သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းမိဘတွေက မွေးဖွားလာသူ Kamala Harris ဒုသမ္မတ ဖြစ်ခွင့်ရှိ


ဒီမိုကရက်ပါတီ ဒုသမ္မတလောင်း Kamala Harris. (သြဂုတ် ၁၃၊ ၂၀၂၀)
ဒီမိုကရက်ပါတီ ဒုသမ္မတလောင်း Kamala Harris. (သြဂုတ် ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် Kamala Harris ဟာ ဒုတိယသမ္မတဖြစ်ရေး အရည်အချင်း ပြည့်မီတယ်ဆိုတာကို သမ္မတ အိမ်ဖြူတော်ဘက်က တနင်္ဂနွေနေ့မှာ သဘောတူ လက်ခံလိုက်ပါတယ်။

ဒါကြောင့်လည်း ရွှေ့ပြောင်းအခြေချသူ မိဘတွေကနေ မွေးဖွားလာသူ ဖြစ်တာကြောင့် Ms. Harris အနေနဲ့ နိုဝင်ဘာလမှာ ရွေးကောက်ခံရရင်လည်း တာဝန်ထမ်းဆောင်ဖို့ အရည်အချင်း သတ်မှတ်ချက်နဲ့ ကိုက်ညီမှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုး သမ္မတ Donald Trump ရဲ့ မှားယွင်း ခန့်မှန်း ပြောဆိုချက်တွေကို အဆုံးသတ်သွားစေပါတယ်။

ဒီမိုကရက်တစ် သမ္မတလောင်း ဒုသမ္မတဟောင်း Joe Biden က အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ Harris ကို သူ့ရဲ့ ဒုသမ္မတအဖြစ် နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က ရွေးချယ်ခဲ့တာပါ။

Kamala Harris ကို ဒုသမ္မတလောင်း လျာထားမှု ဒီမိုကရက်တွေ ထောက်ခံ
please wait

No media source currently available

0:00 0:03:48 0:00

Kamala Harris ကို ၁၉၆၄ ခုနှစ် ကယ်လီဖိုးနီးယားပြည်နယ် အနောက်ဘက် Oakland မြို့မှာ မွေးဖွားခဲ့တာပါ။ မိခင်ဖြစ်သူဟာ အမေရိကန်ပြည်ထောင်စုမှာ ဘွဲ့လွန်ပညာရပ် သင်ကြားဖို့ ရောက်လာတဲ့ အိန္ဒိယနွယ်ဖွား ဖြစ်ပါတယ်။ ဖခင်ကတော့ ဂျမေကာနိုင်ငံက ရွှေ့ပြောင်းလာသူ ဖြစ်ပါတယ်။ ဒါကြောင့် Harris ဟာ အမေရိကန်နိုင်ငံရဲ့ အဓိကပါတီကြီးတခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီမှာ အရေးပါတဲ့ ဒုသမ္မတလောင်းအတွက် ပထမဆုံး အရွေးခံရတဲ့ လူမည်းအမျိုးသမီးတဦး ဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအရ Kamala Harris ဟာ အမေရိကန်မှာ မွေးဖွားခဲ့တဲ့အတွက် အမေရိကန်သူတဦးအနေနဲ့ မွေးရာပါအခွင့်အရေး အပြည့်အ၀ ရှိထားပြီးသား ဖြစ်ပါတယ်။

Trump ရဲ့ အိမ်ဖြူတော်အကြီးအကဲ Mark Meadows က CNN သတင်းဌာနကို ပြောကြားရာမှာ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်း Joe Biden နဲ့ ဒုသမ္မတလောင်း Kamala Harris တို့ အနိုင်ရမယ်ဆိုရင် Harris အနေနဲ့ ဒုသမ္မတအရည်အချင်း ပြည့်မီတယ်ဆိုတာ Trump က လက်ခံတယ်လို့ ဆိုပါတယ်။

Biden-Harris ဟာ လာမယ့်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် သမ္မတ Trump နဲ့ ဒုတိယသမ္မတ Mike Pence တို့ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)

ရှှေ့ပွောငျးမိဘတှကေ မှေးဖှားလာသူ Kamala Harris ဒုသမ်မတ ဖွဈခှင့ျရှိ








XS
SM
MD
LG