သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအလုပ္သမား ၁၇၀ ေက်ာ္ မေလး႐ွားကေန အေရးေပၚေလယာဥ္နဲ႔ ျပန္ေရာက္


ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေတြ႔ရတဲ့ျမင္ကြင္း။ (မတ္ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

မေလးရွားႏိုင္ငံမွာ ကပ္ေရာဂါကာလ အခက္အခဲႀကဳံေနရတဲ့ ျမန္မာအလုပ္သမား ၁၇၀ ေက်ာ္ကုိ ျမန္မာသံ႐ုံးနဲ႔ အလုပ္သမားရွာေဖြေရး ေအဂ်င္စီေတြ အစီအစဥ္နဲ႔ ေလေၾကာင္းကေန ေနရပ္ျပန္ပုိ႔ေပးခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏိုင္ငံမွာ ကုိဗစ္ကာလ ကန္႔သတ္ခ်က္ေတြေၾကာင့္ အလုပ္အကုိင္ေတြ ရပ္နားထားရခ်ိန္ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္ႀကံဳေနရတဲ့ ျမန္မာအလုပ္သမား ၁၇၀ ေက်ာ္ကုိ ေလေၾကာင္းကေန ေနရပ္ ျပန္ပုိ႔ေပးခဲ့တာပါ။ ျမန္မာသံ႐ုံးနဲ႔ အလုပ္သမား ရွာေဖြေရး ေအဂ်င္စီေတြ ပူးေပါင္းၿပီး အေရးေပၚေလယာဥ္ေတြနဲ႔ ျပန္ပုိ႔ခဲ့တာလုိ႔လည္း မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕က အလုပ္သမား သံအရာရွိ ဦးေအာင္ေဇာ္မင္း ကေျပာျပပါတယ္။

"အေယာက္အမ်ားႀကီးျဖစ္ေနတဲ့ အုပ္စုေတြကို ၂၂ ရက္ေန႔က charter flight နဲ႔ ျပန္ပုိ႔ေပးလိုက္ရတယ္။ ဒီႏိုင္ငံမွာ အလုပ္ရွင္အလုပ္သမားျပႆနာေတြရွိတယ္။ အလုပ္ရွင္ကအလုပ္ဆက္မလုပ္ေပးတာရွိတယ္။ ျပန္ျပီးမလုပ္တာတို႔ရွိတယ္။ တခ်ိဳ႕စက္ရံုက ၄၈ေယာက္ရွိတယ္။ တခ်ိဳ႕စက္ရံုက ၅၄ေယာက္ရွိတယ္။ တခ်ိဳ႕စက္ရံုက ၁၂ ေယာက္တို႔ ၁၇ ေယာက္တုိ႔ ရွိတယ္။ အခက္အခဲျဖစ္ေနတဲ့ ကုမၸဏီေတြကို စီစဥ္ေပးလိုက္တာျဖစ္တယ္။ သံရံုးကေတာ့ စီစဥ္တာေတာ့မဟုတ္ဘူး။ က်ေနာ္တုိ႔ အလုပ္သမားသံအရာရွိေတြနဲ႔ ေအဂ်င္စီေတြ ေပါင္းျပီးျပန္ပုိ႔ေပးလိုက္တာေပါ့ ၁၇၄ေယာက္ရွိတယ္။ ၁၇၅ရွိတယ္။ ေလဆိပ္မွာ တေယာက္ပါမလာေတာ့ ၁၇၄ေယာက္ပဲရွိလို႔ ပါမစ္က ေသသြားျပီး Cancel ေတြက ထုျပီးသားသံရံုးကလည္းကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔လည္း အဲဒီေလာက္အမ်ားႀကီးကို မထည့္ေပးႏုိင္ဘူး။ ဒီအတြက္ တမ်ိဳး စီစဥ္လိုက္ရတာ charter flight နဲ႔ စီစဥ္ျပီးစုေပါင္းျပီးအဲဒီလိုျပန္ပုိ႔ေပးလိုက္ရတာ။"

ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြ စတင္ထုတ္ျပန္ခဲ့တဲ့ မတ္လေလာက္ကစ အလုပ္အကိုင္နဲ႔ စားေရးေသာက္ေရး အခက္အခဲျဖစ္ေနသူေတြထဲက အလုပ္လုပ္ခြင့္ သက္တမ္းကုန္ေနတဲ့ အလုပ္သမားေတြအတြက္ စီစဥ္ေပးခဲ့တာလုိ႔လည္း ေျပာပါတယ္။

"ေနေရးထုိင္ေရးအတြက္စားေသာက္ေရးပုိခက္ခဲေနတာ ေနထုိင္ေရးက အေဆာင္မွာေနလို႔ရေသးတယ္။ စားေရးကခက္ခဲေနတယ္။ ၃ လပုိင္း ၄လပုိင္းကာလကတည္း Lock down ကာလမွာ တခ်ိဳ႕ကလည္းနားရတယ္ျပန္ျပီး လုပ္ဖို႔ကလည္း ပါမစ္က ေသေနျပီ။ အလုပ္ရွင္ေတြကလည္း ဆက္မခိုင္းေတာ့ဘူးတခ်ိဳ႕က်ေတာ့လည္း အလုပ္သမားေတြကိုယ္တိုင္ကမလုပ္ခ်င္ေတာ့တာ အဲဒါမ်ိဳးေတြျဖစ္ေနတာေပါ့။"

အခက္အခဲႀကဳံေတြ ့ေနရတဲ့ မေလးရွားႏိုင္ငံ၊ ပီနန္းၿမိဳ႕က အထည္ခ်ဳပ္စက္႐ုံမ်ားက ျမန္မာ အလုပ္သမား ၁၇၀ ကုိ ကြာလာလမ္ပူျမိဳ႕က ျမန္မာသံရံုးနဲ႔ မေလးရွားက အထည္ခ်ဳပ္ကုမၸဏီတို႔ ပူးေပါင္းျပီး ျပီးခဲ့တဲ့ တပတ္ေက်ာ္က ျပန္ပုိ႔ေပးခဲ့ရပါတယ္။"

ခန္႔မွန္းေျခ ျမန္မာႏုိင္ငံသား ၅၅၀,၀၀၀ ေလာက္ အလုပ္လုပ္ကုိင္ေနတဲ့ မေလးရွားႏုိင္ငံမွာ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြေၾကာင့္ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲေတြ ႀကံဳေနရတာပါ။ ကပ္ေရာဂါကာလ အခက္အခဲေတြၾကားမွာပဲ ျမန္မာႏုိင္ငံသားေတြထဲက ကုိယ့္ကုိယ္ကုိ အဆုံးစီရင္ခဲ့သူ ၁၄ဦး ရွိခဲ့သလုိ၊ ေနရပ္ျပန္ဖုိ႔ တရားမ၀င္ နည္းလမ္းေတြက ႀကိဳးပမ္းရာက ဖမ္းဆီးခံရသူေတြလည္း အမ်ားအျပား ရွိေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအလုပ်သမား ၁၇၀ ကျော် မလေးရှားကနေ အရေးပေါ်လေယာဉ်နဲ့ ပြန်ရောက်

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ အခက်အခဲကြုံနေရတဲ့ မြန်မာအလုပ်သမား ၁၇၀ ကျော်ကို မြန်မာသံရုံးနဲ့ အလုပ်သမားရှာဖွေရေး အေဂျင်စီတွေ အစီအစဉ်နဲ့ လေကြောင်းကနေ နေရပ်ပြန်ပို့ပေးခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်တွေ ရပ်နားထားရချိန် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်ကြုံနေရတဲ့ မြန်မာအလုပ်သမား ၁၇၀ ကျော်ကို လေကြောင်းကနေ နေရပ် ပြန်ပို့ပေးခဲ့တာပါ။ မြန်မာသံရုံးနဲ့ အလုပ်သမား ရှာဖွေရေး အေဂျင်စီတွေ ပူးပေါင်းပြီး အရေးပေါ်လေယာဉ်တွေနဲ့ ပြန်ပို့ခဲ့တာလို့လည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်း ကပြောပြပါတယ်။

"အယောက်အများကြီးဖြစ်နေတဲ့ အုပ်စုတွေကို ၂၂ ရက်နေ့က charter flight နဲ့ ပြန်ပို့ပေးလိုက်ရတယ်။ ဒီနိုင်ငံမှာ အလုပ်ရှင်အလုပ်သမားပြဿနာတွေရှိတယ်။ အလုပ်ရှင်ကအလုပ်ဆက်မလုပ်ပေးတာရှိတယ်။ ပြန်ပြီးမလုပ်တာတို့ရှိတယ်။ တချို့စက်ရုံက ၄၈ယောက်ရှိတယ်။ တချို့စက်ရုံက ၅၄ယောက်ရှိတယ်။ တချို့စက်ရုံက ၁၂ ယောက်တို့ ၁၇ ယောက်တို့ ရှိတယ်။ အခက်အခဲဖြစ်နေတဲ့ ကုမ္ပဏီတွေကို စီစဉ်ပေးလိုက်တာဖြစ်တယ်။ သံရုံးကတော့ စီစဉ်တာတော့မဟုတ်ဘူး။ ကျနော်တို့ အလုပ်သမားသံအရာရှိတွေနဲ့ အေဂျင်စီတွေ ပေါင်းပြီးပြန်ပို့ပေးလိုက်တာပေါ့ ၁၇၄ယောက်ရှိတယ်။ ၁၇၅ရှိတယ်။ လေဆိပ်မှာ တယောက်ပါမလာတော့ ၁၇၄ယောက်ပဲရှိလို့ ပါမစ်က သေသွားပြီး Cancel တွေက ထုပြီးသားသံရုံးကလည်းကယ်ဆယ်ရေးလေယာဉ်တွေနဲ့လည်း အဲဒီလောက်အများကြီးကို မထည့်ပေးနိုင်ဘူး။ ဒီအတွက် တမျိုး စီစဉ်လိုက်ရတာ charter flight နဲ့ စီစဉ်ပြီးစုပေါင်းပြီးအဲဒီလိုပြန်ပို့ပေးလိုက်ရတာ။"

ကပ်ရောဂါကာလ ကန့်သတ်ချက်တွေ စတင်ထုတ်ပြန်ခဲ့တဲ့ မတ်လလောက်ကစ အလုပ်အကိုင်နဲ့ စားရေးသောက်ရေး အခက်အခဲဖြစ်နေသူတွေထဲက အလုပ်လုပ်ခွင့် သက်တမ်းကုန်နေတဲ့ အလုပ်သမားတွေအတွက် စီစဉ်ပေးခဲ့တာလို့လည်း ပြောပါတယ်။

"နေရေးထိုင်ရေးအတွက်စားသောက်ရေးပိုခက်ခဲနေတာ နေထိုင်ရေးက အဆောင်မှာနေလို့ရသေးတယ်။ စားရေးကခက်ခဲနေတယ်။ ၃ လပိုင်း ၄လပိုင်းကာလကတည်း Lock down ကာလမှာ တချို့ကလည်းနားရတယ်ပြန်ပြီး လုပ်ဖို့ကလည်း ပါမစ်က သေနေပြီ။ အလုပ်ရှင်တွေကလည်း ဆက်မခိုင်းတော့ဘူးတချို့ကျတော့လည်း အလုပ်သမားတွေကိုယ်တိုင်ကမလုပ်ချင်တော့တာ အဲဒါမျိုးတွေဖြစ်နေတာပေါ့။"

အခက်အခဲကြုံတွေ့နေရတဲ့ မလေးရှားနိုင်ငံ၊ ပီနန်းမြို့က အထည်ချုပ်စက်ရုံများက မြန်မာ အလုပ်သမား ၁၇၀ ကို ကွာလာလမ်ပူမြို့က မြန်မာသံရုံးနဲ့ မလေးရှားက အထည်ချုပ်ကုမ္ပဏီတို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ တပတ်ကျော်က ပြန်ပို့ပေးခဲ့ရပါတယ်။"

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတာပါ။ ကပ်ရောဂါကာလ အခက်အခဲတွေကြားမှာပဲ မြန်မာနိုင်ငံသားတွေထဲက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သူ ၁၄ဦး ရှိခဲ့သလို၊ နေရပ်ပြန်ဖို့ တရားမဝင် နည်းလမ်းတွေက ကြိုးပမ်းရာက ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေပါတယ်ရှင်။

XS
SM
MD
LG