သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ေရႊ႕ေျပာင္းအလုပ္သမားကန္႔သတ္တဲ့ဥပေဒ မေလးရွားအစုိးရ ျပန္ေျဖေလွ်ာ့


(Zawgyi/Unicode)

မေလးရွားနိုင္ငံအတြင္း ေရႊ႕ေျပာင္းအလုပ္သမားေတြ ငွားရမ္း အသုံးျပဳတာကို ပိတ္ပင္တဲ့ စည္းမ်ဥ္း ဥပေဒ အသစ္ေတြကို မေလးရွား အစိုးရက ျပန္ၿပီး ေျဖေလၽွာ့ေပးလိုက္ၿပီ ျဖစ္ပါတယ္။ ဒီ စည္းမ်ဥ္းေတြဟာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ က်ဆင္းေနတဲ့ မေလးစီးပြားေရး ကို ျပန္လည္ နာလန္ထူေရးကို အႀကီးအက်ယ္ ထိခိုက္ေစလိမ့္မယ္လို႔ စီးပြားေရး လုပ္ငန္းအုပ္စုေတြက သတိေပးအၿပီးမွာ အခုလို စည္းမ်ဥ္းသစ္ေတြကို ေျဖေလၽွာ့ေပးေၾကာင္း မေလး လူသား အရင္းအျမစ္ ဝန္ႀကီးဌာနက ေၾကညာခဲ့တာ ျဖစ္ပါတယ္။

စည္းမ်ဥ္းဥပေဒအသစ္ေတြအရ နိုင္ငံျခားသား ေရႊ႕ေျပာင္းလုပ္သားေတြကို စိုက္ပ်ိဳးေရးနဲ႔ ေဆာက္လုပ္ေရးက႑ေတြမွာသာ ငွားရမ္း အသုံးျပဳခြင့္ေပးထားၿပီး က်န္တဲ့ လုပ္ငန္းေတြမွာ အသစ္ငွားရမ္း အသုံးျပဳခြင့္ကို ပိတ္ပင္ခဲ့တာ ျဖစ္ပါတယ္။ COVID ေၾကာင့္ အလုပ္လက္မဲ့ ျဖစ္ခဲ့ရတဲ့ မေလးနိုင္ငံသားေတြ အလုပ္အကိုင္ ျပန္ရေရးကို ရည္ရြယ္ၿပီး ဒီ စည္းမ်ဥ္းေတြကို ထုတ္ျပန္တာ လို႔ မေလးအစိုးရက ေျပာပါတယ္။

ဒါေပမဲ့ အခုေတာ့ လုပ္ငန္း က႑အားလုံးမွာ ေရႊ႕ေျပာင္းလုပ္သားေတြကို ငွားရမ္း အသုံးျပဳ နိုင္တယ္လို႔လူသားအရင္းအျမစ္ဆိုင္ရာ ဝန္ႀကီး Saravanan Murugan က ၿပီးခဲ့တဲ့ အပတ္ထဲ ျပန္လည္ ေၾကညာခဲ့ပါတယ္။ အခုလို ေျဖေလၽွာေပးတယ္ ဆိုေပမဲ့ ဝန္ႀကီး Murugan ရဲ့ ေၾကညာခ်က္မွာ ႁခြင္းခ်က္ေတြကလည္း ပါဝင္ေနပါတယ္။

ငွားရမ္းမယ့္နိုင္ငံျခားသား အလုပ္သမားေတြဟာ နိုင္ငံတြင္း ေရာက္ရွိၿပီးေနသူေတြ ျဖစ္ရမွာ ျဖစ္သလို သူတို႔လက္ထဲ တရားဝင္ အလုပ္လုပ္ခြင့္ ပါမစ္ ရွိရမယ္လို႔လည္း ေျပာပါတယ္။​ ဒါ့အျပင္ အဲဒီ လုပ္သား ေတြဟာ လုပ္ငန္းက႑တူတစ္ခုအတြင္း လုပ္ကိုင္ေနသူေတြ ျဖစ္ၿပီး လုပ္ငန္းက႑တစ္ခုကေန ေနာက္တစ္ခုကို ကူးေျပာင္း လုပ္ကိုင္ခြင့္ မရွိဘူးလို႔လည္း ဝန္ႀကီး Saravanan Murugan ျဖည့္စြက္ ေျပာထား ပါတယ္။

မေလး အစိုးရရဲ့ ေၾကညာခ်က္ကို တစ္ခ်ိဳ႕ လုပ္ငန္းရွင္ေတြက ႀကိဳဆိုေပမဲ့ တစ္ခ်ိဳ႕က တားျမစ္ခ်က္ေတြ အားလုံး ေျဖေလၽွာ့ ေပးသင့္ တယ္လို႔ ေျပာပါတယ္။

ဒီ အေျခအေနေအာက္မွာ ေရႊ႕ေျပာင္းလုပ္သားေတြကို ငွားရမ္းဖို႔ အခက္အခဲ ရွိေနတယ္လို႔ မေလးအလုပ္ရွင္မ်ား ဖက္ဒေရးရွင္းက အမႈေဆာင္ ဒါရိုက္တာ Shamsuddin Bardan က ေျပာပါတယ္။ ေရႊ႕ေျပာင္းလုပ္သားေတြ လုပ္ငန္း က႑တစ္ခုက ေနာက္တစ္ခုကို ေျပာင္းလဲလုပ္ကိုင္ခြင့္ မရရင္ မေလး ဆီအုန္း စိုက္ပ်ိဳးေရး လုပ္ငန္းမွာ လုပ္သား အင္အား ျပတ္လပ္မႈ အမ်ားဆုံး ၾကဳံေတြ႕ရနိုင္ေၾကာင္း၊ ဒါေပမဲ့ က်န္းမာေရးဆိုင္ရာ အကာအကြယ္ ပစၥည္းေတြထုတ္လုပ္တဲ့ လုပ္ငန္းလို စက္မႈ လက္မႈက႑ထဲက လုပ္သားေတြ ကေတာ့ အဲဒီက႑ထဲမွာပဲ တျခား အလုပ္ေတြ ေျပာင္းလဲ လုပ္ကိုင္နိုင္တဲ့ အခြင့္အေရး ဆက္လက္ ရွိေနဦးမွာ ျဖစ္ေၾကာင္း Shamsuddin က ေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

............

ရွှေ့ပြောင်းအလုပ်သမားကန့်သတ်တဲ့ဥပဒေ မလေးရှားအစိုးရ ပြန်ဖြေလျှော့
(Unicode)

မလေးရှားနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေ ငှားရမ်း အသုံးပြုတာကို ပိတ်ပင်တဲ့ စည်းမျဉ်း ဥပဒေ အသစ်တွေကို မလေးရှား အစိုးရက ပြန်ပြီး ဖြေလျှော့ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီ စည်းမျဉ်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျဆင်းနေတဲ့ မလေးစီးပွားရေး ကို ပြန်လည် နာလန်ထူရေးကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်လို့ စီးပွားရေး လုပ်ငန်းအုပ်စုတွေက သတိပေးအပြီးမှာ အခုလို စည်းမျဉ်းသစ်တွေကို ဖြေလျှော့ပေးကြောင်း မလေး လူသား အရင်းအမြစ် ဝန်ကြီးဌာနက ကြေညာခဲ့တာ ဖြစ်ပါတယ်။

စည်းမျဉ်းဥပဒေအသစ်တွေအရ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေမှာသာ ငှားရမ်း အသုံးပြုခွင့်ပေးထားပြီး ကျန်တဲ့ လုပ်ငန်းတွေမှာ အသစ်ငှားရမ်း အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ COVID ကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ မလေးနိုင်ငံသားတွေ အလုပ်အကိုင် ပြန်ရရေးကို ရည်ရွယ်ပြီး ဒီ စည်းမျဉ်းတွေကို ထုတ်ပြန်တာ လို့ မလေးအစိုးရက ပြောပါတယ်။

ဒါပေမဲ့ အခုတော့ လုပ်ငန်း ကဏ္ဍအားလုံးမှာ ရွှေ့ပြောင်းလုပ်သားတွေကို ငှားရမ်း အသုံးပြု နိုင်တယ်လို့လူသားအရင်းအမြစ်ဆိုင်ရာ ဝန်ကြီး Saravanan Murugan က ပြီးခဲ့တဲ့ အပတ်ထဲ ပြန်လည် ကြေညာခဲ့ပါတယ်။ အခုလို ဖြေလျှောပေးတယ် ဆိုပေမဲ့ ဝန်ကြီး Murugan ရဲ့ ကြေညာချက်မှာ ခြွင်းချက်တွေကလည်း ပါဝင်နေပါတယ်။

ငှားရမ်းမယ့်နိုင်ငံခြားသား အလုပ်သမားတွေဟာ နိုင်ငံတွင်း ရောက်ရှိပြီးနေသူတွေ ဖြစ်ရမှာ ဖြစ်သလို သူတို့လက်ထဲ တရားဝင် အလုပ်လုပ်ခွင့် ပါမစ် ရှိရမယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အဲဒီ လုပ်သား တွေဟာ လုပ်ငန်းကဏ္ဍတူတစ်ခုအတွင်း လုပ်ကိုင်နေသူတွေ ဖြစ်ပြီး လုပ်ငန်းကဏ္ဍတစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်း လုပ်ကိုင်ခွင့် မရှိဘူးလို့လည်း ဝန်ကြီး Saravanan Murugan ဖြည့်စွက် ပြောထား ပါတယ်။

မလေး အစိုးရရဲ့ ကြေညာချက်ကို တစ်ချို့ လုပ်ငန်းရှင်တွေက ကြိုဆိုပေမဲ့ တစ်ချို့က တားမြစ်ချက်တွေ အားလုံး ဖြေလျှော့ ပေးသင့် တယ်လို့ ပြောပါတယ်။

ဒီ အခြေအနေအောက်မှာ ရွှေ့ပြောင်းလုပ်သားတွေကို ငှားရမ်းဖို့ အခက်အခဲ ရှိနေတယ်လို့ မလေးအလုပ်ရှင်များ ဖက်ဒရေးရှင်းက အမှုဆောင် ဒါရိုက်တာ Shamsuddin Bardan က ပြောပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ လုပ်ငန်း ကဏ္ဍတစ်ခုက နောက်တစ်ခုကို ပြောင်းလဲလုပ်ကိုင်ခွင့် မရရင် မလေး ဆီအုန်း စိုက်ပျိုးရေး လုပ်ငန်းမှာ လုပ်သား အင်အား ပြတ်လပ်မှု အများဆုံး ကြုံတွေ့ရနိုင်ကြောင်း၊ ဒါပေမဲ့ ကျန်းမာရေးဆိုင်ရာ အကာအကွယ် ပစ္စည်းတွေထုတ်လုပ်တဲ့ လုပ်ငန်းလို စက်မှု လက်မှုကဏ္ဍထဲက လုပ်သားတွေ ကတော့ အဲဒီကဏ္ဍထဲမှာပဲ တခြား အလုပ်တွေ ပြောင်းလဲ လုပ်ကိုင်နိုင်တဲ့ အခွင့်အရေး ဆက်လက် ရှိနေဦးမှာ ဖြစ်ကြောင်း Shamsuddin က ထောက်ပြထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG