သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကုလသမဂ္ဂ ဆက်ပြီးကူညီမယ်


နေအိမ်များသို့သွားရောက်ပြီး ကိုယ်ပူချိန်တိုင်း၊ ကျန်းမာရေးစစ်တမ်းကောက်ယူနေသည့် ကျန်းမာရေးဝန်ထမ်း။ (မေ ၁၆၊ ၂၀၂၀)
နေအိမ်များသို့သွားရောက်ပြီး ကိုယ်ပူချိန်တိုင်း၊ ကျန်းမာရေးစစ်တမ်းကောက်ယူနေသည့် ကျန်းမာရေးဝန်ထမ်း။ (မေ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လတ်တလော မြင့်တက်လာတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂက သြဂုတ်လ ၂၆ ရက်နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်ထဲက လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်ချက်တွေအပြင် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး မြန်မာအစိုးရရဲ့ဆောင်ရွက်ချက်တွေကို ကုလသမဂ္ဂက ဆက်ပြီး အားပေးကူညီသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မတ်လကစပြီး COVID-19 ကပ်ရောဂါပေါ်ပေါက်လာတာမှာ ရခိုင်ပြည်နယ်က ၉၆ ဦးပါဝင်ပြီး သြဂုတ်လလယ်ကစလို့ ကူးစက်ခံရသူ ၈၀ ကျော်ရှိကြောင်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ၈၂ ဦးကတော့ ဒေသတွင်းကူးစက်ခံရတာပါ။

ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေနဲ့ အခြားဒေသတွေမှာပါ COVID-19 ကပ်ရောဂါ အသိပညာပေးလှုပ်ရှားမှုတွေကို ကုလသမဂ္ဂနဲ့ မိတ်ဖက်လူမှုရေးအဖွဲ့အစည်းတွေက လုပ်ကိုင်နေသလို သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ တကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းတွေပါ ဖြန့်ဝေပေးခဲ့တယ်လို့ ကြေငြာချက်မှာဖော်ပြထားပါတယ်။

အလှုရှင်တွေရဲ့အကူအညီတွေနဲ့ မြန်မာအစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ရခိုင်ပြည်နယ်တဝန်းက ပြည်သူ ၆၇၀,၀၀၀ နီးပါးအတွက် အခြေခံလိုအပ်ချက်တွေ၊ စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ မိလ္လာစနစ်ကောင်းမွန်ရေး စတာတွေကို လုပ်ကိုင်ပေးတဲ့နေရာမှာ ကုလသမဂ္ဂကနိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ဆက်လက် ပူးပေါင်းလုပ်ကိုင်သွားမယ်လို့လည်း ကြေငြာချက်မှာပြောထားပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် အခြားဒေသမှာ လုပ်ကိုင်နေတဲ့ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတို့ကလည်း အစိုးရနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ COVID-19 ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာလုပ်ကိုင်နေပါတယ်လို့လည်း ကုသမဂ္ဂရဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG