(Zawgyi / Unicode)
မေလးရွားႏုိင္ငံမွာ မိမိကုိယ္ကုိယ္ အဆံုးစီရင္သူ ေနာက္တဦး တုိးလာၿပီး ဒါဟာ ၂ လအတြင္း ၁၂ ဦးေျမာက္ ဆြဲႀကိဳးခ်ေသဆံုးသူ ျဖစ္ပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစိုက္ ဗြီအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။
မေလးရွားႏုိင္ငံမွာ COVID-19 ကာလအတြင္း မိမိကုိယ္မိမိ အဆံုးစီရင္သူ ျမန္မာႏုိင္ငံသား ၁၂ ဦးထိ ရွိသြားပါၿပီ။ ၾသဂုတ္လ ၂ ရက္ေန႔က ဆြဲႀကိဳးခ်ေသဆံုးသူဟာ ဆလန္ေကာျပည္နယ္ ကလန္းၿမိဳ႕နယ္ တလုပ္ကုန္းရပ္ကြက္က ေဆာက္လုပ္ေရးလုပ္ငန္းမွာ လုပ္ကုိင္ေနတဲ့ တရား၀င္အလုပ္သမား ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ တႏွစ္ခဲြခန္႔က Royal Gate International ကုုမၸဏီနဲ႔လာတဲ့ အလုပ္သမားျဖစ္ေၾကာင္း မေလးရွားႏုိင္ငံ ကြာလာလမ္ပူၿမိဳ႕က ျမန္မာအလုပ္သမား သံအရာရွိ ဦးေအာင္ေဇာ္မင္းက ေျပာျပပါတယ္။
“သူက ဆလန္ေကာဘက္က၊ ေဆာက္လုပ္ေရးလုပ္ငန္းကပါ။ က်ေနာ္ ေအးဂ်င့္နဲ႔ ခ်ိတ္ထားပါတယ္။ သူကေတာ့ ဒီကေလးအျခအေနကို အဂၤါေန႔ တင္ျပေပးမယ္ေျပာတယ္။ အဓိက ဘာေၾကာင့္ျဖစ္လဲေမးေတာ့ အလုပ္အကုိင္ ေကာင္းတယ္လို႔ေတာ့ ေျပာတယ္။ ေအးဂ်င့္ေျပာတာကေတာ့ သူက အရက္ေတာ့ နည္းနည္းေသာက္တယ္ ေျပာတယ္။ ေအးဂ်င့္အေျပာေပါ့ေလ။ ျဖစ္ရတဲ့ အေၾကာင္းရင္းေတာ့ က်ေနာ္တုိ႔ မသိရေသးပါဘူး။”
မေအးေအးမာ - ဆြဲႀကိဳးခ်ေသတယ္ဆုိတာေရာ ဟုတ္ပါသလား။
ဦးေအာင္ေဇာ္မင္း - “ဟုတ္ပါတယ္ ဆဲြႀကိဳးခ်ေသတယ္ဆုိတာ ေအးဂ်င့္ကေတာ့ ဟုတ္ပါတယ္ ေျပာပါတယ္။”
မေအးေအးမာ - ဆဲြႀကိဳးခ်ေသတာေတာ့ မွန္တယ္ေပါ့ေနာ္၊ အသက္ေရာ သိရၿပီလားရွင့္။
ဦးေအာင္ေဇာ္မင္း - “မသိေသးပါဘူး။ လြန္ခဲ့တဲ့ တႏွစ္ခဲြေက်ာ္ကေတာ့ ေလယာဥ္နဲ႔ ထြက္သြားတာလို႔ ေျပာတယ္။ သူတို႔ကလည္း ႐ုံးေတြပိတ္ထားတယ္ဆိုေတာ့ အဂၤါေန႔က သိရမယ္။”
မေအးေအးမာ - ေသဆံုးသူနာမည္က ကုိေအာင္ေက်ာ္ေက်ာ္ဆိုတာ ဟုတ္ပါသလား။
ဦးေအာင္ေဇာ္မင္း - “ဟုတ္ပါတယ္၊ ေအာင္ေက်ာ္ေက်ာ္ပါ၊ အသက္ေတာ့ မသိေသးဘူး။”
မေအးေအးမာ - ေအးဂ်င့္နာမည္ကေရာ။
ဦးေအာင္ေဇာ္မင္း - “Royal Gate International ပါ။”
မေအးေအးမာ - ဒီေန႔ပဲဆံုးတာ ဟုတ္ပါသလား။
ဦးေအာင္ေဇာ္မင္း - “ဟုတ္ပါတယ္။ ၿပီးခဲ့တဲ့တနာရီေလာက္ကပဲ က်ေနာ္တို႔ဆီကုိ သတင္းပုိ႔ပါတယ္။”
မေအးေအးမာ - ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္။
မေလးရွားႏုိင္ငံမွာ ကပ္ေရာဂါကာလအတြင္း တရား၀င္ေရာ တရားမ၀င္ အလုပ္သမားေတြပါ အလုပ္အကုိင္ အဆင္မေျပမႈေတြကို ႀကံဳေနၾကရတာပါ။ အဲဒီလို ႀကံဳေနခ်ိန္မွာ ေနရပ္ျပန္ဖုိ႔ စာရင္းေပးသြင္းထားသူ တရားမ၀င္လုပ္သား ၈,၀၀၀ ထက္မနည္း ရွိေနသလို တရား၀င္ အလုပ္သမားေတြလည္း ေနရပ္ျပန္ေနၾကပါတယ္။
မေလးရွားႏုိင္ငံေရာက္ တရားမ၀င္ ျမန္မာႏုိင္ငံသားေတြ ေနရပ္ျပန္ေရး အစီအစဥ္ကို ျမန္မာ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ညႇိႏႈိင္းစီစဥ္ေနေၾကာင္း ေျပာဆုိခဲ့တာ တလေက်ာ္ၾကာၿပီ ျဖစ္ပါတယ္။ အခုခ်ိန္ထိေတာ့ မေလးရွားမွာ တရား၀င္ေရာ တရားမ၀င္ေတြပါ ကိုဗစ္ ကပ္ေရာဂါကာလအတြင္း အလုပ္အကုိင္ေတြ အဆင္မေျပျဖစ္ေနၿပီး ၄ လေက်ာ္ ၾကာလာတဲ့အခါမွာေတာ့ ျမန္မာအလုပ္သမားေတြ အေနနဲ႔ ေနထိုင္ရပ္တည္ဖို႔ ခက္ခဲလာေနပါတယ္။
-------------------------------
(Unicode)
မလေးရှားရောက် မြန်မာလုပ်သားတဦး အဆုံးစီရင်မှု သံရုံးစိစစ်
မလေးရှားနိုင်ငံမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သူ နောက်တဦး တိုးလာပြီး ဒါဟာ ၂ လအတွင်း ၁၂ ဦးမြောက် ဆွဲကြိုးချသေဆုံးသူ ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။
မလေးရှားနိုင်ငံမှာ COVID-19 ကာလအတွင်း မိမိကိုယ်မိမိ အဆုံးစီရင်သူ မြန်မာနိုင်ငံသား ၁၂ ဦးထိ ရှိသွားပါပြီ။ သြဂုတ်လ ၂ ရက်နေ့က ဆွဲကြိုးချသေဆုံးသူဟာ ဆလန်ကောပြည်နယ် ကလန်းမြို့နယ် တလုပ်ကုန်းရပ်ကွက်က ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ တရားဝင်အလုပ်သမား ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်ခွဲခန့်က Royal Gate International ကုမ္ပဏီနဲ့လာတဲ့ အလုပ်သမားဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မြန်မာအလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက ပြောပြပါတယ်။
“သူက ဆလန်ကောဘက်က၊ ဆောက်လုပ်ရေးလုပ်ငန်းကပါ။ ကျနော် အေးဂျင့်နဲ့ ချိတ်ထားပါတယ်။ သူကတော့ ဒီကလေးအခြအနေကို အင်္ဂါနေ့ တင်ပြပေးမယ်ပြောတယ်။ အဓိက ဘာကြောင့်ဖြစ်လဲမေးတော့ အလုပ်အကိုင် ကောင်းတယ်လို့တော့ ပြောတယ်။ အေးဂျင့်ပြောတာကတော့ သူက အရက်တော့ နည်းနည်းသောက်တယ် ပြောတယ်။ အေးဂျင့်အပြောပေါ့လေ။ ဖြစ်ရတဲ့ အကြောင်းရင်းတော့ ကျနော်တို့ မသိရသေးပါဘူး။”
မအေးအေးမာ - ဆွဲကြိုးချသေတယ်ဆိုတာရော ဟုတ်ပါသလား။
ဦးအောင်ဇော်မင်း - “ဟုတ်ပါတယ် ဆွဲကြိုးချသေတယ်ဆိုတာ အေးဂျင့်ကတော့ ဟုတ်ပါတယ် ပြောပါတယ်။”
မအေးအေးမာ - ဆွဲကြိုးချသေတာတော့ မှန်တယ်ပေါ့နော်၊ အသက်ရော သိရပြီလားရှင့်။
ဦးအောင်ဇော်မင်း - “မသိသေးပါဘူး။ လွန်ခဲ့တဲ့ တနှစ်ခွဲကျော်ကတော့ လေယာဉ်နဲ့ ထွက်သွားတာလို့ ပြောတယ်။ သူတို့ကလည်း ရုံးတွေပိတ်ထားတယ်ဆိုတော့ အင်္ဂါနေ့က သိရမယ်။”
မအေးအေးမာ - သေဆုံးသူနာမည်က ကိုအောင်ကျော်ကျော်ဆိုတာ ဟုတ်ပါသလား။
ဦးအောင်ဇော်မင်း - “ဟုတ်ပါတယ်၊ အောင်ကျော်ကျော်ပါ၊ အသက်တော့ မသိသေးဘူး။”
မအေးအေးမာ - အေးဂျင့်နာမည်ကရော။
ဦးအောင်ဇော်မင်း - “Royal Gate International ပါ။”
မအေးအေးမာ - ဒီနေ့ပဲဆုံးတာ ဟုတ်ပါသလား။
ဦးအောင်ဇော်မင်း - “ဟုတ်ပါတယ်။ ပြီးခဲ့တဲ့တနာရီလောက်ကပဲ ကျနော်တို့ဆီကို သတင်းပို့ပါတယ်။”
မအေးအေးမာ - ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလအတွင်း တရားဝင်ရော တရားမဝင် အလုပ်သမားတွေပါ အလုပ်အကိုင် အဆင်မပြေမှုတွေကို ကြုံနေကြရတာပါ။ အဲဒီလို ကြုံနေချိန်မှာ နေရပ်ပြန်ဖို့ စာရင်းပေးသွင်းထားသူ တရားမဝင်လုပ်သား ၈,၀၀၀ ထက်မနည်း ရှိနေသလို တရားဝင် အလုပ်သမားတွေလည်း နေရပ်ပြန်နေကြပါတယ်။
မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ရေး အစီအစဉ်ကို မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ညှိနှိုင်းစီစဉ်နေကြောင်း ပြောဆိုခဲ့တာ တလကျော်ကြာပြီ ဖြစ်ပါတယ်။ အခုချိန်ထိတော့ မလေးရှားမှာ တရားဝင်ရော တရားမဝင်တွေပါ ကိုဗစ် ကပ်ရောဂါကာလအတွင်း အလုပ်အကိုင်တွေ အဆင်မပြေဖြစ်နေပြီး ၄ လကျော် ကြာလာတဲ့အခါမှာတော့ မြန်မာအလုပ်သမားတွေ အနေနဲ့ နေထိုင်ရပ်တည်ဖို့ ခက်ခဲလာနေပါတယ်။