သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ကူးစက္သူ ၆ ဦးထပ္တုိး၊ တႏုိင္ငံလုံးကူးစက္သူ ၅၈၆ ဦးရွိ 


၂၀၂၀ ေမလ ၈ ရက္ေန႔က ရန္ကုန္ ကြာရန္တင္းစင္တာတြင္ ေစတနာ့၀န္ထမ္း ဆရာ၀န္မ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ကူးစက္သူ ေနာက္ထပ္ ၆ ဦး စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ၾသဂုတ္လ ၂၁ ရက္ေန႔ မနက္ ၈ နာရီ ေၾကညာခ်က္မွာ ေဖာ္ျပထားတာေၾကာင့္ အခုခ်ိန္ထိ ေရာဂါပုိးကူးစက္သူ စုစုေပါင္း ၅၈၆ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

အခု ဓါတ္ခြဲစမ္းသပ္ ေတြ႔ရွိရတဲ့ လူနာအသစ္ (၆) ဦးထဲက ၃ ဦးဟာ ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ ကျဖစ္ၿပီး (၂) ဦးကေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္ကနဲ႔ က်န္ (၁) ဦးကေတာ့ ဒဂုံၿမိဳ႕သစ္ ေတာင္ပုိင္းတုိ႔က ျဖစ္တယ္လုိ႔ ဆုိပါတယ္။

အခုအသစ္ေတြ႔ရွိတဲ့ လူနာ (၆) ဦးစလုံးဟာ ျပည္ပခရီးသြားရာဇ၀င္ ရွိဘူးသူေတြ မဟုတ္ေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ လူနာအမွတ္ (၅၈၄) ကေတာ့ ရခုိင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ကုိ ခရီးသြားခဲ့ဘူးသူ ျဖစ္တာေၾကာင့္ သြားလာမႈကန္႔သတ္ၿပီး ေစာင့္ၾကည့္ခံထားရသူ ျဖစ္တယ္လုိ႔ ဆုိပါတယ္။

ၾသဂုတ္လ ၂၆ ရက္ေန႔က ဓါတ္ခြဲစမ္းသပ္မႈ ၂,၂၉၆ ဦးကုိ ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္မွာ ဒီလူနာသစ္ (၆) ဦးကုိ ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

ရခုိင္ျပည္နယ္အတြင္း ကုိဗစ္-၁၉ ကူးစက္မႈေတြ အရွိန္ျမင့္ ျဖစ္ေပၚေနတာေၾကာင့္ က်န္းမာေရး၀န္ႀကီးဌာနက ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းမွာဘဲ က်န္းမာေရးပညာရွင္ေတြ ေစလြတ္ထားပါတယ္။

ဒီအေတာအတြင္း ရခုိင္ျပည္နယ္တြင္း ၿမိဳ႕နယ္ (၄) ၿမိဳ႕နယ္မွာ ေဒသခံေတြ အိမ္ထဲမွာပဲေနဖို႔ ၾသဂုတ္လ ၂၅ ရက္ ရက္စြဲနဲ႔ က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြး လက္မွတ္ေရးထိုး အမိန္႔ ထုတ္ျပန္ထားပါတယ္။ ေက်ာက္ျဖဴ၊ အမ္း၊ ေတာင္ကုတ္နဲ႔ သံတြဲၿမိဳ႕နယ္ေတြက လူထုအေနနဲ႔ ယာဥ္ေမာင္းသူအျပင္ တစ္အိမ္ကို တစ္ဦးပဲ ေစ်းဝယ္ထြက္ဖို႔၊ ေဆး႐ံု ေဆးခန္းသြားဖုိ႔ရွိရင္ တစ္အိမ္ကို ႏွစ္ဦးပဲသြားဖို႔၊ အျပင္ထြက္တာနဲ႔ ႏွာေခါင္းစည္းတပ္ဖို႔၊ တာဝန္အရသြားသူေတြကို ႀကိဳပို႔တဲ့ယာဥ္ေတြနဲ႔ ျဖတ္သန္းခြင့္ျပဳထားတဲ့ ယာဥ္ေတြကိုပဲ ရပ္ကြက္ေက်ာ္လြန္ သြားလာခြင့္ျပဳဖို႔ စတဲ့ ကန္႔သတ္ခ်က္ေတြ ပါဝင္တဲ့ ဒီအမိန္႔ဟာ ၾသဂုတ္လ ၂၆ ရက္၊ မနက္ ၆ နာရီကစၿပီး သက္ေရာက္မွာျဖစ္ပါတယ္။

ဒီအမိန္႔ကို မလိုက္နာရင္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒအရ အေရးယူမယ္လို႔လည္း ထုတ္ျပန္ထားတဲ့အမိန္႔ထဲမွာ ေဖာ္ျပထားပါတယ္။

................

(Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက်ထပ် ၆ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သြဂုတ်လ ၂၁ ရက်နေ့ မနက် ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားတာကြောင့် အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၅၈၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခု ဓါတ်ခွဲစမ်းသပ် တွေ့ရှိရတဲ့ လူနာအသစ် (၆) ဦးထဲက ၃ ဦးဟာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကဖြစ်ပြီး (၂) ဦးကတော့ ဘူးသီးတောင်မြို့နယ်ကနဲ့ ကျန် (၁) ဦးကတော့ ဒဂုံမြို့သစ် တောင်ပိုင်းတို့က ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအသစ်တွေ့ရှိတဲ့ လူနာ (၆) ဦးစလုံးဟာ ပြည်ပခရီးသွားရာဇဝင် ရှိဘူးသူတွေ မဟုတ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် လူနာအမှတ် (၅၈၄) ကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ခရီးသွားခဲ့ဘူးသူ ဖြစ်တာကြောင့် သွားလာမှုကန့်သတ်ပြီး စောင့်ကြည့်ခံထားရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့က ဓါတ်ခွဲစမ်းသပ်မှု ၂,၂၉၆ ဦးကို ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ဒီလူနာသစ် (၆) ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်နေတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာဘဲ ကျန်းမာရေးပညာရှင်တွေ စေလွတ်ထားပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်တွင်း မြို့နယ် (၄) မြို့နယ်မှာ ဒေသခံတွေ အိမ်ထဲမှာပဲနေဖို့ သြဂုတ်လ ၂၅ ရက် ရက်စွဲနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး လက်မှတ်ရေးထိုး အမိန့် ထုတ်ပြန်ထားပါတယ်။ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေက လူထုအနေနဲ့ ယာဉ်မောင်းသူအပြင် တစ်အိမ်ကို တစ်ဦးပဲ ဈေးဝယ်ထွက်ဖို့၊ ဆေးရုံ ဆေးခန်းသွားဖို့ရှိရင် တစ်အိမ်ကို နှစ်ဦးပဲသွားဖို့၊ အပြင်ထွက်တာနဲ့ နှာခေါင်းစည်းတပ်ဖို့၊ တာဝန်အရသွားသူတွေကို ကြိုပို့တဲ့ယာဉ်တွေနဲ့ ဖြတ်သန်းခွင့်ပြုထားတဲ့ ယာဉ်တွေကိုပဲ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုဖို့ စတဲ့ ကန့်သတ်ချက်တွေ ပါဝင်တဲ့ ဒီအမိန့်ဟာ သြဂုတ်လ ၂၆ ရက်၊ မနက် ၆ နာရီကစပြီး သက်ရောက်မှာဖြစ်ပါတယ်။

ဒီအမိန့်ကို မလိုက်နာရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူမယ်လို့လည်း ထုတ်ပြန်ထားတဲ့အမိန့်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG