေက်ာ္ဇံသာ တင္ျပထားပါတယ္။

သေဘာထားစစ္တမ္းေတြ မွားႏိုင္တယ္ဆိုတာ ၂၀၁၆ တုန္းက ေတြ႔ခဲ့ရပါၿပီ။ လာမယ့္ ေရြးေကာက္ပြဲမွာေရာ ဘယ္လိုျဖစ္လာမလဲ၊ ေရြးေကာက္ပြဲရလဒ္ ခန္႔မွန္းရာမွာ အစဥ္အလာေကာင္းတဲ့ ကၽြမ္းက်င္သူ ၂ ဦးကေတာ့ Litchman နဲ႔ Norpoth တို႔ ျဖစ္ပါတယ္။

“က်ေနာ္ကေတာ့ အေမရိကန္တကၠသိုလ္ သမိုင္းပါေမာကၡ Allan J. Litchman ပါ။ ၁၉၈၄ ကစၿပီး ေရြးေကာက္ပြဲေပါင္း ၉ ခုစလံုးရဲ႕ ရလဒ္ေတြကို ေအာင္ေအာင္ျမင္ျမင္ ခန္႔မွန္းႏိုင္ခဲ့ပါတယ္” လို႔ Zoom ကတဆင့္ ေျပာသြားတာပါ။

“က်ေနာ္ကေတာ့ Stony Brook တကၠသိုလ္က ႏိုင္ငံေရးသိပၸံပါေမာကၡ Helmut Norpoth ျဖစ္ပါတယ္။ ၁၉၁၂ ကစၿပီး ျပဳလုပ္ခဲ့တဲ့ ေရြးေကာက္ပြဲေပါင္း ၂၇ ခုအနက္ ၂၅ ခုရဲ႕ ရလဒ္ဟာ အခု က်ေနာ္တီထြင္ထားတဲ့ ေလ့လာနည္းနဲ႔ ကိုက္ညီေနပါတယ္” လုိ႔ Zoom ကတဆင့္ ေျပာသြားတာပါ။

ေကာင္းပါၿပီ၊ သူတို႔ခန္႔မွန္းတဲ့ စနစ္ေတြကို ၾကည့္ၾကရေအာင္ပါ။

သမၼတ Donald Trump လူထုစစ္တမ္းနဲ႔ မဲဆြယ္ပြဲအလားအလာ
please wait

No media source currently available

0:00 0:04:16 0:00

Lichtman က စီးပြားေရး၊ ႏိုင္ငံျခားေရး၀ါဒ၊ ပါတီတြင္းညီညြတ္ေရး၊ သမၼတေလာင္းရဲ႕ ႏိုင္ငံေရးအရွိန္အ၀ါ စတဲ့ ေမးခြန္း ၁၃ ခုကို မွား/မွန္ ေရြးၿပီး တြက္ပါတယ္။ ဒီ ၁၃ ခ်က္အနက္ တခ်က္မွန္တိုင္း လက္ရွိသမၼတအတြက္ တမွတ္ရၿပီး တခ်က္မွားရင္ေတာ့ စိမ္ေခၚသူကို တမွတ္ေပးတဲ့နည္း ျဖစ္ပါတယ္။

“ဒီ ၁၃ ခ်က္မွာ ၆ ခ်က္က အာဏာရပါတီကို ဆန္႔က်င္ဘက္ျပေနရင္ သူတို႔႐ႈံးမယ္လို႔ ခန္႔မွန္းပါတယ္” လို႔ Lichtman က Zoom ကတဆင့္ ေျပာသြားတာပါ။

Norpoth ရဲ႕ ပဏာမပုံစံ ထုတ္ယူနည္းကေတာ့ ၁၉၁၂ ကစၿပီး အေစာပိုင္း ပဏာမ ေရြးေကာက္ပြဲ ဒါမွမဟုတ္ ႏိုဝင္ဘာ ေရြးေကာက္ပဲြအတြက္ ျပည္နယ္အဆင့္ ဘယ္သူအေရြးခံရတယ္ ဆုိတာကို အေျခခံတဲ့ စာရင္းဇယားကို အသုံးျပဳတာ ျဖစ္ပါတယ္။

“ခ်ိန္သီးအေရြ႕အေျပာင္း သေဘာမ်ိဳး ျဖစ္တတ္တာကိုလည္း က်ေနာ္ ထည့္သြင္းခန္႔မွန္းပါတယ္။ ႏွစ္ေပါင္း ၂၀၀ နီးပါး ဒီလိုျဖစ္ခဲ့ၿပီး ခန္႔မွန္းရာမွာ အသံုးတည့္ပါတယ္” လို႔ Norpoth က Zoom ကတဆင့္ ေျပာသြားတာပါ။

ကဲ သူ႔ရဲ႕ အခုခန္႔မွန္းခ်က္က ဘယ္လိုပါလဲ။

Norpoth က “အခု ၂၀၂၀ မွာ Donald Trump ႏိုင္ေျခ ၉၁ ရာခုိင္ႏႈန္း ရွိေနပါတယ္။” လို႔ ခန္႔မွန္းသြားပါတယ္။

Litchtman ကေတာ့ “က်ေနာ္ကေတာ့ ၂၀၂၀ မွာ Donald Trump ႐ႈံးမယ္လို႔ ခန္႔မွန္းပါတယ္။” လုိ႔ ဆုိပါတယ္။

Lichtman ဟာ ကပ္ေရာဂါနဲ႔ လူမႈေရး မၿငိမ္သက္မႈေတြ ျဖစ္လာၿပီးတဲ့ေနာက္ သူ႔ရဲ႕ ခန္႔မွန္းခ်က္ကို ေျပာင္းလဲလုိက္တာပါ။ ၂၀၁၉ ေႏွာင္းပိုင္းအထိ သူဟာ Trump ႏုိင္မယ္လို႔ ခန္႔မွန္းခဲ့တာပါ။ ဒါေပမယ့္ ခုေတာ့ သူက ဒီလုိေျပာပါတယ္။

“လအနည္းငယ္အတြင္းမွာပဲ Donald Trump နဲ႔ ရီပတ္ဘလစ္ကန္ေတြဟာ သူတို႔ကိုဆန္႔က်င္တဲ့ အမွတ္ ၄ မွတ္ပဲ ရွိေနရာက ၇ မွတ္အထိ ဆုံး႐ႈံးသြားတာ ခန္႔မွန္း ေတြ႔ရွိရပါတယ္။ ဆိုေတာ့ သူတို႔႐ႈံးမယ္လို႔ ခန္႔မွန္းႏိုင္တာထက္ ၁ မွတ္ က်ဆင္းသြားတာပါ။”

Norpoth ကေတာ့ ကပ္ေရာဂါေရာ ကန္႔ကြက္ဆႏၵျပပဲြေတြပါ ေရြးေကာက္ပဲြ ရလဒ္ေတြကို မထိခိုက္ေစႏုိင္ဘူးလို႔ ဆိုပါတယ္။

“က်ေနာ့္ခန္႔မွန္းခ်က္ကေတာ့ အႂကြင္းမဲ့နဲ႔ ေနာက္ဆုံးပါပဲ။ ေက်ာက္တုံးမွာ ေရးထုိးထားတာလား။ ေကြးလို႔ ေကာက္လို႔ မရႏိုင္ပါဘူး။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ ေက်ာက္တုံး ကြဲေကာင္း ကြဲသြားႏုိင္ပါတယ္။ က်ေနာ့္ခန္႔မွန္းခ်က္ မွားသြားႏိုင္တဲ့ အလားအလာ ၉ ရာခုိင္ႏႈန္းေလာက္ပဲ ရွိေနပါတယ္။”

ပညာရွင္ ၂ ေယာက္စလုံးက သူတို႔ခန္႔မွန္းခ်က္ကို အခိုင္အမာ ေျပာေနၾကေပမယ့္ ဒီမိုကရက္ တဦးျဖစ္တဲ့ Lichtman ကေတာ့ သူတို႔ ဘာမွမတတ္ႏိုင္တဲ့ အခ်က္ ၂ ခ်က္ ရွိတယ္လို႔ ဆိုပါတယ္။ အဲဒါေတြကေတာ့ ေရြးေကာက္ပဲြမွာ ျပည္ပစြက္ဖက္မႈနဲ႔ ရီပတ္ဘလစ္ကန္ကို ေထာက္ခံမယ့္ မဲဆႏၵရွင္ေတြကို ဟန္႔တားႏိုင္ေျခ ရွိေနျခင္းပဲ ျဖစ္တယ္လို႔ ဆုိပါတယ္။

“ရီပတ္ဘလစ္ကန္ေတြ အားထားရတာက အသက္အရြယ္ႀကီးရင့္တဲ့ လူျဖဴေတြပဲ ျဖစ္ပါတယ္။ ဒီလုိ အသက္ႀကီးပိုင္း ရီပတ္ဘလစ္ကန္ေတြက ေနာက္ထပ္ မတိုးလာႏိုင္ေတာ့ေပမယ့္ သူတို႔အေနနဲ႔ ဒီမုိကရက္ကို အားေပးမယ့္ လူနည္းစုေတြ လူငယ္ေတြရဲ႕ မဲဆႏၵေတြကို ဟန္႔တားႏိုင္ပါတယ္။ ဒါက က်ေနာ္စုိးရိမ္တဲ့ အခ်က္ပါ။”

Litchman ေရာ Norpoth ပါ ခန္႔မွန္းေနၾကတာသာ ျဖစ္ပါတယ္။

Norpoth က “အခုအေျခအေနမွာ လူတခ်ဳိ႕ဟာ Donald Trump ကုိ စိတ္ထဲက ေထာက္ခံေနသည့္တုိင္ေအာင္ လူေရွ႕သူေရွ႕မွာ ဒါကို ထုတ္မေျပာသင့္ဘူးလို႔ ယူဆေနတာလည္း ရွိပါတယ္။” လုိ႔ ဆုိပါတယ္။

ဒီပညာရွင္ ၂ ေယာက္ရဲ႕ သုံးသပ္ခ်က္ ဘယ္ဟာမွန္တယ္ ဆုိတာကေတာ့ ေရြးေကာက္ပြဲရလဒ္ကပဲ ျပသလိမ့္မယ္ ျဖစ္ေၾကာင္းပါ။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲ

လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရဖွယ်ရှိပါသလဲ။ အိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေသတင်းထောက် Pasty Widakuswara က ကျွမ်းကျင်သူ ၂ ဦးကို မေးမြန်းပြီး ပေးပို့ထားတဲ့ သတင်းလွှာကို ဦးကျော်ဇံသာ တင်ပြထားပါတယ်။

လာမယ့် နိုဝင်ဘာမှာကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအကြို လူထုသဘောထား စစ်တမ်းတွေအရ ဒီမိုကရက် သမ္မတလောင်း ဖြစ်လာနိုင်တဲ့ Joe Biden ဟာ လက်ရှိသမ္မတ Donald Trump ရဲ့ရှေ့က ပြေးနေတယ်လို့ ဖော်ပြနေကြပါတယ်။ ဒီစစ်တမ်းတွေဟာ သမ္မတလောင်းတယောက်ကို အချိန်ကာလတခုမှာ လူကြိုက်များတယ်ဆိုတာ ပြသနိုင်ပေမယ့် ရွေးကောက်ပွဲရဲ့ ရလဒ်ကိုတော့ အမြဲတမ်း ခန့်မှန်းနိုင်တာ မဟုတ်ပါဘူး။

Joe Biden နဲ႔ ႏိုဝင္ဘာေ႐ြးေကာက္ပြဲ စိန္ေခၚမႈမ်ား
please wait

No media source currently available

0:00 0:03:38 0:00

သဘောထားစစ်တမ်းတွေ မှားနိုင်တယ်ဆိုတာ ၂၀၁၆ တုန်းက တွေ့ခဲ့ရပါပြီ။ လာမယ့် ရွေးကောက်ပွဲမှာရော ဘယ်လိုဖြစ်လာမလဲ၊ ရွေးကောက်ပွဲရလဒ် ခန့်မှန်းရာမှာ အစဉ်အလာကောင်းတဲ့ ကျွမ်းကျင်သူ ၂ ဦးကတော့ Litchman နဲ့ Norpoth တို့ ဖြစ်ပါတယ်။

“ကျနော်ကတော့ အမေရိကန်တက္ကသိုလ် သမိုင်းပါမောက္ခ Allan J. Litchman ပါ။ ၁၉၈၄ ကစပြီး ရွေးကောက်ပွဲပေါင်း ၉ ခုစလုံးရဲ့ ရလဒ်တွေကို အောင်အောင်မြင်မြင် ခန့်မှန်းနိုင်ခဲ့ပါတယ်” လို့ Zoom ကတဆင့် ပြောသွားတာပါ။

“ကျနော်ကတော့ Stony Brook တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ Helmut Norpoth ဖြစ်ပါတယ်။ ၁၉၁၂ ကစပြီး ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲပေါင်း ၂၇ ခုအနက် ၂၅ ခုရဲ့ ရလဒ်ဟာ အခု ကျနော်တည်ထွင်ထားတဲ့ လေ့လာနည်းနဲ့ ကိုက်ညီနေပါတယ်” လို့ Zoom ကတဆင့် ပြောသွားတာပါ။

ကောင်းပါပြီ၊ သူတို့ခန့်မှန်းတဲ့ စနစ်တွေကို ကြည့်ကြရအောင်ပါ။

Lichtman က စီးပွားရေး၊ နိုင်ငံခြားရေးဝါဒ၊ ပါတီတွင်းညီညွတ်ရေး၊ သမ္မတလောင်းရဲ့ နိုင်ငံရေးအရှိန်အဝါ စတဲ့ မေးခွန်း ၁၃ ခုကို မှား/မှန် ရွေးပြီး တွက်ပါတယ်။ ဒီ ၁၃ ချက်အနက် တချက်မှန်တိုင်း လက်ရှိသမ္မတအတွက် တမှတ်ရပြီး တချက်မှားရင်တော့ စိမ်ခေါ်သူကို တမှတ်ပေးတဲ့နည်း ဖြစ်ပါတယ်။

“ဒီ ၁၃ ချက်မှာ ၆ ချက်က အာဏာရပါတီကို ဆန့်ကျင်ဘက်ပြနေရင် သူတို့ရှုံးမယ်လို့ ခန့်မှန်းပါတယ်” လို့ Lichtman က Zoom ကတဆင့် ပြောသွားတာပါ။

Norpoth ရဲ့ ပဏာမပုံစံ ထုတ်ယူနည်းကတော့ ၁၉၂၁ ကစပြီး အစောပိုင်း ပဏာမ ရွေးကောက်ပွဲ ဒါမှမဟုတ် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ပြည်နယ်အဆင့် ဘယ်သူအရွေးခံရတယ် ဆိုတာကို အခြေခံတဲ့ စာရင်းဇယားကို အသုံးပြုတာ ဖြစ်ပါတယ်။

“ချိန်သီးအရွှေ့အပြောင်း သဘောမျိုး ဖြစ်တတ်တာကိုလည်း ကျနော် ထည့်သွင်းခန့်မှန်းပါတယ်။ နှစ်ပေါင်း ၂၀၀ နီးပါး ဒီလိုဖြစ်ခဲ့ပြီး ခန့်မှန်းရာမှာ အသုံးတည့်ပါတယ်” လို့ Norpoth က Zoom ကတဆင့် ပြောသွားတာပါ။

ကဲ သူ့ရဲ့ အခုခန့်မှန်းချက်က ဘယ်လိုပါလဲ။

Norpoth က “အခု ၂၀၂၀ မှာ Donald Trump နိုင်ခြေ ၉၁ ရာခိုင်နှုန်း ရှိနေပါတယ်။” လို့ ခန့်မှန်းသွားပါတယ်။

Litchtman ကတော့ “ကျနော်ကတော့ ၂၀၂၀ မှာ Donald Trump ရှုံးမယ်လို့ ခန့်မှန်းပါတယ်။” လို့ ဆိုပါတယ်။

Lichtman ဟာ ကပ်ရောဂါနဲ့ လူမှုရေး မငြိမ်သက်မှုတွေ ဖြစ်လာပြီးတဲ့နောက် သူ့ရဲ့ ခန့်မှန်းချက်ကို ပြောင်းလဲလိုက်တာပါ။ ၂၀၁၉ နှောင်းပိုင်းအထိ သူဟာ Trumpနိုင်မယ်လို့ ခန့်မှန်းခဲ့တာပါ။ ဒါပေမယ့် ခုတော့ သူက ဒီလိုပြောပါတယ်။

“လအနည်းငယ်အတွင်းမှာပဲ Donald Trump နဲ့ ရီပတ်ဘလစ်ကန်တွေဟာ သူတို့ကိုဆန့်ကျင်တဲ့ အမှတ် ၄ မှတ်ပဲ ရှိနေရာက ၇ မှတ်အထိ ဆုံးရှုံးသွားတာ ခန့်မှန်း တွေ့ရှိရပါတယ်။ ဆိုတော့ သူတို့ရှုံးမယ်လို့ ခန့်မှန်းနိုင်တာထက် ၁ မှတ် ကျဆင်းသွားတာပါ။”

Norpoth ကတော့ ကပ်ရောဂါရော ကန့်ကွက်ဆန္ဒပြပွဲတွေပါ ရွေးကောက်ပွဲ ရလဒ်တွေကို မထိခိုက်စေနိုင်ဘူးလို့ ဆိုပါတယ်။

“ကျနော့်ခန့်မှန်းချက်ကတော့ အကြွင်းမဲ့နဲ့ နောက်ဆုံးပါပဲ။ ကျောက်တုံးမှာ ရေးထိုးထားတာလား။ ကွေးလို့ ကောက်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျောက်တုံး ကွဲကောင်း ကွဲသွားနိုင်ပါတယ်။ ကျနော့်ခန့်မှန်းချက် မှားသွားနိုင်တဲ့ အလားအလာ ၉ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။”

ပညာရှင် ၂ ယောက်စလုံးက သူတို့ခန့်မှန်းချက်ကို အခိုင်အမာ ပြောနေကြပေမယ့် ဒီမိုကရက် တဦးဖြစ်တဲ့ Lichtman ကတော့ သူတို့ ဘာမှမတတ်နိုင်တဲ့ အချက် ၂ ချက် ရှိတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ ရွေးကောက်ပွဲမှာ ပြည်ပစွက်ဖက်မှုနဲ့ ရီပတ်ဘလစ်ကန်ကို ထောက်ခံမယ့် မဲဆန္ဒရှင်တွေကို ဟန့်တားနိုင်ခြေ ရှိနေခြင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရီပတ်ဘလစ်ကန်တွေ အားထားရာက အသက်အရွယ်ကြီးရင့်တဲ့ လူဖြူတွေပဲ ဖြစ်ပါတယ်။ ဒီလို အသက်ကြီးပိုင်း ရီပတ်ဘလစ်ကန်တွေက နောက်ထပ် မတိုးလာနိုင်တော့ပေမယ့် သူတို့အနေနဲ့ ဒီမိုကရက်ကို အားပေးမယ့် လူနည်းစုတွေ လူငယ်တွေရဲ့ မဲဆန္ဒတွေကို ဟန့်တားနိုင်ပါတယ်။ ဒါက ကျနော်စိုးရိမ်တဲ့ အချက်ပါ။”

Litchman ရော Norpoth ပါ ခန့်မှန်းနေကြတာသာ ဖြစ်ပါတယ်။

Norpoth က “အခုအခြေအနေမှာ လူတချို့ဟာ Donald Trump ကို စိတ်ထဲကထောက်ခံနေသည့်တိုင်အောင် လူရှေ့သူရှေ့မှာ ဒါကို ထုတ်မပြောသင့်ဘူးလို့ ယူဆနေတာလည်း ရှိပါတယ်။” လို့ ဆိုပါတယ်။

ဒီပညာရှင် ၂ ယောက်ရဲ့ သုံးသပ်ချက် ဘယ်ဟာမှန်တယ် ဆိုတာကတော့ ရွေးကောက်ပွဲရလဒ်ကပဲ ပြသလိမ့်မယ် ဖြစ်ကြောင်းပါ။

XS
SM
MD
LG