သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေရာဂါ ကိုင္တြယ္ေျဖရွင္းမႈ သမၼတထရမ့္ပ္ ကာကြယ္ေျပာဆို


အေမရိကန္သမၼတ Donald Trump (ၾသဂုတ္ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

တနလၤာေန႔ညက စတင္လိုက္တဲ့ ရီပတ္ဘလီကန္ပါတီရဲ႕ ႏိုင္ငံလုံးဆုိင္ရာပါတီညီလာခံမွာ သမၼတ Donald Trump က ကိုရိုနာဗုိင္းရပ္စ္ကပ္ေရာဂါနဲ႔ စီးပြားေရးအက်ပ္အတည္းဆိုင္ရာ သူ႔ရဲ႕ကိုင္တြယ္ေဆာင္ရြက္ပုံ ေတြကို ကာကြယ္ေျပာဆိုတာဟာ ဒုတိယသက္တမ္းအႏုိင္ေရး အဓိကကိစၥေတြျဖစ္ေနတဲ့သေဘာမ်ိဳး ေျပာဆိုသြြားပါတယ္။

"Biden ကေတာ့ စီးပါြးေရးလုပ္ငန္းေတြ ရပ္မယ္လို႔ ေျပာေနပါတယ္။ က်ေနာ့္လက္ထက္မွာေတာ့ အလုပ္အကိုင္သစ္ေတြ စံခ်ိန္တင္္တိုးလာပါတယ္။ ၃ လတြင္း ဒီေလာက္မ်ားတဲ့လူေတြအတြက္ အလုပ္အကိုင္ဖန္တီးေပးႏုိင္ခဲ့တာမ်ိဳးဘယ္တုန္းကမွ မရွိခဲ့ပါဘူး။ လူ ၉,၀၀၀,၀၀၀ အတြက္ အလုပ္အကိုင္ေတြ ဖန္တီးေပးခဲ့တာပါ။ ခုလည္း အစုရွယ္ယာေစ်းကြက္ေတြ စံခ်ိန္တင္ျမင့္တက္လာောအာင္္ လုပ္ဖို႔အဆင့္သင့့္ျဖစ္ေနပါၿပီ။" လို႔ သမၼတ Trump ကေျပာဆိုသြားတာျဖစ္ပါတယ္။

ရုပ္ျမင္သံၾကားကေန တနုိင္ငံလုံးကို ထုတ္လႊင့္တဲ့ ရီပါဘစ္ကန္ပါတီညီလာခံ ပထမဆုံးညမွာေတာ့ က်န္းမာေရး၀န္ထမ္းေတြကို သမၼတအိမ္ျဖဴေတာ္မွာ ေတြ႔ဆုံႏႈတ္ဆက္တာကိုေတြ႔ရပါတယ္။ သမၼတ Trump ရဲ ႔ ကပ္ေရာဂါ ကိုင္တြယ္ေဆာင္ရြက္ပုံအေပၚ အေမရိကန္အေတာ္မ်ားမ်ားရဲ ႔အျမင္နဲ႔မတူဘဲ အဲဒီက်န္းမာေရး၀န္ထမ္းေတြ က ခ်ိီးမြမ္းေျပာဆိုခဲ့တာပါ။ အေမရိကန္ Johns Hopkins တကၠသို္လ္စစ္တမ္းအရ အေမရိကန္မွာ ကိုိ႐ိုနာဗုိင္းရပ္စ္နဲ႔ ေသဆုံးသူ ၁၇၇,၀၀၀ ေက်ာ္ၿပီး ကမၻာမွာ အမ်ားဆုံးပါ။ ဒုတိယသက္တမ္းအတြက္ ျပန္အေရြးခံရေရး စိန္ေခၚမႈတခုျဖစ္တဲ့ ကပ္ေရာဂါကို ပေပ်ာက္သြားေအာင္လုပ္မယ္လို႔ သမၼတ Trump က ေျပာဆိုခဲ့တာပါ။

သမၼတထရမ့္ပ္ေတြ႔ခဲ့သူေတြဟာ ကပ္ေရာဂါကာကြယ္ေရး ႏွာေခါင္းစည္းတပ္ဖို႔နဲ႔ လူအခ်င္းခ်င္းခပ္ခြာခြာေနဖို႔ ဆိုတဲ့ က်န္းမာေရးတာ၀န္ရွိသူေတြရဲ႕ အႀကံျပဳခ်က္ေတြကို လုိက္နာျခင္းမရွိတာကိုလည္း ေတြ႔ရပါတယ္။ တခါ ျပည္ပမွာ အက်ဥ္းက်ခံခဲ့ရၿပီး သံတမန္ေရးနည္းလမ္းနဲ႔ ျပန္လြတ္လာတဲ့ အေမရိကန္န္ုိင္ငံသား ဒါဇင္၀င္ေလာက္ကိုလည္း သမၼတ Trump က အိမ္ျဖဴေတာ္မွာ ေတြ႔ဆုံခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ရောဂါ ကိုင်တွယ်ဖြေရှင်းမှု သမ္မတထရမ့်ပ် ကာကွယ်ပြောဆို

တနင်္လာနေ့ညက စတင်လိုက်တဲ့ ရီပတ်ဘလီကန်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံမှာ သမ္မတ Donald Trump က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ စီးပွားရေးအကျပ်အတည်းဆိုင်ရာ သူ့ရဲ့ကိုင်တွယ်ဆောင်ရွက်ပုံ တွေကို ကာကွယ်ပြောဆိုတာဟာ ဒုတိယသက်တမ်းအနိုင်ရေး အဓိကကိစ္စတွေဖြစ်နေတဲ့သဘောမျိုး ပြောဆိုသွားပါတယ်။

"Biden ကတော့ စီးပါွးရေးလုပ်ငန်းတွေ ရပ်မယ်လို့ ပြောနေပါတယ်။ ကျနော့်လက်ထက်မှာတော့ အလုပ်အကိုင်သစ်တွေ စံချိန်တင်တိုးလာပါတယ်။ ၃ လတွင်း ဒီလောက်များတဲ့လူတွေအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့တာမျိုးဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ လူ ၉,၀၀၀,၀၀၀ အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးခဲ့တာပါ။ ခုလည်း အစုရှယ်ယာဈေးကွက်တွေ စံချိန်တင်မြင့်တက်လာောအာင် လုပ်ဖို့အဆင့်သင့်ဖြစ်နေပါပြီ။" လို့ သမ္မတ Trump ကပြောဆိုသွားတာဖြစ်ပါတယ်။

ရုပ်မြင်သံကြားကနေ တနိုင်ငံလုံးကို ထုတ်လွှင့်တဲ့ ရီပါဘစ်ကန်ပါတီညီလာခံ ပထမဆုံးညမှာတော့ ကျန်းမာရေးဝန်ထမ်းတွေကို သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံနှုတ်ဆက်တာကိုတွေ့ရပါတယ်။ သမ္မတ Trump ရဲ့ ကပ်ရောဂါ ကိုင်တွယ်ဆောင်ရွက်ပုံအပေါ် အမေရိကန်အတော်များများရဲ့အမြင်နဲ့မတူဘဲ အဲဒီကျန်းမာရေးဝန်ထမ်းတွေ က ချီးမွမ်းပြောဆိုခဲ့တာပါ။ အမေရိကန် Johns Hopkins တက္ကသိုလ်စစ်တမ်းအရ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသူ ၁၇၇,၀၀၀ ကျော်ပြီး ကမ္ဘာမှာ အများဆုံးပါ။ ဒုတိယသက်တမ်းအတွက် ပြန်အရွေးခံရရေး စိန်ခေါ်မှုတခုဖြစ်တဲ့ ကပ်ရောဂါကို ပပျောက်သွားအောင်လုပ်မယ်လို့ သမ္မတ Trump က ပြောဆိုခဲ့တာပါ။

သမ္မတထရမ့်ပ်တွေ့ခဲ့သူတွေဟာ ကပ်ရောဂါကာကွယ်ရေး နှာခေါင်းစည်းတပ်ဖို့နဲ့ လူအချင်းချင်းခပ်ခွာခွာနေဖို့ ဆိုတဲ့ ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အကြံပြုချက်တွေကို လိုက်နာခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။ တခါ ပြည်ပမှာ အကျဉ်းကျခံခဲ့ရပြီး သံတမန်ရေးနည်းလမ်းနဲ့ ပြန်လွတ်လာတဲ့ အမေရိကန်နိုင်ငံသား ဒါဇင်ဝင်လောက်ကိုလည်း သမ္မတ Trump က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG