သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ေရာဂါကူးစက္သူ ၆ ေယာက္ထပ္တိုး


ေ၀ဘာဂီေဆးရံု။

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ အတည္ျပဳလူနာ ဒီေန႔ ဗုဒၶဟူးေန႔ညမွာ ေျခာက္ ေယာက္ထပ္တုိးတဲ့အတြက္ စုစုေပါင္း အတည္ျပဳလူနာ ၅၈၀ ႐ွိသြားပါၿပီ။

လူနာသစ္ေတြထဲမွာ အေမရိကန္ျပည္ေထာင္စုက ျပန္လာသူ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕က အမ်ဳိးသမီး တေယာက္ပါတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ က်န္ ၅ ေယာက္က ရခိုင္ျပည္နယ္ထဲက ျဖစ္ၾကပါတယ္။ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕က ၃ ေယာက္နဲ႔ စစ္ေတြၿမိဳ႕ကို သြားခဲ့တာေၾကာင့္ ေစာင့္ၾကည့္ခံထားရတဲ့ ေက်ာက္ေတာ္ၿမိဳ႕က ၂ ေယာက္တုိ႔ျဖစ္ၾကပါတယ္။

ဒီေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးမႈေတြကို ရန္ကုန္ၿမိဳ႕ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနမွာ ပထမအသုတ္ ဓာတ္ခြဲ နမူနာ ၄၃၉ ခု၊ ေဆးသုေတသနဦးစီးဌာနမွာ ဓာတ္ခြဲနမူနာ ၃၁၈ ခု၊ မႏၱေလးၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၇၃ ခု၊ ေမာ္လၿမိဳင္ၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၂၇၀ ခု၊ စစ္ေတြၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးမွာ ဓာတ္ခြဲနမူနာ ၂၃ ခုနဲ႔ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီးမွာ ဓာတ္ခြဲနမူနာ ၁၄၂ ခု၊ စုစုေပါင္း ၁,၂၆၅ ခု ကိုစစ္ေဆးခဲ့တာျဖစ္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ၾသဂုတ္လ ၂၆ ရက္ ည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ ၅၈၀ ေယာက္၊ ေရာဂါပိုးကင္းစင္သြားသူ ၃၄၅ ေယာက္၊ ေသဆံုးသူ ၆ ေယာက္႐ွိပါတယ္။

ၾသဂုတ္လ ၂၅ ရက္ ေန႔လယ္ ၁၂ နာရီကေန ဒီေန႔ ၾသဂုတ္လ ၂၆ ရက္ ေန႔လယ္ ၁၂ နာရီအထိ ေစာင့္ၾကည့္လူနာသစ္က ၄၇ ေယာက္႐ွိပါတယ္။

[Unicode Version]

မြန်မာ ကိုဗစ်ရောဂါကူးစက်သူ ၆ ယောက်ထပ်တိုး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာ ဒီနေ့ ဗုဒ္ဓဟူးနေ့ညမှာ ခြောက် ယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၅၈၀ ရှိသွားပါပြီ။

လူနာသစ်တွေထဲမှာ အမေရိကန်ပြည်ထောင်စုက ပြန်လာသူ စစ်ကိုင်းတိုင်း ကလေးမြို့က အမျိုးသမီး တယောက်ပါတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ကျန် ၅ ယောက်က ရခိုင်ပြည်နယ်ထဲက ဖြစ်ကြပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့က ၃ ယောက်နဲ့ စစ်တွေမြို့ကို သွားခဲ့တာကြောင့် စောင့်ကြည့်ခံထားရတဲ့ ကျောက်တော်မြို့က ၂ ယောက်တို့ဖြစ်ကြပါတယ်။

ဒီနေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုတွေကို ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ ပထမအသုတ် ဓာတ်ခွဲ နမူနာ ၄၃၉ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၃၁၈ ခု၊ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၇၃ ခု၊ မော်လမြိုင်မြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၂၇၀ ခု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၂၃ ခုနဲ့ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၁၄၂ ခု၊ စုစုပေါင်း ၁,၂၆၅ ခု ကိုစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၆ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၅၈၀ ယောက်၊ ရောဂါပိုးကင်းစင်သွားသူ ၃၄၅ ယောက်၊ သေဆုံးသူ ၆ ယောက်ရှိပါတယ်။

သြဂုတ်လ ၂၅ ရက် နေ့လယ် ၁၂ နာရီကနေ ဒီနေ့ သြဂုတ်လ ၂၆ ရက် နေ့လယ် ၁၂ နာရီအထိ စောင့်ကြည့်လူနာသစ်က ၄၇ ယောက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG