သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားက Al Jazeera ရုံးကုိ အာဏာပုိင္ေတြ၀င္စီး


Al Jazeera သတင္းေထာက္ေတြကို Bukit Aman ရဲစခန္းတြင္ စစ္ေဆးစဥ္

(Zawgyi/Unicode)

မေလးရွားနိုင္ငံ Kuala Lumpur ၿမိဳ႕က Al Jazeera သတင္းဌာန ႐ုံးခန္းကို မေလးရွား အာဏာပိုင္ေတြ အဂၤါေန႔က ဝင္ေရာက္ စီးနင္းၿပီး ကြန္ျပဴတာေတြကို သိမ္းဆည္းလိုက္ပါတယ္။ မေလးရွားနိုင္ငံထဲ ေရႊ႕ေျပာင္းဝင္ေရာက္သူေတြအေၾကာင္း သတင္းမွတ္တမ္း အစီအစဥ္ တစ္ခုကို Al Jazeera သတင္းဌာနက ရိုက္ကူး ထုတ္လႊင့္ခဲ့တာနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေနမႈေတြ လုပ္ေနခ်ိန္မွာ အခုလို ဝင္ေရာက္ စီးနင္း ခဲ့တာပါ။

“မေလးရွား Lockdown ထဲ အက်ဥ္းက်ျခင္း”လို႔ အမည္ေပးထားတဲ့ အဲဒီ သတင္းမွတ္တမ္းကားဟာ မေလးရွားနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ တားဆီးေရး ကန္႔သတ္ တားျမစ္ခ်က္ေတြ တင္းတင္းက်ပ္က်ပ္ ခ်မွတ္ထားတုန္း အေထာက္အထားမဲ့ နိုင္ငံျခားသားေတြ ဖမ္းဆီး ထိန္းသိမ္းခံရ တဲ့ ျဖစ္ရပ္ေတြကို မွတ္တမ္းတင္ တင္ျပထားတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လက ထုတ္လႊင့္ခဲ့တဲ့ အဲဒီ အစီအစဥ္ကို မေလးရဲေတြက စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ခဲ့တာေၾကာင့္ မေလးရွားနိုင္ငံထဲ မီဒီယာ လြတ္လပ္ခြင့္ေတြ ဆုံးရႈံးေနၿပီဆိုၿပီး စိုးရိမ္ ပူပန္မႈေတြ ထြက္ေပၚလာေနခ်ိန္မွာ Al Jazeera သတင္းဌာန ႐ုံးခန္းကို အခုလို ဝင္ေရာက္ စီးနင္းတာလည္း ျဖစ္ပါတယ္။ ဒီ ျဖစ္ရပ္ဟာ မီဒီယာ လြတ္လပ္မႈကို ဖိႏွိပ္ခ်ဳပ္ခ်ယ္ဖို႔ တိုးၿပီး လုပ္ေဆာင္လာတာ ကို ျပသေနတယ္ လို႔ Al Jazeera အဂၤလိပ္ဌာနက စီမံခန္႔ခြဲမႈ ဒါရိုက္တာ Giles Trendle က ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

မေလးရွား အစိုးရကေတာ့ Al Jazeera ရဲ့ သတင္းမွတ္တမ္းကားဟာ နားလည္မႈ လြဲေစၿပီး တိက်မႈလည္း မရွိေၾကာင္းနဲ႔ Al Jazeera အသံလႊင့္ဌာနကိုဂုဏ္သေရဖ်က္မႈ၊ ရြံရွာ မသင့္ေလ်ာ္တာေတြ ထုတ္လႊင့္မႈနဲ႔ ရဲတပ္ဖြဲ႕က စုံစမ္း စစ္ေဆးေနေၾကာင္း ေျပာပါတယ္။ Lockdown လုပ္ထားခ်ိန္ ေမလတုန္းက တရားမဝင္ ေရႊ႕ေျပာင္းလုပ္သားေတြကို အစုလိုက္ အျပဳံလိုက္ ဖမ္းဆီးခဲ့ရတာကလည္း လူထုကို အကာအကြယ္ေပးဖို႔ လိုအပ္လို႔ ဖမ္းရတာလို႔ မေလးအာဏာပိုင္ေတြက ေျပာထားခဲ့ပါတယ္။

သတင္းမွတ္တမ္းကား ထုတ္လႊင့္အၿပီး ဩစေၾတးလ် နိုင္ငံသား ၅ ဦး ပါဝင္တဲ့ Al Jazeera သတင္းေထာက္ ၇ ေယာက္ ၿပီးခဲ့တဲ့ လက အာဏာပိုင္ေတြ ေမးျမန္းတာကို ခံခဲ့ရသလို သတင္းမွတ္တမ္းကားမွာ အင္တာဗ်ဴးလုပ္ခံရသူ ဘဂၤလားေဒ့ရွ္ ေရႊ႕ေျပာင္း လုပ္သားတစ္ဦးလည္း အဖမ္းခံ ခဲ့ရပါတယ္။မေလးရွားနိုင္ငံမွာ ျမန္မာ၊ ဘဂၤလားေဒ့ရွ္နဲ႔ အင္ဒိုနီးရွားနိုင္ငံေတြ အပါအဝင္ ဆင္းရဲတဲ့ နိုင္ငံေတြလာတဲ့ ေရႊ႕ေျပာင္းလုပ္သား အေျမာက္အမ်ား စိုက္ပ်ိဳးေရးနဲ႔ စက္မႈလက္မႈ လုပ္ငန္းေတြ အပါအဝင္ လုပ္ငန္း မ်ိဳးစုံမွာ အလုပ္လုပ္ကိုင္ေနတာပါ။

မေလးရွားက Al Jazeera ရုံးကုိ အာဏာပုိင္ေတြ၀င္စီး
please wait

No media source currently available

0:00 0:01:42 0:00
တိုက္႐ိုက္ လင့္ခ္


.................

မလေးရှားက Al Jazeera ရုံးကို အာဏာပိုင်တွေဝင်စီး

(Unicode)

မလေးရှားနိုင်ငံ Kuala Lumpur မြို့က Al Jazeera သတင်းဌာန ရုံးခန်းကို မလေးရှား အာဏာပိုင်တွေ အင်္ဂါနေ့က ဝင်ရောက် စီးနင်းပြီး ကွန်ပြူတာတွေကို သိမ်းဆည်းလိုက်ပါတယ်။ မလေးရှားနိုင်ငံထဲ ရွှေ့ပြောင်းဝင်ရောက်သူတွေအကြောင်း သတင်းမှတ်တမ်း အစီအစဉ် တစ်ခုကို Al Jazeera သတင်းဌာနက ရိုက်ကူး ထုတ်လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေမှုတွေ လုပ်နေချိန်မှာ အခုလို ဝင်ရောက် စီးနင်း ခဲ့တာပါ။

“မလေးရှား Lockdown ထဲ အကျဉ်းကျခြင်း”လို့ အမည်ပေးထားတဲ့ အဲဒီ သတင်းမှတ်တမ်းကားဟာ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တားဆီးရေး ကန့်သတ် တားမြစ်ချက်တွေ တင်းတင်းကျပ်ကျပ် ချမှတ်ထားတုန်း အထောက်အထားမဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီး ထိန်းသိမ်းခံရ တဲ့ ဖြစ်ရပ်တွေကို မှတ်တမ်းတင် တင်ပြထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက ထုတ်လွှင့်ခဲ့တဲ့ အဲဒီ အစီအစဉ်ကို မလေးရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် မလေးရှားနိုင်ငံထဲ မီဒီယာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေပြီဆိုပြီး စိုးရိမ် ပူပန်မှုတွေ ထွက်ပေါ်လာနေချိန်မှာ Al Jazeera သတင်းဌာန ရုံးခန်းကို အခုလို ဝင်ရောက် စီးနင်းတာလည်း ဖြစ်ပါတယ်။ ဒီ ဖြစ်ရပ်ဟာ မီဒီယာ လွတ်လပ်မှုကို ဖိနှိပ်ချုပ်ချယ်ဖို့ တိုးပြီး လုပ်ဆောင်လာတာ ကို ပြသနေတယ် လို့ Al Jazeera အင်္ဂလိပ်ဌာနက စီမံခန့်ခွဲမှု ဒါရိုက်တာ Giles Trendle က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

မလေးရှား အစိုးရကတော့ Al Jazeera ရဲ့ သတင်းမှတ်တမ်းကားဟာ နားလည်မှု လွဲစေပြီး တိကျမှုလည်း မရှိကြောင်းနဲ့ Al Jazeera အသံလွှင့်ဌာနကိုဂုဏ်သရေဖျက်မှု၊ ရွံရှာ မသင့်လျော်တာတွေ ထုတ်လွှင့်မှုနဲ့ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေကြောင်း ပြောပါတယ်။ Lockdown လုပ်ထားချိန် မေလတုန်းက တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီးခဲ့ရတာကလည်း လူထုကို အကာအကွယ်ပေးဖို့ လိုအပ်လို့ ဖမ်းရတာလို့ မလေးအာဏာပိုင်တွေက ပြောထားခဲ့ပါတယ်။

သတင်းမှတ်တမ်းကား ထုတ်လွှင့်အပြီး ဩစတြေးလျ နိုင်ငံသား ၅ ဦး ပါဝင်တဲ့ Al Jazeera သတင်းထောက် ၇ ယောက် ပြီးခဲ့တဲ့ လက အာဏာပိုင်တွေ မေးမြန်းတာကို ခံခဲ့ရသလို သတင်းမှတ်တမ်းကားမှာ အင်တာဗျူးလုပ်ခံရသူ ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်း လုပ်သားတစ်ဦးလည်း အဖမ်းခံ ခဲ့ရပါတယ်။မလေးရှားနိုင်ငံမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေ အပါအဝင် ဆင်းရဲတဲ့ နိုင်ငံတွေလာတဲ့ ရွှေ့ပြောင်းလုပ်သား အမြောက်အများ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှု လုပ်ငန်းတွေ အပါအဝင် လုပ်ငန်း မျိုးစုံမှာ အလုပ်လုပ်ကိုင်နေတာပါ။

XS
SM
MD
LG