သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕ေနအပါအဝင္ ျပည္တြင္းကိုဗစ္ကူးသူေတြ ထပ္တိုး


ရန္ကုန္ၿမိဳ႕ရွိ ေ၀ဘာဂီ ေဆးရံု။ (ဇန္န၀ါရီ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ ေနာက္ထပ္ ၁၁ ေယာက္ ဒီေန႔ညပိုင္းစစ္ေဆးေတြ႔႐ွိတဲ့အတြက္ စုစုေပါင္း အတည္ျပဳလူနာ ၄၇၄ ေယာက္ ႐ွိသြားပါၿပီ။

အတည္ျပဳလူနာသစ္ေတြထဲမွာ တျခားအတည္ျပဳလူနာေတြနဲ႔ ထိေတြ႔မႈ မ႐ွိသလို ျပည္ပခရီးသြားရာဇဝင္လည္း မ႐ွိသူ ေျခာက္ ေယာက္ပါၿပီး အဲဒီထဲက တေယာက္ဟာ ရန္ကုန္တိုင္းကမာ႐ြတ္ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ အမ်ဳိးသမီးျဖစ္ပါတယ္။ ဒါေပမဲ့သူဟာ စစ္ေတြၿမိဳ႕ကို ခရီးသြားခဲ့တာေၾကာင့္ အသြားအလာကန္႔သတ္ ေစာင့္ၾကည့္ခံေနရသူျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

က်န္တဲ့ အတည္ျပဳလူနာသစ္ေတြထဲမွာ ရခိုင္ျပည္နယ္ထဲကအျပင္ မြန္ျပည္နယ္ ေပါင္ၿမိဳ႕က အမ်ဳိးသားတေယာက္လည္း ပါပါတယ္။ သူကေတာ့ စကၤာပူႏိုင္ငံက ျပန္လာသူျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ထဲက လူနာသစ္ေတြကေတာ့ ျပည္ပခရီးသြားရာဇဝင္ မ႐ွိေပမဲ့ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕မႈ႐ွိသူ တခ်ဳိ႕ ပါပါတယ္။

ဒီေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးမႈေတြကိုေတာ့ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနမွာ ပထမအသုတ္ဓာတ္ခြဲနမူနာ ၄၆၅ ခု၊ ေဆးသုေတသနဦးစီးဌာနမွာ ဓာတ္ခြဲနမူနာ ၂၉၁ ခု၊ မႏၱေလးၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၉၀ ခု၊ ေမာ္လၿမိဳင္ၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၁၇၆ ခုနဲ႔ စစ္ေတြၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးမွာ ဓာတ္ခြဲနမူနာ ၄၆ ခု၊ စုစုေပါင္း ၁,၀၆၈ ခုကို စစ္ေဆးခဲ့တာျဖစ္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္အရ ၾသဂုတ္လ ၂၃ ရက္ ေန႔လယ္ ၁၂ နာရီကေန ဒီေန႔ၾသဂုတ္လ ၂၄ ရက္ ေန႔လည္ ၁၂ နာရီအထိ ေစာင့္ၾကည့္လူနာသစ္ ၃၁ ေယာက္ ႐ွိပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီေန႔ည ၈ နာရီအထိ COVID-19 ေရာဂါပိုးကင္းစင္သြားသူ ၃၄၁ ေယာက္နဲ႔ ေသဆံုးသူ ၆ ေယာက္႐ွိပါတယ္။

[Unicode Version]

ရန်ကုန်မြို့နေအပါအဝင် ပြည်တွင်းကိုဗစ်ကူးသူတွေ ထပ်တိုး

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ နောက်ထပ် ၁၁ ယောက် ဒီနေ့ညပိုင်းစစ်ဆေးတွေ့ရှိတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၄၇၄ ယောက် ရှိသွားပါပြီ။

အတည်ပြုလူနာသစ်တွေထဲမှာ တခြားအတည်ပြုလူနာတွေနဲ့ ထိတွေ့မှု မရှိသလို ပြည်ပခရီးသွားရာဇဝင်လည်း မရှိသူ ခြောက် ယောက်ပါပြီး အဲဒီထဲက တယောက်ဟာ ရန်ကုန်တိုင်းကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ စစ်တွေမြို့ကို ခရီးသွားခဲ့တာကြောင့် အသွားအလာကန့်သတ် စောင့်ကြည့်ခံနေရသူဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်တဲ့ အတည်ပြုလူနာသစ်တွေထဲမှာ ရခိုင်ပြည်နယ်ထဲကအပြင် မွန်ပြည်နယ် ပေါင်မြို့က အမျိုးသားတယောက်လည်း ပါပါတယ်။ သူကတော့ စင်္ကာပူနိုင်ငံက ပြန်လာသူဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲက လူနာသစ်တွေကတော့ ပြည်ပခရီးသွားရာဇဝင် မရှိပေမဲ့ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူ တချို့ ပါပါတယ်။

ဒီနေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုတွေကိုတော့ ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ ပထမအသုတ်ဓာတ်ခွဲနမူနာ ၄၆၅ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၂၉၁ ခု၊ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၉၀ ခု၊ မော်လမြိုင်မြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၁၇၆ ခုနဲ့ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၄၆ ခု၊ စုစုပေါင်း ၁,၀၆၈ ခုကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၃ ရက် နေ့လယ် ၁၂ နာရီကနေ ဒီနေ့သြဂုတ်လ ၂၄ ရက် နေ့လည် ၁၂ နာရီအထိ စောင့်ကြည့်လူနာသစ် ၃၁ ယောက် ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ COVID-19 ရောဂါပိုးကင်းစင်သွားသူ ၃၄၁ ယောက်နဲ့ သေဆုံးသူ ၆ ယောက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG