သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကုိဗစ္ကူးစက္သူ ၇၀ တုိး၊ တရက္အတြင္း အမ်ားဆုံးျဖစ္ 


မွတ္တမ္းဓါတ္ပံု- ဧၿပီလ ၉ ရက္ေန႔တုန္းက ရန္ကုန္ ကြာရန္တင္းစင္တာတခု

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ COVID-19 ကူးစက္သူ လူနာသစ္ အေယာက္ ၇၀ ထပ္ၿပီး ေတြ႔ရတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ၾသဂုတ္လ ၂၆ ရက္ ဗုဒၶဟူးေန႔ မနက္ ၈ နာရီမွာ ထုတ္ျပန္ေၾကညာ လိုက္ပါတယ္။ ဒါဟာ အဂၤါေန႔ အတြက္ ဒုတိယအသုတ္ ဓါတ္ခြဲနမူနာ စုစုေပါင္း ၈၂၅ ကို စစ္ေဆးရာကေန ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

၂၅ ရက္ အဂၤါေန႔အတြက္ ပထမ ဓါတ္ခြဲနမူနာစမ္းသပ္မႈ ၁၄၇၅ ခု မွာလည္း အတည္ျပဳ လူနာ ၃၀ ရွိေနတာေၾကာင့္ အဂၤါေန႔ တရက္ထည္းမွာ အကူးစက္ခံရသူ စုစုေပါင္း တရာ ျဖစ္သြားၿပီး ဒါဟာ ျမန္မာႏုိင္ငံမွာ တရက္အတြင္းကူးစက္မႈ အမ်ားဆံုး ျဖစ္သြားခဲ့တာပါ။

ဒါေၾကာင့္ အခုဆို ျမန္မာႏုိင္ငံမွာ ဒီေရာဂါ အကူးစက္ခံရသူ စုစုေပါင္းက ၅၇၄ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။ ေသဆံုးသူက ခုခ်ိန္ထိ ၆ ဦး ရွိေနသလို ကုသမႈခံယူၿပီး ေရာဂါပိုး ကင္းစင္လာသူက ၃၄၁ ဦးရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အဂၤါေန႔မွာ ထုတ္ျပန္ထားပါတယ္။

ဓါတ္ခြဲစစ္ေဆးၿပီးစီးခ်ိန္နဲ႔ သတင္းထုတ္ျပန္ခ်ိန္အၾကား အခ်ိန္တိုေတာင္းတဲ့အတြက္ ဓါတ္ခြဲအတည္ျပဳ လူနာသစ္မ်ားရဲ့ သတင္းအခ်က္လက္ အျပည့္အစံုကိုေတာ့ ေနာက္ပုိင္းမွာ ဆက္လက္ ထုတ္ျပန္ေပးမွာျဖစ္ေၾကာင္းလည္း ေဖၚျပထားပါတယ္။

အဂၤါေန႔ညေနပိုင္း အခ်ိန္အထိ ေနာက္ထပ္ အကူးစက္ခံရသူ အတည္ျပဳလူနာ ၃၀ ဟာ ရခိုင္ျပည္နယ္၊ မြန္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္နဲ႔ ရန္ကုန္တိုင္းေတြက ျဖစ္ၿပီး စစ္ေတြက တဦးနဲ႔ ဟားခါးက တဦးတို႔ကလြဲၿပီး က်န္ ၂၈ ဦးဟာ COVID-19 အတည္ျပဳ လူနာေတြနဲ႔ ထိေတြ႔ ဆက္ဆံမႈ မရွိခဲ့သလို ျပည္ပ ခရီးသြား ရာဇဝင္လည္း မရွိတဲ့ ျပည္တြင္းမွာ အကူးစက္ခံရသူေတြ ျဖစ္ပါတယ္။

ဒီအေတာအတြင္းမွာပဲ ရခုိင္ျပည္နယ္တြင္း ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္မွာ ေဒသခံေတြ အိမ္ထဲမွာပဲေနဖို႔ ၾသဂုတ္လ ၂၅ ရက္ ရက္စြဲနဲ႔ က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြး လက္မွတ္ေရးထိုးၿပီး အမိန္႔ ထုတ္ျပန္လို္က္ပါတယ္။ ေက်ာက္ျဖဴ၊ အမ္း၊ ေတာင္ကုတ္နဲ႔ သံတြဲၿမိဳ႕နယ္ေတြက လူထုအေနနဲ႔ ယာဥ္ေမာင္းသူအျပင္ တစ္အိမ္ကို တစ္ဦးပဲ ေစ်းဝယ္ထြက္ဖို႔၊ ေဆး႐ံု ေဆးခန္းသြားဖုိ႔ရွိရင္ တစ္အိမ္ကို ႏွစ္ဦးပဲသြားဖို႔၊ အျပင္ထြက္တာနဲ႔ ႏွာေခါင္းစည္းတပ္ဖို႔၊ တာဝန္အရသြားသူေတြကို ႀကိဳပို႔တဲ့ယာဥ္ေတြနဲ႔ ျဖတ္သန္းခြင့္ျပဳထားတဲ့ ယာဥ္ေတြကိုပဲ ရပ္ကြက္ေက်ာ္လြန္ သြားလာခြင့္ျပဳဖို႔ စတဲ့ ကန္႔သတ္ခ်က္ေတြ ပါဝင္တဲ့ ဒီအမိန္႔ဟာ ၾသဂုတ္လ ၂၆ ရက္၊ မနက္ ၆ နာရီကစၿပီး သက္ေရာက္မွာျဖစ္ပါတယ္။

ဒီအမိန္႔ကို မလိုက္နာရင္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒအရ အေရးယူမယ္လို႔လည္း ထုတ္ျပန္ထားတဲ့အမိန္႔ထဲမွာ ေဖာ္ျပထားပါတယ္။

.............

မြန်မာ ကိုဗစ်ကူးစက်သူ ၇၀ တိုး၊ တရက်အတွင်း အများဆုံးဖြစ်

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် အယောက် ၇၀ ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သြဂုတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒါဟာ အင်္ဂါနေ့ အတွက် ဒုတိယအသုတ် ဓါတ်ခွဲနမူနာ စုစုပေါင်း ၈၂၅ ကို စစ်ဆေးရာကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

၂၅ ရက် အင်္ဂါနေ့အတွက် ပထမ ဓါတ်ခွဲနမူနာစမ်းသပ်မှု ၁၄၇၅ ခု မှာလည်း အတည်ပြု လူနာ ၃၀ ရှိနေတာကြောင့် အင်္ဂါနေ့ တရက်ထည်းမှာ အကူးစက်ခံရသူ စုစုပေါင်း တရာ ဖြစ်သွားပြီး ဒါဟာ မြန်မာနိုင်ငံမှာ တရက်အတွင်းကူးစက်မှု အများဆုံး ဖြစ်သွားခဲ့တာပါ။

ဒါကြောင့် အခုဆို မြန်မာနိုင်ငံမှာ ဒီရောဂါ အကူးစက်ခံရသူ စုစုပေါင်းက ၅၇၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ သေဆုံးသူက ခုချိန်ထိ ၆ ဦး ရှိနေသလို ကုသမှုခံယူပြီး ရောဂါပိုး ကင်းစင်လာသူက ၃၄၁ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဓါတ်ခွဲစစ်ဆေးပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းတဲ့အတွက် ဓါတ်ခွဲအတည်ပြု လူနာသစ်များရဲ့ သတင်းအချက်လက် အပြည့်အစုံကိုတော့ နောက်ပိုင်းမှာ ဆက်လက် ထုတ်ပြန်ပေးမှာဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

အင်္ဂါနေ့ညနေပိုင်း အချိန်အထိ နောက်ထပ် အကူးစက်ခံရသူ အတည်ပြုလူနာ ၃၀ ဟာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတွေက ဖြစ်ပြီး စစ်တွေက တဦးနဲ့ ဟားခါးက တဦးတို့ကလွဲပြီး ကျန် ၂၈ ဦးဟာ COVID-19 အတည်ပြု လူနာတွေနဲ့ ထိတွေ့ ဆက်ဆံမှု မရှိခဲ့သလို ပြည်ပ ခရီးသွား ရာဇဝင်လည်း မရှိတဲ့ ပြည်တွင်းမှာ အကူးစက်ခံရသူတွေ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်တွင်း မြို့နယ် ၄ မြို့နယ်မှာ ဒေသခံတွေ အိမ်ထဲမှာပဲနေဖို့ သြဂုတ်လ ၂၅ ရက် ရက်စွဲနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး လက်မှတ်ရေးထိုးပြီး အမိန့် ထုတ်ပြန်လိုက်ပါတယ်။ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေက လူထုအနေနဲ့ ယာဉ်မောင်းသူအပြင် တစ်အိမ်ကို တစ်ဦးပဲ ဈေးဝယ်ထွက်ဖို့၊ ဆေးရုံ ဆေးခန်းသွားဖို့ရှိရင် တစ်အိမ်ကို နှစ်ဦးပဲသွားဖို့၊ အပြင်ထွက်တာနဲ့ နှာခေါင်းစည်းတပ်ဖို့၊ တာဝန်အရသွားသူတွေကို ကြိုပို့တဲ့ယာဉ်တွေနဲ့ ဖြတ်သန်းခွင့်ပြုထားတဲ့ ယာဉ်တွေကိုပဲ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုဖို့ စတဲ့ ကန့်သတ်ချက်တွေ ပါဝင်တဲ့ ဒီအမိန့်ဟာ သြဂုတ်လ ၂၆ ရက်၊ မနက် ၆ နာရီကစပြီး သက်ရောက်မှာဖြစ်ပါတယ်။

ဒီအမိန့်ကို မလိုက်နာရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူမယ်လို့လည်း ထုတ်ပြန်ထားတဲ့အမိန့်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG