သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ ျမန္မာႏုိင္ငံသားေနာက္တဦး ႀကိဳးဆြဲခ်ေသ


ဇူလုိင္လအတြင္းက မေလးရွားႏိုင္ငံ ဂ်ိဳဟုိးမွာ ျပဳလုပ္ခဲ့တဲ့ မိမိကုိယ္ကုိယ္ အဆံုးစီရင္သူတဦးရဲ႕ စ်ာပန။ (ဓာတ္ပုံ - ျမန္မာလူမူကူညီေရးအသင္း - မေလးရွား)

(Zawgyi/Unicode)

မေလးရွားႏိုင္ငံမွာ ျမန္မာႏိုင္ငံသား ေနာက္တဦး ႀကိဳးဆဲြခ် ေသဆံုးမႈ ထပ္မံျဖစ္ပြားတဲ့အတြက္ ၂ လအတြင္း ကုိယ့္ကုိယ္ကုိ အဆုံးစီရင္သူ ၁၄ ေယာက္ထက္မနည္း ရွိသြားၿပီဆုိတဲ့ သတင္းကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏုိင္ငံမွာ COVID-19 ကပ္ေရာဂါကာလအတြင္း အခက္ႀကံဳေနၾကရတဲ့ ျမန္မာႏုိင္ငံသား အလုပ္သမားေတြထဲက တခ်ဳိ႕ဟာ ကုိယ့္ကုိယ္ကုိ အဆုံးစီရင္သြားၾကတဲ့ သတင္းေတြ ဆက္တုိက္ ဆုိသလုိ ထြက္ေပၚေနတာပါ။ ဒီေန႔မွာလည္း မေလးရွားႏုိင္ငံပူးခၽြန္းၿမိဳ႕မွာ အသက္ ၂၀ အရြယ္ ျမန္မာလူငယ္တဦး အဆုံးစီရင္သြားတယ္ဆုိတဲ့ သတင္းထြက္လာတာေၾကာင့္ မေလးရွားႏုိင္ငံက ျမန္မာသံရံုး အလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းကို ေမးၾကည့္ခဲ့ပါတယ္။

“ဦးေအာင္ေဇာ္မင္း။ ။ ဟုတ္ပါတယ္ ဒီေန႕မွာပဲထပ္ဆံုးပါတယ္ ပူခၽြန္းမွာပါ ။

မေအးေအးမာ။ ။သူက ဘယ္လိုပံုစံမ်ိဳးေနနဲ႕ ေသတာလဲရွင္ဆဲြႀကိဳးခ်တာပဲလား။

ဦးေအာင္ေဇာ္မင္း။ ။ ဘလက္ေကာင္းပူခ်ြန္းမွာပါ ဆဲြႀကိဳးခ်ေသဆံုးတာပါပဲ။

အခုဟာက ကေလးေတြက ပုဂၢလိကခံစားခ်က္ေတြ ဘယ္လိုခံစားခ်က္ေတြနဲ႕ ကေလးေတြက လုပ္ေနသလဲေတာ ့မသိေတာ့ဘူး။

မေအးေအးမာ ။ ။ေနရပ္ျပန္ေရးကိစၥေတြကေကာ ဘာေတြမ်ားထူးေသးလဲ။

ဦးေအာင္ေဇာ္မင္း ။ ။သတင္းအခ်က္အလက္ တိတိက်က်ကို မသိရေသးဘူး။”

မၾကာေသးခင္ရက္ကပဲ ျမန္မာႏိုင္ငံသား ၂ဦးလည္း ကုိယ့္ကုိယ္ကုိ အဆံုးစီရင္သြားခဲ့တာပါ။ အခုေသဆံုးသူကေတာ့ မေကြးတိုင္း၊ ဆင္ေပါင္၀ဲျမိဳနယ္က ျဖစ္တယ္လို႕ မေလးရွားေရာက္ လူမူကူညီေရးအဖဲြ ့ေတြက ဆုိပါတယ္။

မေလးရွားႏုိင္ငံေရာက္ တရားမ၀င္ ျမန္မာႏုိင္ငံသားေတြ ေနရပ္ျပန္ေရး အစီအစဥ္ကို ျမန္မာႏိုင္ငံျခားေရးဌာနက ညိွႏွိုင္းစီစဥ္ေနေၾကာင္း ေျပာဆုိခဲ့တာတလ ေက်ာ္ၾကာျပီျဖစ္ပါတယ္။

ဒီအစီစဥ္ အရ ေနရပ္ျပန္ဖို႔ စာရင္းေပးသြင္းထားသူ လူဦးေရ ၈ေထာင္ထက္မနည္း ရွိေနၿပီ ျဖစ္သလို တရား၀င္ အလုပ္သမားေတြလည္း အလုပ္မေကာင္းတာ က်န္းမာေရးမေကာင္းတာေတြေၾကာင့္ ေနရပ္ျပန္ဖို႔ စာရင္းသြင္းထားၿပီး လနဲ႔ခ်ီေစာင့္ဆုိင္းေနၾကရတာပါ။ ဒီအထဲက တခ်ဳိ႕ကလည္း ျမန္မာႏုိင္ငံကုိ တရားမ၀င္ နယ္စပ္လမ္းေၾကာင္းေတြကေန ျပန္ဖုိ႔ ႀကိဳးစားရာက ဖမ္းဆီးခံရတဲ့ အျဖစ္ေတြ နဲ႔လည္း ရင္ဆုိင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

မလေးရှားမှာ မြန်မာနိုင်ငံသားနောက်တဦး ကြိုးဆွဲချသေ
(Unicode)

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား နောက်တဦး ကြိုးဆွဲချ သေဆုံးမှု ထပ်မံဖြစ်ပွားတဲ့အတွက် ၂ လအတွင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သူ ၁၄ ယောက်ထက်မနည်း ရှိသွားပြီဆိုတဲ့ သတင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ COVID-19 ကပ်ရောဂါကာလအတွင်း အခက်ကြုံနေကြရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက တချို့ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြတဲ့ သတင်းတွေ ဆက်တိုက် ဆိုသလို ထွက်ပေါ်နေတာပါ။ ဒီနေ့မှာလည်း မလေးရှားနိုင်ငံပူးချွန်းမြို့မှာ အသက် ၂၀ အရွယ် မြန်မာလူငယ်တဦး အဆုံးစီရင်သွားတယ်ဆိုတဲ့ သတင်းထွက်လာတာကြောင့် မလေးရှားနိုင်ငံက မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကို မေးကြည့်ခဲ့ပါတယ်။

“ဦးအောင်ဇော်မင်း။ ။ ဟုတ်ပါတယ် ဒီနေ့မှာပဲထပ်ဆုံးပါတယ် ပူချွန်းမှာပါ ။

မအေးအေးမာ။ ။သူက ဘယ်လိုပုံစံမျိုးနေနဲ့ သေတာလဲရှင်ဆွဲကြိုးချတာပဲလား။

ဦးအောင်ဇော်မင်း။ ။ ဘလက်ကောင်းပူချွန်းမှာပါ ဆွဲကြိုးချသေဆုံးတာပါပဲ။

အခုဟာက ကလေးတွေက ပုဂ္ဂလိကခံစားချက်တွေ ဘယ်လိုခံစားချက်တွေနဲ့ ကလေးတွေက လုပ်နေသလဲတော့မသိတော့ဘူး။

မအေးအေးမာ ။ ။နေရပ်ပြန်ရေးကိစ္စတွေကကော ဘာတွေများထူးသေးလဲ။

ဦးအောင်ဇော်မင်း ။ ။သတင်းအချက်အလက် တိတိကျကျကို မသိရသေးဘူး။”

မကြာသေးခင်ရက်ကပဲ မြန်မာနိုင်ငံသား ၂ဦးလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာပါ။ အခုသေဆုံးသူကတော့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြိုနယ်က ဖြစ်တယ်လို့ မလေးရှားရောက် လူမူကူညီရေးအဖွဲ့တွေက ဆိုပါတယ်။

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ရေး အစီအစဉ်ကို မြန်မာနိုင်ငံခြားရေးဌာနက ညှိနှိုင်းစီစဉ်နေကြောင်း ပြောဆိုခဲ့တာတလ ကျော်ကြာပြီဖြစ်ပါတယ်။

ဒီအစီစဉ် အရ နေရပ်ပြန်ဖို့ စာရင်းပေးသွင်းထားသူ လူဦးရေ ၈ထောင်ထက်မနည်း ရှိနေပြီ ဖြစ်သလို တရားဝင် အလုပ်သမားတွေလည်း အလုပ်မကောင်းတာ ကျန်းမာရေးမကောင်းတာတွေကြောင့် နေရပ်ပြန်ဖို့ စာရင်းသွင်းထားပြီး လနဲ့ချီစောင့်ဆိုင်းနေကြရတာပါ။ ဒီအထဲက တချို့ကလည်း မြန်မာနိုင်ငံကို တရားမဝင် နယ်စပ်လမ်းကြောင်းတွေကနေ ပြန်ဖို့ ကြိုးစားရာက ဖမ်းဆီးခံရတဲ့ အဖြစ်တွေ နဲ့လည်း ရင်ဆိုင်နေကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG