သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားက ျပန္လာရသူေတြ နစ္နာေၾကးမရတဲ့အျပင္ ေလယာဥ္လက္မွတ္ဖိုး ျပန္ေတာင္းခံရ


မေလးရွားျပန္ ျမန္မာ အလုပ္သမားေတြ ျမန္မာအလုပ္သမား၀န္ႀကီးဌာနမွာ သြားေရာက္ညိွႏိႈင္းခဲ့ၾကတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

မေလးရွားႏုိင္ငံက ျမန္မာသံ႐ုံးအနီး စြန္႔ပစ္ခံခဲ့ရၿပီးေနာက္ ေနရပ္ျပန္လာၾကတဲ့ ျမန္မာအလုပ္သမားေတြ စာခ်ဳပ္ပါ အခြင့္အေရးရဖုိ႔ ႀကိဳးစားေနေပမဲ့ ေျပလည္မႈမရဘဲ ျဖစ္ေနတဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

မေလးရွားႏိုင္ငံက ျမန္မာသံ႐ုံးအနီး ေမလထဲမွာ စြန္႔ပစ္ခံခဲ့ရၿပီး ေနာက္တလမွာပဲ ေနရပ္ျပန္ခြင့္ရခဲ့ၾကတဲ့ ျမန္မာအလုပ္သမား ၁၉ ေယာက္ဟာ စာခ်ဳပ္ပါအခြင့္အေရးေတြ ရဖုိ႔ဆုိၿပီး အလုပ္သမားေစလႊတ္တဲ့ ကုမၸဏီကုိ ေတာင္းဆုိေနေပမဲ့ ေျပလည္မႈ မရဘဲ ျဖစ္ေနတာပါ။ မေလးရွားႏုိင္ငံ Selangor ျပည္နယ္မွာ အလုပ္သမားေစလႊတ္တဲ့ ကုမၸဏီတခုရဲ႕ အစီအစဥ္နဲ႔ ေရာက္လာခဲ့ၿပီးေနာက္ ၄ လေလာက္ အလုပ္အကုိင္မရပဲ အခက္အခဲေတြနဲ႔ ႀကံဳခဲ့ရတဲ့ အလုပ္သမားေတြဘက္က ထုိက္သင့္တဲ့ နစ္နာေၾကးရဖုိ႔ဆုိၿပီး အလုပ္သမား၀န္ႀကီးဌာန တာ၀န္ရွိသူေတြေရွ႕ေမွာက္ ကုမၸဏီတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးခဲ့ေပမဲ့ ေျပလည္မႈမရတဲ့အျပင္ ေနရပ္ျပန္ခဲ့စဥ္က ေလယာဥ္စရိတ္ကုိပါ ျပန္ေပးဖုိ႔ ကုမၸဏီဘက္ ေျပာဆုိခဲ့တယ္လုိ႔လည္း အလုပ္သမားတေယာက္က ေျပာပါတယ္။

"မေလးရွားႏိုင္ငံကုိ စေရာက္ျပီးကတည္းက က်ေနာ္တို႔ ၄ လလံုး စက္ရံုမွာ ၾကက္ကေလး ငွက္ကေလးလိုထားပါတယ္။ စားနပ္ရိကၡာကို သူေဌးကလည္း မေပးပါဘူး။ ေအဂ်င္စီကလည္းမေပးပါဘူး။ က်ေနာ္တို႔ ျမန္မာျပည္ကုိ ျပန္ေရာက္ေတာ့လည္း က်ေနာ္တို႔ ၄လတာ ေလွာင္ပိတ္ခံထားရတဲ့ လစာနစ္နာေၾကး မေပးဘဲ သူ႔ကို မေလးရွားရစ္းဂစ္ ၁၆၀၀ ျပန္ေပးရမယ္ဆုိတာ အဆင္မေျပပါဘူး။ ေနာက္တခုက ျမန္မာႏိုင္ငံကုိယ္စားျပဳသံအမတ္ႀကီးကုိယ္တိုင္ က်ေနာ္တို႔ကိစၥေတြကုိ ညွိႏိႈင္းျပီး က်ေနာ္တုိ႔ကုိ ျပန္ပုိ႔ပါတယ္။ ေအဂ်င္စီက ဦးစန္းတင့္ဦးကေတာ့ သံအမတ္ႀကီးကို သူ့ပုိက္ဆံပုိျပီးညိွႏိႈင္းျပီး ျပန္ပို႔ေပးတာလို႔ ေျပာပါတယ္ က်ေနာ္တို့ အလုပ္သမား၀န္ႀကီးဌာန ဒုလက္ေထာက္ညႊန္ၾကားေရးမွဴးေတြ ေရွ႕မွာ သူ့ ပုိက္ဆံ အကုန္ခံထားရတဲ့အတြက္ က်ေနာ္တုိ႔ကို မေလ်ာ္ႏိုင္တဲ့အျပင္ က်ေနာ္တုိ႔က သူကို မေလးရွားရင္းဂစ္ ၁,၆၀၀ ေတာင္ျပန္ေပးရမယ္ေျပာပါတယ္။"

မေလးရွားႏိုင္ငံက ျမန္မာသံ႐ံုး ကိုယ္စားျပဳျပီး ျမန္မာႏုိင္ငံသားေတြကုိ အကူအညီေပးေနတဲ့ ဦးသီဟေမာင္ေမာင္ကေတာ့ ျမန္မာသံ႐ုံးကစီစဥ္တဲ့ ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔ ေနရပ္ျပန္ခဲ့ၾကတဲ့ ၁၉ ေယာက္က ေလယာဥ္လက္မွတ္ခက်ခံၿပီး ျပန္သြားတာမဟုတ္ပါဘူးလို႔ ေျပာပါတယ္။

"ျမန္မာသံရံုးဘက္ကေန စီစဥ္ျပီးျပန္ပုိ႔ေပးလိုက္တာ၊ သူတို႔တုန္းက ေငြမေပးရဘူး၊ သူတုိ႔က စြန္႔ပစ္လည္း ခံရတယ္။ အမႈလည္း ရွိေနေတာ့ ျမန္မာသံရံုးက ကူညီေပးလိုက္တာပါ။ သံအမတ္ႀကီးစီစဥ္ေပးလိုက္မႈနဲ႔ သူတို႔ တျပားမွ မေပးရဘူးေပါ့ေနာ္။ အဲဒီေလယာဥ္မွာ သူတို႔ ၁၉ ေယာက္ပဲ မေပးရတာ၊ က်န္တဲ့သူေတြကေတာ့ အကုန္ေပးရပါတယ္။"

မေလးရွားႏုိင္ငံကုိ ေဖေဖာ္၀ါရီလက ေရာက္သြားခ်ိန္မွာလည္း ကုမၸဏီနဲ႔ စာခ်ဳပ္ထားတဲ့ လုပ္ငန္းခြင္မွာ အလုပ္လုပ္ခြင့္ မရခဲ့ၾကသလုိ၊ သေဘာတူထားတဲ့အတုိင္း လုပ္အားခမရခဲ့ဘူးလုိ႔လည္း အလုပ္သမားေတြက ေျပာပါတယ္။ မေလးရွားႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါကာလ ႀကံဳေနရခ်ိန္ ၄ လေလာက္ အတြင္းမွာလည္း အလုပ္အကုိင္ အခက္အခဲေတြ ႀကံဳခဲ့ရသလုိ ေနာက္ပုိင္းမွာေတာ့ အလုပ္ရွင္က အလုပ္သမားေတြရဲ႕ ႏိုင္ငံကူးစာအုပ္ေတြကို သိမ္းဆည္းၿပီး ျမန္မာသံရံုးအနီး စြန္႔ပစ္သြားခဲ့တယ္လုိ႔လည္း ေျပာပါတယ္။ ျမန္မာအလုပ္သမားေတြကုိ ပုိ႔ေဆာင္ေပးခဲ့တဲ့ Grand White Star အလုပ္သမား ေအဂ်င္စီဒါ႐ုိက္တာ ဦးစန္းတင့္ဦး ကေတာ့ အလုပ္သမားေတြဘက္က စာခ်ဳပ္ပါ အခ်က္ေတြကုိ လုိက္နာမႈမရွိခဲ့ပဲ သူတုိ႔သေဘာနဲ႔ ျပန္ဖို႔လုပ္တာလုိ႔ ေျပာပါတယ္။

"သူတို႔ကျပန္ဖို႔ကုိ Request လုပ္ထားတာေလ လက္ေဗြ လက္မွတ္ လုပ္ထားတာေလ ျပန္မယ္ဆုိရင္အလုပ္ရွင္က ျပန္ပုိ႔တာ ရွိတယ္။ ကိုယ့္ဖာသာျပန္မယ္ဆိုရင္စရိတ္ေတြ အကုန္လံုးက ကုိယ့္ရဲ႕ တာ၀န္ျဖစ္သြားတာေပါ့ဗ်ာ။"

ခန္႔မွန္းေျခ ျမန္မာႏုိင္ငံသား ၅၅၀,၀၀၀ ေလာက္ အလုပ္လုပ္ကုိင္ေနတဲ့ မေလးရွားႏုိင္ငံမွာ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြေၾကာင့္ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲေတြ ႀကံဳေနရတာပါ။ ကပ္ေရာဂါကာလ အခက္အခဲေတြၾကားမွာပဲ ျမန္မာႏုိင္ငံသားေတြထဲက ကုိယ့္ကုိယ္ကုိ အဆုံးစီရင္ခဲ့သူ ၁၄ ဦး ရွိခဲ့သလုိ၊ ေနရပ္ျပန္ဖုိ႔ တရားမ၀င္ နည္းလမ္းေတြက ႀကိဳးပမ္းရာက ဖမ္းဆီးခံရသူေတြလည္း အမ်ားအျပား ရွိေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားက ပြန်လာရသူတွေ နစ်နာကြေးမရတဲ့အပြင် လေယာဉ်လက်မှတ်ဖိုး ပြန်တောင်းခံရ

မလေးရှားနိုင်ငံက မြန်မာသံရုံးအနီး စွန့်ပစ်ခံခဲ့ရပြီးနောက် နေရပ်ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေ စာချုပ်ပါအခွင့်အရေးရဖို့ ကြိုးစားနေပေမဲ့ ပြေလည်မှုမရဘဲ ဖြစ်နေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

မလေးရှားနိုင်ငံက မြန်မာသံရုံးအနီး မေလထဲမှာ စွန့်ပစ်ခံခဲ့ရပြီး နောက်တလမှာပဲ နေရပ်ပြန်ခွင့်ရခဲ့ကြတဲ့ မြန်မာအလုပ်သမား ၁၉ ယောက်ဟာ စာချုပ်ပါအခွင့်အရေးတွေ ရဖို့ဆိုပြီး အလုပ်သမားစေလွှတ်တဲ့ ကုမ္ပဏီကို တောင်းဆိုနေပေမဲ့ ပြေလည်မှု မရဘဲ ဖြစ်နေတာပါ။ မလေးရှားနိုင်ငံ Selangor ပြည်နယ်မှာ အလုပ်သမားစေလွှတ်တဲ့ ကုမ္ပဏီတခုရဲ့ အစီအစဉ်နဲ့ ရောက်လာခဲ့ပြီးနောက် ၄ လလောက် အလုပ်အကိုင်မရပဲ အခက်အခဲတွေနဲ့ ကြုံခဲ့ရတဲ့ အလုပ်သမားတွေဘက်က ထိုက်သင့်တဲ့ နစ်နာကြေးရဖို့ဆိုပြီး အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေရှေ့မှောက် ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှုမရတဲ့အပြင် နေရပ်ပြန်ခဲ့စဉ်က လေယာဉ်စရိတ်ကိုပါ ပြန်ပေးဖို့ ကုမ္ပဏီဘက် ပြောဆိုခဲ့တယ်လို့လည်း အလုပ်သမားတယောက်က ပြောပါတယ်။

"မလေးရှားနိုင်ငံကို စရောက်ပြီးကတည်းက ကျနော်တို့ ၄လလုံး စက်ရုံမှာ ကြက်ကလေး ငှက်ကလေးလိုထားပါတယ်။ စားနပ်ရိက္ခာကို သူဌေးကလည်း မပေးပါဘူး။ အေဂျင်စီကလည်းမပေးပါဘူး။ ကျနော်တို့ မြန်မာပြည်ကို ပြန်ရောက်တော့လည်း ကျနော်တို့ ၄လတာ လှောင်ပိတ်ခံထားရတဲ့ လစာနစ်နာကြေး မပေးဘဲ သူ့ကို မလေးရှားရစ်းဂစ် ၁၆၀၀ ပြန်ပေးရမယ်ဆိုတာ အဆင်မပြေပါဘူး။ နောက်တခုက မြန်မာနိုင်ငံကိုယ်စားပြုသံအမတ်ကြီးကိုယ်တိုင် ကျနော်တို့ကိစ္စတွေကို ညှိနှိုင်းပြီး ကျနော်တို့ကို ပြန်ပို့ပါတယ်။ အေဂျင်စီက ဦးစန်းတင့်ဦးကတော့ သံအမတ်ကြီးကို သူ့ပိုက်ဆံပိုပြီးညှိနှိုင်းပြီး ပြန်ပို့ပေးတာလို့ ပြောပါတယ် ကျနော်တို့ အလုပ်သမားဝန်ကြီးဌာန ဒုလက်ထောက်ညွှန်ကြားရေးမှူးတွေ ရှေ့မှာ သူ့ ပိုက်ဆံ အကုန်ခံထားရတဲ့အတွက် ကျနော်တို့ကို မလျော်နိုင်တဲ့အပြင် ကျနော်တို့က သူကို မလေးရှားရင်းဂစ် ၁,၆၀၀ တောင်ပြန်ပေးရမယ်ပြောပါတယ်။"

မလေးရှားနိုင်ငံက မြန်မာသံရုံး ကိုယ်စားပြုပြီး မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ ဦးသီဟမောင်မောင်ကတော့ မြန်မာသံရုံးကစီစဉ်တဲ့ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ နေရပ်ပြန်ခဲ့ကြတဲ့ ၁၉ ယောက်က လေယာဉ်လက်မှတ်ခကျခံပြီး ပြန်သွားတာမဟုတ်ပါဘူးလို့ ပြောပါတယ်။

"မြန်မာသံရုံးဘက်ကနေ စီစဉ်ပြီးပြန်ပို့ပေးလိုက်တာ သူတို့တုန်းက ငွေမပေးရဘူး သူတို့က စွန့်ပစ်လည်း ခံရတယ်။ အမှုလည်း ရှိနေတော့ မြန်မာသံရုံးက ကူညီပေးလိုက်တာပါ။ သံအမတ်ကြီးစီစဉ်ပေးလိုက်မှုနဲ့ သူတို့ တပြားမှ မပေးရဘူးပေါ့နော်။ အဲဒီလေယာဉ်မှာ သူတို့ ၁၉ ယောက်ပဲ မပေးရတာ ကျန်တဲ့သူတွေကတော့ အကုန်ပေးရပါတယ်။"

မလေးရှားနိုင်ငံကို ဖေဖော်ဝါရီလက ရောက်သွားချိန်မှာလည်း ကုမ္ပဏီနဲ့ စာချုပ်ထားတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ခွင့် မရခဲ့ကြသလို၊ သဘောတူထားတဲ့အတိုင်း လုပ်အားခမရခဲ့ဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။ မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာလ ကြုံနေရချိန် ၄ လလောက် အတွင်းမှာလည်း အလုပ်အကိုင် အခက်အခဲတွေ ကြုံခဲ့ရသလို နောက်ပိုင်းမှာတော့ အလုပ်ရှင်က အလုပ်သမားတွေရဲ့ နိုင်ငံကူးစာအုပ်တွေကို သိမ်းဆည်းပြီး မြန်မာသံရုံးအနီး စွန့်ပစ်သွားခဲ့တယ်လို့လည်း ပြောပါတယ်။ မြန်မာအလုပ်သမားတွေကို ပို့ဆောင်ပေးခဲ့တဲ့ Grand White Star အလုပ်သမား အေဂျင်စီဒါရိုက်တာ ဦးစန်းတင့်ဦး ကတော့ အလုပ်သမားတွေဘက်က စာချုပ်ပါ အချက်တွေကို လိုက်နာမှုမရှိခဲ့ပဲ သူတို့သဘောနဲ့ ပြန်ဖို့လုပ်တာလို့ ပြောပါတယ်။

"သူတို့ကပြန်ဖို့ကို Request လုပ်ထားတာလေ လက်ဗွေ လက်မှတ် လုပ်ထားတာလေ ပြန်မယ်ဆိုရင်အလုပ်ရှင်က ပြန်ပို့တာ ရှိတယ်။ ကိုယ့်ဖာသာပြန်မယ်ဆိုရင်စရိတ်တွေ အကုန်လုံးက ကိုယ့်ရဲ့ တာဝန်ဖြစ်သွားတာပေါ့ဗျာ။"

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတာပါ။ ကပ်ရောဂါကာလ အခက်အခဲတွေကြားမှာပဲ မြန်မာနိုင်ငံသားတွေထဲက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သူ ၁၄ ဦး ရှိခဲ့သလို၊ နေရပ်ပြန်ဖို့ တရားမဝင် နည်းလမ်းတွေက ကြိုးပမ်းရာက ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေပါတယ်ရှင်။

XS
SM
MD
LG