သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စာတုိက္က ေရာက္လာမယ့္မဲျပားေတြ အခ်ိန္မီေရာက္ေအာင္ ေဆာင္ရြက္ေပးမည္ (အေမရိကန္စာပုိ႔လုပ္ငန္းအႀကီးအကဲ)


(Zawgyi/Unicode)

ႏိုဝင္ဘာ ၃ ရက္ အေမရိကန္ သမၼတေရြးေကာက္ပြဲ အတြက္ စာတိုက္ကေန ေပးပို႔မယ့္မဲျပားေတြ အခ်ိန္မီ ေရာက္ေအာင္ ပို႔ေပးမွာ ျဖစ္ေၾကာင္း အေမရိကန္ စာပို႔လုပ္ငန္း USPS အႀကီးအကဲ Louis DeJoy က အဂၤါေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။ ဒါ့အျပင္ USPS ဌာမွာ ျပဳလုပ္မယ့္ အေျပာင္းအလဲ ေတြအားလံုးကိုလည္း ဆိုင္းငံ့ထားမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ေရြးေကာက္ပြဲမဲေတြကို မဲေရတြက္မယ့္ အရာရွိေတြဆီ ေပးပို႔ရာမွာ သန္းနဲ႔ခ်ီတဲ့ မဲေတြ မေရာက္ပဲ ျဖစ္ေနႏိုင္တယ္လို႔ ဒီမိုကရက္ပါတီဝင္ေတြရဲ့ ေျပာၾကားမႈေတြ ေနာက္ပိုင္း USPS အႀကီးအကဲ က အခုလို ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုလုိက္တာပါ။

ရီပတ္ဘလစ္ကင္ပါတီက သမၼတ အတြက္ မဲဆြယ္ပြဲမွာ ရန္ပံုေငြထည့္ဝင္တဲ့ ခ်မ္းသာတဲ့ အလွဴရွင္တဦး ျဖစ္တဲ့ DeJoy ကို သမၼတ ေဒၚနယ္ထရမ့္ က USPS အႀကီးအကဲ အျဖစ္ ခန္႔အပ္ခဲ့တာျဖစ္ၿပီး ေရြးေကာက္ပြဲ အတြက္ ဒီႏွစ္ ေဆာင္းဦးရာသီ အတြင္း ေရာက္လာသမွ် စာ ဘယ္ေလာက္မ်ားမ်ား ပို႔ေပဖုိ႔ အသင့္ပဲ လို႔လည္း DeJoy ရဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

သူက စာတုိက္လုပ္သားေတြ အတြက္ အခ်ိန္ပို လုပ္ခ မေပးပဲ ျဖတ္ေတာက္ ေလွ်ာ့ခ်တာေတြ လုပ္ခဲ့တဲ့အတြက္ မၾကာခင္ ရက္ပိုင္းေတြအတြင္း စာပို႔လုပ္ငန္းရဲ့ စာေပးေဝမႈ ေႏွာင့္ေႏွး ၾကန္႔ၾကာမႈနဲ႔ ႀကံဳေနရတာပါ။ အခုေတာ့ ေရြးေကာက္ပြဲ မဲျပားေတြ အခ်ိန္မီ မေရာက္ပဲျဖစ္ေနမွာကို ေရွာင္ရွား ႏိုင္ေအာင္္ စာပို႔လုပ္ငန္းရဲ႕ စားရိတ္ေလ ွ်ာ့ခ် ဖုိ႔ လုပ္ေဆာင္မႈေတြကို ေရြးေကာက္ပြဲ ေနာက္ပိုင္းမွ လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

စာတိုက္ကေန မဲေပးမႈကို အေမရိကန္ ျပည္ေထာင္စု တခ်ိဳ႕ျပည္နယ္ေတြမွာ စက္တင္ဘာလမွာ စတင္ဖုိ႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

စာတိုက်က ရောက်လာမယ့်မဲပြားတွေ အချိန်မီရောက်အောင် ဆောင်ရွက်ပေးမည် (အမေရိကန်စာပို့လုပ်ငန်းအကြီးအကဲ)

(Unicode)

နိုဝင်ဘာ ၃ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲ အတွက် စာတိုက်ကနေ ပေးပို့မယ့်မဲပြားတွေ အချိန်မီ ရောက်အောင် ပို့ပေးမှာ ဖြစ်ကြောင်း အမေရိကန် စာပို့လုပ်ငန်း USPS အကြီးအကဲ Louis DeJoy က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ ဒါ့အပြင် USPS ဌာမှာ ပြုလုပ်မယ့် အပြောင်းအလဲ တွေအားလုံးကိုလည်း ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲမဲတွေကို မဲရေတွက်မယ့် အရာရှိတွေဆီ ပေးပို့ရာမှာ သန်းနဲ့ချီတဲ့ မဲတွေ မရောက်ပဲ ဖြစ်နေနိုင်တယ်လို့ ဒီမိုကရက်ပါတီဝင်တွေရဲ့ ပြောကြားမှုတွေ နောက်ပိုင်း USPS အကြီးအကဲ က အခုလို ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ရီပတ်ဘလစ်ကင်ပါတီက သမ္မတ အတွက် မဲဆွယ်ပွဲမှာ ရန်ပုံငွေထည့်ဝင်တဲ့ ချမ်းသာတဲ့ အလှူရှင်တဦး ဖြစ်တဲ့ DeJoy ကို သမ္မတ ဒေါ်နယ်ထရမ့် က USPS အကြီးအကဲ အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ အတွက် ဒီနှစ် ဆောင်းဦးရာသီ အတွင်း ရောက်လာသမျှ စာ ဘယ်လောက်များများ ပို့ပေဖို့ အသင့်ပဲ လို့လည်း DeJoy ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

သူက စာတိုက်လုပ်သားတွေ အတွက် အချိန်ပို လုပ်ခ မပေးပဲ ဖြတ်တောက် လျှော့ချတာတွေ လုပ်ခဲ့တဲ့အတွက် မကြာခင် ရက်ပိုင်းတွေအတွင်း စာပို့လုပ်ငန်းရဲ့ စာပေးဝေမှု နှောင့်နှေး ကြန့်ကြာမှုနဲ့ ကြုံနေရတာပါ။ အခုတော့ ရွေးကောက်ပွဲ မဲပြားတွေ အချိန်မီ မရောက်ပဲဖြစ်နေမှာကို ရှောင်ရှား နိုင်အောင် စာပို့လုပ်ငန်းရဲ့ စားရိတ်လေ ျှာ့ချ ဖို့ လုပ်ဆောင်မှုတွေကို ရွေးကောက်ပွဲ နောက်ပိုင်းမှ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

စာတိုက်ကနေ မဲပေးမှုကို အမေရိကန် ပြည်ထောင်စု တချို့ပြည်နယ်တွေမှာ စက်တင်ဘာလမှာ စတင်ဖို့ ရှိပါတယ်။

XS
SM
MD
LG