သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မ​ေလးရွား၀န္ႀကီးခ်ဳပ္ေဟာင္း ေထာင္ဒဏ္ ၁၂ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံရ


မေလးရွား ဝန္ႀကီးခ်ဳပ္ေဟာင္း Najib Razak

[Zawgyi/Unicode]

မေလးရွား ဝန္ႀကီးခ်ဳပ္ေဟာင္း Najib Razak
မေလးရွား ဝန္ႀကီးခ်ဳပ္ေဟာင္း Najib Razak

မေလးရွား ဝန္ႀကီးခ်ဳပ္ေဟာင္း Najib Razak ကို 1MDB ရင္းႏွီးျမႇဳပ္ႏွံမႈ ရန္ပုံေငြကို အလြဲသုံးစား လုပ္မႈနဲ႔ ဆက္ႏြယ္တဲ့ ျပစ္မႈေတြနဲ႔ လာဘ္စားမႈနဲ႔ အာဏာအလြဲသုံးစားမႈအပါအဝင္ စြဲခ်က္တင္ထားတဲ့ ရာဇဝတ္မႈေတြအတြက္ ေထာင္ဒဏ္ ၁၂ ႏွစ္ က်ခံဖို႔နဲ႔ ေငြဒဏ္ အေမရိကန္ ေဒၚလာ ၄၉.၃ သန္းေပးေဆာင္ဖို႔ မေလးရွား တရား႐ုံးခ်ဳပ္က ဒီကေန႔ အဂၤါေန႔ ခ်မွတ္လိုက္ပါတယ္။ဒါ့အျပင္ ယုံၾကည္မႈ ခ်ိဳးေဖာက္မႈ နဲ႔ ေငြေၾကး ခဝါခ်မႈ ဆိုင္ရာ ေနာက္ထပ္ ျပစ္မႈေတြအတြက္ ေထာင္ဒဏ္ ၁၀ ႏွစ္စီက်ခံဖို႔ ခ်မွတ္လိုက္ပါတယ္။ သူ႔ အေနနဲ႔ ေထာင္ဒဏ္ေတြကို တေပါင္းတည္း က်ခံဖို႔ တရား႐ုံးက ဆုံးျဖတ္လိုက္တာပါ။

အာဏာ အလြဲသုံးစားမႈ၊ ယုံၾကည္မႈကို ခ်ိဳးေဖာက္မႈနဲ႔ ေငြေၾကးခဝါခ်မႈ ျပစ္မႈေတြနဲ႔ စီရင္ခ်က္ခ်ခံရတာအျပင္ Najib ဟာ SRC INTERNATIONAL ကေန အေမရိကန္ ေဒၚလာ ၁၀ သန္း တရားမဝင္ လက္ခံရယူခဲ့တယ္လို႔လည္း အစိုးရ ေရွ႕ေနေတြက စြပ္စြဲထားပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း Najib Razak က သူအမွားလုပ္ထားတာ မရွိေၾကာင္းနဲ႔ အခုလို ျပစ္ဒဏ္ခ်မွတ္တဲ့ အေပၚ အယူခံ ဝင္မယ္လို႔ ေျပာပါတယ္။

Najib ဟာ ၂၀၀၉ ခုႏွစ္က သူကိုယ္တိုင္ တည္ေထာင္ခဲ့တဲ့ 1MDB ရန္ပုံေငြထဲကေန ေဒၚလာ ၄.၅ ဘီလီယံ အလြဲသုံးစား ျပဳမႈနဲ႔ ဆက္ႏြယ္တဲ့ စြဲခ်က္ေပါင္း ၄၂ ခုအထိ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ အဲဒီ ေငြေတြကို သူက ဟိုတယ္ေတြ၊ ႐ြက္ေလွသေဘၤာတစ္စီး၊ လက္ဝတ္ရတနာနဲ႔ ဂႏၶဝင္ ပန္းခ်ီကားေတြလို အဖိုးတန္ ပစၥည္းေတြ ဝယ္ယူရာမွာ အသုံးျပဳခဲ့တယ္လို႔ အေမရိကန္ စုံစမ္းစစ္ေဆးေရးမႉးေတြက ေျပာပါတယ္။

Najib ရဲ႕ ဇနီး Rosmah Mansour ဟာလည္း အက်င့္ပ်က္ျခစားမႈ စြဲခ်က္ ေတာ္ေတာ္မ်ားမ်ားနဲ႔ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ အိမ္ကို မေလးရွား လုံၿခဳံေရးတပ္ဖြဲ႕ေတြ ဝင္ေရာက္ စီးနင္းရွာေဖြခ်ိန္မွာ ေငြသား အေမရိကန္ ေဒၚလာ သန္း ၂၇၀ နဲ႔အတူ လက္ဝတ္ရတနာ ေတြ၊ အဖိုးတန္ လက္ကိုင္အိတ္ေတြနဲ႔ တျခား တန္ဖိုးႀကီး ပစၥည္းေတြကို ရွာေဖြ ေတြ႕ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခံရ

မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak ကို 1MDB ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေကို အလွဲသုံးစား လုပ်မှုနဲ့ ဆက်နွယ်တဲ့ ပြစ်မှုတွေနဲ့ လာဘ်စားမှုနဲ့ အာဏာအလွဲသုံးစားမှုအပါအဝင် စွဲချက်တင်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ထောင်ဒဏ် ၁၂ နှစ် ကျခံဖို့နဲ့ ငွေဒဏ် အမေရိကန် ဒေါ်လာ ၄၉.၃ သန်းပေးဆောင်ဖို့ မလေးရှား တရားရုံးချုပ်က ဒီကနေ့ အင်္ဂါနေ့ ချမှတ်လိုက်ပါတယ်။ဒါ့အပြင် ယုံကြည်မှု ချိုးဖောက်မှု နဲ့ ငွေကြေး ခဝါချမှု ဆိုင်ရာ နောက်ထပ် ပြစ်မှုတွေအတွက် ထောင်ဒဏ် ၁၀ နှစ်စီကျခံဖို့ ချမှတ်လိုက်ပါတယ်။ သူ့ အနေနဲ့ ထောင်ဒဏ်တွေကို တပေါင်းတည်း ကျခံဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာပါ။

အာဏာ အလွဲသုံးစားမှု၊ ယုံကြည်မှုကို ချိုးဖောက်မှုနဲ့ ငွေကြေးခဝါချမှု ပြစ်မှုတွေနဲ့ စီရင်ချက်ချခံရတာအပြင် Najib ဟာ SRC INTERNATIONAL ကနေ အမေရိကန် ဒေါ်လာ ၁၀ သန်း တရားမဝင် လက်ခံရယူခဲ့တယ်လို့လည်း အစိုးရ ရှေ့နေတွေက စွပ်စွဲထားပါတယ်။ ဝန်ကြီးချုပ်ဟောင်း Najib Razak က သူအမှားလုပ်ထားတာ မရှိကြောင်းနဲ့ အခုလို ပြစ်ဒဏ်ချမှတ်တဲ့ အပေါ် အယူခံ ဝင်မယ်လို့ ပြောပါတယ်။

မေလးရွား ဝန္ႀကီးခ်ဳပ္ေဟာင္း Najib Razak
မေလးရွား ဝန္ႀကီးခ်ဳပ္ေဟာင္း Najib Razak

Najib ဟာ ၂၀၀၉ ခုနှစ်က သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ 1MDB ရန်ပုံငွေထဲကနေ ဒေါ်လာ ၄.၅ ဘီလီယံ အလွဲသုံးစား ပြုမှုနဲ့ ဆက်နွယ်တဲ့ စွဲချက်ပေါင်း ၄၂ ခုအထိ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဲဒီ ငွေတွေကို သူက ဟိုတယ်တွေ၊ ရွက်လှေသင်္ဘောတစ်စီး၊ လက်ဝတ်ရတနာနဲ့ ဂန္ဓဝင် ပန်းချီကားတွေလို အဖိုးတန် ပစ္စည်းတွေ ဝယ်ယူရာမှာ အသုံးပြုခဲ့တယ်လို့ အမေရိကန် စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

Najib ရဲ့ ဇနီး Rosmah Mansour ဟာလည်း အကျင့်ပျက်ခြစားမှု စွဲချက် တော်တော်များများနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်ကို မလေးရှား လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက် စီးနင်းရှာဖွေချိန်မှာ ငွေသား အမေရိကန် ဒေါ်လာ သန်း ၂၇၀ နဲ့အတူ လက်ဝတ်ရတနာ တွေ၊ အဖိုးတန် လက်ကိုင်အိတ်တွေနဲ့ တခြား တန်ဖိုးကြီး ပစ္စည်းတွေကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

XS
SM
MD
LG