သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Oxford နဲ႔ AstraZeneca ပူးေပါင္းစမ္းသပ္ေနတဲ့ ကိုဗစ္ကာကြယ္ေဆး အလားအလာေကာင္းေန


"ကိုဗစ္ကာကြယ္ေဆး" လို႔ တံဆိပ္ကပ္ထားတဲ့ ေဆးပုလင္းတခု။ (ဧၿပီ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

ၿဗိတိန္ Oxford တကၠသိုလ္နဲ႔ AstraZeneca ေဆးကုမၸဏီတို႔ ပူးေပါင္းစမ္းသပ္ေနတဲ့ COVID-19 ကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ လိုအပ္တဲ့ အခ်က္အလက္ေတြ အလုံအေလာက္ရမယ္ဆိုရင္ ကာကြယ္ေဆးထုတ္လုပ္ခြင့္ရဖို႔ ခြင့္ျပဳခ်က္ကို ဒီႏွစ္ထဲေလွ်ာက္ထားႏိုင္လိမ့္မယ္လို႔ Oxford တကၠသိုလ္ COVID-19 ကာကြယ္ေဆး စမ္းသပ္ေရးအဖြဲ႕ ဒါ႐ိုက္တာ Andrew Pollard က ဒီကေန႔ BBC သတင္းကို ေျပာပါတယ္။

Oxford တကၠသိုလ္က စမ္းသပ္ေနတဲ့ ဒီ COVID-19 ကာကြယ္ေဆးက လူေတြနဲ႔ စမ္းသပ္မႈ အဆင့္ေတြမွာ အလားအလာေကာင္းတဲ့ ရလဒ္ေတြရွိေနၿပီး လူ႔ ခႏၵာကိုယ္ထဲေရာဂါ ကာကြယ္ခုခံႏိုင္စြမ္းကိုလည္း တိုးျမႇင့္ေပးႏိုင္တာကိုေတြ႕ရတာပါ။ ကမာၻနဲ႔အဝန္း COVID-19 ကာကြယ္ေဆး အၿပိဳင္အဆိုင္ စမ္းသပ္ေနၾကတဲ့အထဲမွာ အခု Oxford က စမ္းသပ္ေနတဲ့ ကာကြယ္ေဆးက ေရွ႕ကဦးေဆာင္ေနတဲ့ စမ္းသပ္မႈေတြထဲ ပါဝင္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာလည္း ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲမတိုင္ခင္ အျမန္ဆုံး ကာကြယ္ေဆးထုတ္လုပ္ အသုံးျပဳႏိုင္ဖို႔ သမၼတ Trump အစိုးရက ႀကိဳးပမ္းေနေၾကာင္း ဒီသီတင္းပတ္အေစာပိုင္းတုန္းက Financial Times သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ သံုးသပ္ေနတဲ့ လုပ္ေဆာင္ႏိုင္ေျခ နည္းလမ္းတခုကေတာ့ အလားအလာရွိတဲ့ ကာကြယ္ေဆးကို အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရး ဌာန (FDA) က ေအာက္တိုဘာလေလာက္မွာ အေရးေပၚ အသုံးျပဳခြင့္ေပးဖို႔ဆိုတာမ်ဳိး ပါဝင္တယ္လို႔လည္း Financial Times သတင္းစာမွာ ေဖာ္ျပထားတာပါ။

အေရးေပၚ အေျခအေနအရ ကာကြယ္ေဆး စမ္းသပ္မႈေတြကို အခ်ိန္ခ်ဳံ႕ၿပီး ထုတ္လုပ္ သုံးစြဲၾကတာျဖစ္ေပမဲ့ အခ်က္အလက္ေတြကို ဂ႐ုတစိုက္ စီမံခန္႔ခြဲလုပ္ေဆာင္သြားရမွာျဖစ္သလို ဒီေဆးက တကယ္ ထိေရာက္မႈရွိ၊ မရွိ အေထာက္အထားေတြကိုေကာက္ယူစုေဆာင္းရမွာ ျဖစ္တယ္လို႔လည္း ဒါ႐ိုက္တာ Andrew Pollard က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Oxford နဲ့ AstraZeneca ပူးပေါင်းစမ်းသပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေး အလားအလာကောင်းနေ

ဗြိတိန် Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးပေါင်းစမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အချက်အလက်တွေ အလုံအလောက်ရမယ်ဆိုရင် ကာကွယ်ဆေးထုတ်လုပ်ခွင့်ရဖို့ ခွင့်ပြုချက်ကို ဒီနှစ်ထဲလျှောက်ထားနိုင်လိမ့်မယ်လို့Oxford တက္ကသိုလ် COVID-19 ကာကွယ်ဆေး စမ်းသပ်ရေးအဖွဲ့ ဒါရိုက်တာ Andrew Pollard က ဒီကနေ့ BBC သတင်းကို ပြောပါတယ်။

Oxford တက္ကသိုလ်က စမ်းသပ်နေတဲ့ ဒီ COVID-19 ကာကွယ်ဆေးက လူတွေနဲ့ စမ်းသပ်မှု အဆင့်တွေမှာ အလားအလာကောင်းတဲ့ ရလဒ်တွေရှိနေပြီး လူ့ ခန္ဒာကိုယ်ထဲရောဂါ ကာကွယ်ခုခံနိုင်စွမ်းကိုလည်း တိုးမြှင့်ပေးနိုင်တာကိုတွေ့ရတာပါ။ ကမ္ဘာနဲ့အဝန်း COVID-19 ကာကွယ်ဆေး အပြိုင်အဆိုင် စမ်းသပ်နေကြတဲ့အထဲမှာ အခု Oxford က စမ်းသပ်နေတဲ့ ကာကွယ်ဆေးက ရှေ့ကဦးဆောင်နေတဲ့ စမ်းသပ်မှုတွေထဲ ပါဝင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင် အမြန်ဆုံး ကာကွယ်ဆေးထုတ်လုပ် အသုံးပြုနိုင်ဖို့ သမ္မတ Trump အစိုးရက ကြိုးပမ်းနေကြောင်း ဒီသီတင်းပတ်အစောပိုင်းတုန်းက Financial Times သတင်းစာက ဖော်ပြခဲ့ပါတယ်။ သုံးသပ်နေတဲ့ လုပ်ဆောင်နိုင်ခြေ နည်းလမ်းတခုကတော့ အလားအလာရှိတဲ့ ကာကွယ်ဆေးကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာန (FDA) က အောက်တိုဘာလလောက်မှာ အရေးပေါ် အသုံးပြုခွင့်ပေးဖို့ဆိုတာမျိုး ပါဝင်တယ်လို့လည်း Financial Times သတင်းစာမှာ ဖော်ပြထားတာပါ။

အရေးပေါ် အခြေအနေအရ ကာကွယ်ဆေး စမ်းသပ်မှုတွေကို အချိန်ချုံ့ပြီး ထုတ်လုပ် သုံးစွဲကြတာဖြစ်ပေမဲ့ အချက်အလက်တွေကို ဂရုတစိုက် စီမံခန့်ခွဲလုပ်ဆောင်သွားရမှာဖြစ်သလို ဒီဆေးက တကယ် ထိရောက်မှုရှိ၊ မရှိ အထောက်အထားတွေကိုကောက်ယူစုဆောင်းရမှာ ဖြစ်တယ်လို့လည်း ဒါရိုက်တာ Andrew Pollard က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG