သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတွေဦးဆောင်တဲ့ စာချုပ်စာတမ်းအတုဂိုဏ်း မလေးအာဏာပိုင်တွေဖမ်းမိ


ဓါတ်ပုံ- Jabatan Imigresen Malaysia
ဓါတ်ပုံ- Jabatan Imigresen Malaysia

(Zawgyi/Unicode)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့Jalan Lebuh Pudu ဧရိယာမှာ မြန်မာတွေ ဦးဆောင်တဲ့ စာချုပ်စာတမ်းအတုလုပ်တဲ့ ဂိုဏ်း နှစ်ဂိုဏ်းကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဩဂုတ်လ ၄ ရက်နေ့က စစ်ဆင်ရေးတစ်ခုနဲ့ နှိမ်နင်းနိုင်ခဲ့တယ်လို့ ဘာနားမား သတင်းဌာနက ပြောပါတယ်။

အဲဒီ ဂိုဏ်းတွေ လုပ်ငန်း လှုပ်ရှားနေတာ ၂ နှစ် နီးပါးရှိနေဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လထဲ Kedah ပြည်နယ်၊ Kuala Muda ကမ်းခြေကို Rohingya လှေတစ်စင်းကမ်းကပ်ခဲ့ပြီးနောက်ပိုင်း အာဏာပိုင်တွေက ခြေရာခံ လိုက်မိခဲ့တာ လို့လည်း မလေးရှားလူဝင်မှုကြီးကြပ်ရေး ဌာန ညွှန်ကြားရေးမှူးချုပ် Datuk Khairul Dzaimee Daud က ပြောပါတယ်။ အဲဒီ ဂိုဏ်း တွေဟာ ရိုဟင်ဂျာတွေနဲ့ ရခိုင် မူဆလင်တွေ ကို အဓိက ပစ်မှတ်ထား လုပ်ငန်း ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR အသိအမှတ်ပြုကဒ်ပြား၊ မလေးရှားက ရိုဟင်ဂျာအဖွဲ့ အစည်းကဒ်နဲ့ လူဝင်မှု ကြီးကြပ်ရေး i-Kad ကဒ်တွေ အပါအဝင် အထောက်အထား ကဒ်ပြားအတုတွေကို ကဒ်ပြား အမျိုးအစားပေါ် မူတည်ပြီး မလေးရင်းဂစ် ၃၀ ကနေ ၁၅၀ အထိယူပြီး အဲဒီဂိုဏ်းတွေက ဖန်တီးပေးတယ်လို့လည်း Datuk Khairul Dzaimee Daud က ပြော ပါတယ်။

တစ်နေ့ ဝန်ဆောင်မှုပေးရသူ ၃၀ ကနေ ၅၀ အထိ ရှိပြီး တစ်နှစ်ကို စာရွက်စာတမ်း အထောက်အထားအတု ၁၄,၀၀၀ လောက် လိမ်လည် ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။

ဩဂုတ်လ ၄ ရက်နေ့က စစ်ဆင်ရေးမှာတော့ မြန်မာ ၁၅ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ် တစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး အိမ်ရှင်ကိုတော့ မျက်မြင် သက်သေလုပ်ဖို့ ဆင့်ခေါ်စာ ထုတ်ထားတယ်လို့ ပြောပါတယ်။

အဲဒီ ဂိုဏ်းတွေဟာ နိုင်ငံပေါင်းစုံက နိုင်ငံကူးလက်မှတ်တွေမှာ ပါရှိတဲ့ ကိုယ်ရေးရာဇဝင် အချက်အလက်တွေလည်း ပြောင်းလဲပေး နိုင်ကြောင်း၊ သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းတွေထဲ UNHCR က ထုတ်ပေးတယ်ဆိုတဲ့ စာရွက်စာတမ်းအတုတွေ ပါဝင်တယ်လို့ လည်း မလေး လူဝင်မှုဌာန ညွှန်ချုပ်က ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ နိုင်ငံခြားသားတွေကို တော်ဝင် မလေး ရဲတပ်ဖွဲ့ကို လွှဲပြောင်း စစ်ဆေးခိုင်းမှာ ဖြစ်တယ်လို့လည်း ညွှန်ကြားရေးမှူး ချုပ် Datuk Khairul Dzaimee Daud က ပြောပါတယ်။ အစ္စလာမ်ဘာသာဝင် အများစုရှိတဲ့ မလေးရှားနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေနဲ့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံထဲကနေ ထွက်ပြေးလာသူ ရိုဟင်ဂျာ အများစု လာရောက်လိုတဲ့ နေရာဖြစ်ပါတယ်။

မြန်မာတွေဦးဆောင်တဲ့ စာချုပ်စာတမ်းအတုဂိုဏ်း မလေးအာဏာပိုင်တွေဖမ်းမိ
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်


...............

(Unicode)







XS
SM
MD
LG