သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရကို TikTok ကုမ္ပဏီ တရားစွဲမည်


(Zawgyi / Unicode)

ဗွီဒီယို application ကုမ္ပဏီ TikTok အပေါ် တားမြစ်ပိတ်ပင်မှုတွေ လုပ်ထားတဲ့ အမေရိကန် အစိုးရကို TikTok ကုမ္ပဏီက တရားစွဲမယ်လို့ ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်သမ္မတ Donald Trump က အမျိုးသားလုံခြုံရေး အကြောင်းပြချက်နဲ့ အမေရိကန် ကုမ္ပဏီတွေ ၄၅ ရက်အတွင်း TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance နဲ့ စီးပွားရေး ဆက်ဆံမှုတွေကို ရပ်ဆိုင်းရမယ်လို့ ဩဂုတ်လ ၆ ရက်နေ့က သမ္မတအမိန့် ထုတ်ပြန်ထားခဲ့တာပါ။

အဲဒီ သမ္မတအမိန့်ဟာ အမေရိကန်နိုင်ငံအတွင်းက TikTok လုပ်ငန်းတွေကို အမေရိကန် ကုမ္ပဏီတခုကို မဖြစ်မနေရောင်းဖို့ ရက်သတ်မှတ်လိုက်သလို ဖြစ်ခဲ့ပါတယ်။

တရားဥပဒေ စိုးမိုးရေးကို လျစ်လျူရှုမထားကြောင်းနဲ့ TikTok သုံးစွဲသူတွေ မျှမျှတတ ဆက်ဆံခံရဖို့အတွက် တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ TikTok ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

TikTok အနေနဲ့ တနှစ်ကြာ အမေရိကန်အစိုးရနဲ့ ထိတွေ့ဆက်ဆံနိုင်အောင် ကြိုးပမ်းခဲ့ပေမယ့် အမေရိကန်အစိုးရဘက်က အလားတူ ပြန်ပြီး တုံ့ပြန်မှု မရှိခဲ့ဘူးလို့လည်း ကုမ္ပဏီက ပြောပါတယ်။

TikTok ရဲ့ မိခင် တရုတ်ကုမ္ပဏီ ByteDance က သီးခြားထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ တရားစွဲတာကို အမေရိကန် ဒေသစံတော်ချိန် တနင်္လာနေ့မှာ စတင်မယ်လို့ ပါရှိပါတယ်။

ဗွီဒီယို အပိုင်းလေးတွေနဲ့ ကြိုက်ရာဖန်တီးနိုင်တဲ့ TikTok application ကို အမေရိကန်နိုင်ငံမှာ Download လုပ်ပြီး အသုံးပြုသူ ၁၇၅ သန်းလောက်ရှိပြီး ကမ္ဘာတဝန်းမှာတော့ သန်း ၁၀၀၀ ကျော် ရှိပါတယ်။

သမ္မတ Trump ကတော့ အမေရိကန်အစိုးရ ဝန်ထမ်းတွေကို ထောက်လှမ်းဖို့၊ သူလျှိုလုပ်ဖို့နဲ့ အမေရိကန်ပြည်သူတွေကို အကျပ်ကိုင် ခြိမ်းခြောက်ဖို့ တရုတ်အစိုးရက TikTok ကို အသုံးပြုနိုင်တယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။

TikTok ကတော့ အမေရိကန်တွေရဲ့ အချက်အလက်တွေကို ဘယ်တုန်းကမှ တရုတ်အစိုးရကို မပေးခဲ့ဖူးဘူးလို့ ပြောဆိုထားသလို တရုတ်အစိုးရကလည်း ဒါဟာ နိုင်ငံရေးပယောဂနဲ့ ဆက်နွှယ်နေတယ်လို့ ပြောပါတယ်။

အမေရိကန်အစိုးရကို TikTok ကုမ္ပဏီ တရားစွဲမည်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)


ဗှီဒီယို application ကုမ်ပဏီ TikTok အပေါျ တားမွဈပိတျပငျမှုတှေ လုပျထားတဲ့ အမရေိကနျ အစိုးရကို TikTok ကုမ်ပဏီက တရားစှဲမယျလို့ ပွောပါတယျ။









XS
SM
MD
LG