သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပလုပ္သားေတြကို ခဲြျခားမႈေ၀ဖန္သူကို မေလးရွား ဖမ္းဆီး


မေလးရွားႏိုင္ငံ Kuala Lumpur ၿမိဳ႕။

[Zawgyi/Unicode]

မေလးရွားႏုိင္ငံက ျပည္ပေရႊ႕ေျပာင္း အလုပ္သမားေတြအေပၚ ျပဳမူဆက္ဆံပံုနဲ႔ ပတ္သက္လို႔ ႐ုပ္သံအထူးသတင္းလႊာတခုမွာ ေဝဖန္ေျပာဆိုခဲ့တဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံသား တဦးကို ဖမ္းဆီးထားၿပီး ႏုိင္ငံက ႏွင္ထုတ္မယ္လုိ႔ ၿခိမ္းေျခာက္ထားတာဟာ မေလးရွားမွာ သတင္းလြတ္လပ္ခြင့္ ေလ်ာ့နည္းက်ဆင္းလာတာကို ျပေနတယ္လုိ႔ သတင္းလြတ္လပ္ခြင့္ဆိုင္ရာအဖြဲ႔ေတြက ေဝဖန္ေျပာဆိုၾကပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ဘဂၤလားေဒ့ရွ္အလုပ္သမား Mohamad Rayhan Kabir က အယ္လ္ဂ်ာဇီးရား ႐ုပ္သံသတင္းဌာနရဲ႕ 101 East ဆိုတဲ့ အစီအစဥ္နဲ႔ ေတြ႔ဆံုေျပာဆိုခဲ့ၿပီးတဲ့ေနာက္ သူ႔ရဲ႕ အလုပ္လုပ္ခြင့္လက္မွတ္ကို မေလးရွားအာဏာပိုင္ေတြက ႐ုပ္သိမ္းခဲ့ၿပီး ေနာက္ သီတင္းပတ္အေတာ္ၾကာမွာေတာ့ သူ႔ကို ဖမ္းလိုက္တာပါ။

မေလးရွားအစိုးရဟာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္တားဆီးေရးဆိုၿပီး လုပ္ေဆာင္တဲ့ေနရာမွာ ေရႊ႕ေျပာင္း အလုပ္သမားေတြကို ပစ္မွတ္ထား ခြဲျခားဆက္ဆံၿပီး ဖမ္းဆီးခဲ့တယ္လို႔ ဇူလုိင္လ ၃ ရက္ေန႔က ထုတ္လႊင့္ခဲ့တဲ့ Locked Up in Malaysia's Lockdown ဆိုတဲ့ 101 East ႐ုပ္သံ အထူးအစီအစဥ္မွာ Kabir က မေလးရွား အစိုးရကို စြပ္စြဲေျပာဆိုခဲ့ပါတယ္။

Kabir ကို ဘာစြဲခ်က္မွ မတင္ဘဲ ခုခ်ိန္ထိ ဆက္ဖမ္းထားဆဲျဖစ္ပါတယ္။ သူ႔ကို ႏွင္ထုတ္မယ္၊ မေလးရွားကို ေနာင္ ဘယ္ေတာ့မွ ျပန္မလာႏုိင္ေအာင္ ပိတ္ပင္မယ္လုိ႔ မေလးရွားတာဝန္ရွိသူေတြက ၿခိမ္းေျခာက္ ေျပာဆိုထားေပမဲ့ ဘယ္လိုဥပေဒမ်ိဳးကို ခ်ဳိးေဖာက္လို႔ သူ႔ကို ဖမ္းထားတယ္ဆိုတာကိုေတာ့ အာဏာပိုင္ေတြက ရွင္းမျပပါဘူး။

ကာတာႏုိင္ငံအေျခစိုက္ အယ္လ္ဂ်ာဇီးရား ႐ုပ္သံသတင္းဌာနနဲ႔ ပတ္သက္လို႔လည္း မေလးရွားအာဏာပုိင္ေတြက အေရးယူလုပ္ေဆာင္ခဲ့ပါတယ္။ လႊင့္ခဲ့တဲ့ ႐ုပ္သံအထူးအစီအစဥ္အတြက္ လုပ္ကိုင္ခဲ့တဲ့ သတင္းေထာက္ေတြကို ဆူပူမႈျဖစ္ေအာင္ လႈံ႔ေဆာ္မႈနဲ႔ ထိန္းသိမ္းခ့ဲသလို အယ္လ္ဂ်ာဇီးရားဟာ လိုအပ္တဲ့ လုပ္ငန္းလိုင္စင္မရွိဘဲ ႐ုပ္သံ ႐ိုက္ကူးထုတ္လႊင့္ခဲ့တယ္ဆိုၿပီး စြပ္စြဲထားပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔ကပဲ ကြာလာလမ္ပူၿမိဳ႕ေတာ္က အယ္လ္ဂ်ာဇီးရား ႐ုံုးခန္းေတြကို မေလးရွားရဲေတြ ဝင္ရွာၿပီး ကြန္ျပဴတာႏွစ္လံုးကုိ သိမ္းသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ပလုပ်သားတွေကို ခွဲခြားမှုဝေဖန်သူကို မလေးရှား ဖမ်းဆီး

မလေးရှားနိုင်ငံက ပြည်ပရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ပြုမူဆက်ဆံပုံနဲ့ ပတ်သက်လို့ ရုပ်သံအထူးသတင်းလွှာတခုမှာ ဝေဖန်ပြောဆိုခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တဦးကို ဖမ်းဆီးထားပြီး နိုင်ငံက နှင်ထုတ်မယ်လို့ ခြိမ်းခြောက်ထားတာဟာ မလေးရှားမှာ သတင်းလွတ်လပ်ခွင့် လျော့နည်းကျဆင်းလာတာကို ပြနေတယ်လို့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာအဖွဲ့တွေက ဝေဖန်ပြောဆိုကြပါတယ်။

အသက် ၂၄ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်အလုပ်သမား Mohamad Rayhan Kabir က အယ်လ်ဂျာဇီးရား ရုပ်သံသတင်းဌာနရဲ့ 101 East ဆိုတဲ့ အစီအစဉ်နဲ့ တွေ့ဆုံပြောဆိုခဲ့ပြီးတဲ့နောက် သူ့ရဲ့ အလုပ်လုပ်ခွင့်လက်မှတ်ကို မလေးရှားအာဏာပိုင်တွေက ရုပ်သိမ်းခဲ့ပြီး နောက် သီတင်းပတ်အတော်ကြာမှာတော့ သူ့ကို ဖမ်းလိုက်တာပါ။

မလေးရှားအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးဆိုပြီး လုပ်ဆောင်တဲ့နေရာမှာ ရွှေ့ပြောင်း အလုပ်သမားတွေကို ပစ်မှတ်ထား ခွဲခြားဆက်ဆံပြီး ဖမ်းဆီးခဲ့တယ်လို့ ဇူလိုင်လ ၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ Locked Up in Malaysia's Lockdown ဆိုတဲ့ 101 East ရုပ်သံ အထူးအစီအစဉ်မှာ Kabir က မလေးရှား အစိုးရကို စွပ်စွဲပြောဆိုခဲ့ပါတယ်။

Kabir ကို ဘာစွဲချက်မှ မတင်ဘဲ ခုချိန်ထိ ဆက်ဖမ်းထားဆဲဖြစ်ပါတယ်။ သူ့ကို နှင်ထုတ်မယ်၊ မလေးရှားကို နောင် ဘယ်တော့မှ ပြန်မလာနိုင်အောင် ပိတ်ပင်မယ်လို့ မလေးရှားတာဝန်ရှိသူတွေက ခြိမ်းခြောက် ပြောဆိုထားပေမဲ့ ဘယ်လိုဥပဒေမျိုးကို ချိုးဖောက်လို့ သူ့ကို ဖမ်းထားတယ်ဆိုတာကိုတော့ အာဏာပိုင်တွေက ရှင်းမပြပါဘူး။

ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျာဇီးရား ရုပ်သံသတင်းဌာနနဲ့ ပတ်သက်လို့လည်း မလေးရှားအာဏာပိုင်တွေက အရေးယူလုပ်ဆောင်ခဲ့ပါတယ်။ လွှင့်ခဲ့တဲ့ ရုပ်သံအထူးအစီအစဉ်အတွက် လုပ်ကိုင်ခဲ့တဲ့ သတင်းထောက်တွေကို ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုနဲ့ ထိန်းသိမ်းခဲ့သလို အယ်လ်ဂျာဇီးရားဟာ လိုအပ်တဲ့ လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်သံ ရိုက်ကူးထုတ်လွှင့်ခဲ့တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ကွာလာလမ်ပူမြို့တော်က အယ်လ်ဂျာဇီးရား ရုံးခန်းတွေကို မလေးရှားရဲတွေ ဝင်ရှာပြီး ကွန်ပြူတာနှစ်လုံးကို သိမ်းသွားပါတယ်။

XS
SM
MD
LG