[Zawgyi/Unicode]
မေလးရွားႏိုင္ငံ ပီနန္ျပည္နယ္မွာ ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ႏုိင္ငံျခားသားေတြ ေနထုိင္ရာအရပ္မွာ COVID-19 ကပ္ေရာဂါပုိး ကူးစက္မႈေတြ႔ရွိတဲ့ သတင္းေၾကာင္း စစ္ေဆးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
ကပ္ေရာဂါနဲ႔ ႀကံဳေနရတဲ့ မေလးရွားႏိုင္ငံမွာ ေနာက္ထပ္ ေရာဂါကူးစက္မႈ အတည္ျပဳလူနာေတြကုိ ပီနန္ျပည္နယ္မွာ ေတြ႔ရွိခဲ့ၿပီးေနာက္ သံသယလူနာေတြ ရွိ-မရွိ ဆက္လက္ စစ္ေဆးေနတာ ျဖစ္ပါတယ္။ မေန႔တုန္းက မေလးရွား က်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳလူနာသစ္ ေနာက္ထပ္ ၄၅ ေယာက္ကုိ အတည္ျပဳခဲ့ရာမွာ ပီနန္ျပည္နယ္လည္း ပါ၀င္တဲ့အတြက္ ေနာက္ဆက္တဲြ ကူးစက္မႈ ရွိ၊ မရွိ စစ္ေဆးေနတာလုိ႔လည္း မေလးရွားအေျခစုိက္ ဒါနကုသလနာေရးကူညီမူအသင္းဥကၠ႒ ကိုရဲမင္းထြန္းကေျပာပါတယ္။
"တမန္ဆရီးရမ္ဘိုင္ တခု တို႔မွာ ေတြ႔တယ္။ ဂ်လမ္းဘာလူးပ႐ိုက္မွာ တခု တူနားဆူပရမ္းဂ်ာယာ တခု ၃ ေနရာေတြ႔တယ္။ ေတြ ့ျပီဆုိရင္ ေလာ့ေဒါင္းခ်လိုက္တယ္။ မခ်ရင္လည္းအနီးတ၀ိုက္မွာ စစ္တာပဲ။ ေတြ႔ၿပီးဆိုရင္ ဆူပရမ္းဂ်ာယာ တိုက္ခန္းေတြနားမွာဆို က်ေနာ္တို႔ ႏိုင္ငံျခားသားေတြ မ်ားတယ္။ အဲဒီပတ္၀န္းက်င္နားမွာ ပ်ံ႕ႏိုင္တဲ့အေနအထားျဖစ္တယ္ဆိုရင္ သူတုိ႔လိုက္တယ္ အနီးတ၀ိုက္ကုိ ေဆးစစ္ဖို႔ ဘာတို႔ သတိေပးတယ္။"
အဲဒီေနရာေတြမွာ ကိုဗစ္ပိုးကူးစက္သူေတြ႕ရွိရလို ့ ဒီနယ္ေျမအတြင္းမွာ ေနထိုင္းေနၾကတဲ့ မေလးရွားႏိုင္ငံသားေတြနဲ ့ ျမန္မာအပါအ၀င္နိုင္ငံျခားသားေတြကို က်န္းမာေရးဌာနက PPE ၀တ္စံုေတြနဲ႔ ေနအိမ္တိုက္ခန္းေတြမွာ ေရာဂါပိုး သံသယရွိတဲ့ လူနာေတြကို လိုက္လံ စစ္ေဆးရွာေဖြေနတာပါ
ရပ္ကြက္အတြင္း အ၀င္အထြက္ေနရာေတြမွာ ရဲတပ္ဖြဲ ့၀င္ေတြဟာ စစ္ေဆးေရးဂိတ္ေတြခ် ေစာင့္ၾကည့္ေနၾကသလို ့ ေရာဂါပိုးေတြ ့ရွိခဲ့တဲ့ ရပ္ကြက္ေတြမွာ COVID 19 ေရာဂါပိုးဆိုင္ရာ ကာကြယ္ေရး အေရးေပၚစည္းကမ္းေတြကို လိုက္နာၾကဖို႔ က်န္းမာေရး၀န္ထမ္းေတြဟာ အသံခ်ဲ႕စက္ေတြ သံုးျပီး သတိေပးေနတယ္လုိ႔လည္း ေျပာပါတယ္။
ခန္႔မွန္းေျခ ျမန္မာႏုိင္ငံသား ၅၅၀,၀၀၀ ေလာက္ အလုပ္လုပ္ကုိင္ေနတဲ့ မေလးရွားႏုိင္ငံမွာ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြေၾကာင့္ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲေတြ ႀကံဳေနရသလို အဖမ္းအဆီးေတြလည္းႀကံဳေနရတာပါ။ မေလးရွား က်န္းမာေရး၀န္ႀကီးဌာနကေတာ့ ဒီေန႔ပဲ COVID-19 ကူးစက္သူ လူနာသစ္ ၁၁ ေယာက္ကုိ ထပ္မံအတည္ျပဳခဲ့တဲ့အတြက္ အခုဆုိရင္ ေသဆုံးသူ ၁၂၅ ေယာက္ အပါအ၀င္ ကူးစက္မႈေပါင္း ၉,၀၀၀ ေက်ာ္အထိ ရွိေနပါတယ္ရွင္။
[Unicode Version]
မြန်မာအများစုနေထိုင်တဲ့ မလေးရှားပီနန် ကိုဗစ်ကူးစက်မှုရှိနေ
မလေးရှားနိုင်ငံ ပီနန်ပြည်နယ်မှာ မြန်မာနိုင်ငံသားတွေ အပါအဝင်နိုင်ငံခြားသားတွေ နေထိုင်ရာအရပ်မှာ COVID-19 ကပ်ရောဂါပိုး ကူးစက်မှုတွေ့ရှိတဲ့ သတင်းကြောင်း စစ်ဆေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကပ်ရောဂါနဲ့ ကြုံနေရတဲ့ မလေးရှားနိုင်ငံမှာ နောက်ထပ် ရောဂါကူးစက်မှု အတည်ပြုလူနာတွေကို ပီနန်ပြည်နယ်မှာ တွေ့ရှိခဲ့ပြီးနောက် သံသယလူနာတွေ ရှိ-မရှိ ဆက်လက် စစ်ဆေးနေတာ ဖြစ်ပါတယ်။ မနေ့တုန်းက မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုလူနာသစ် နောက်ထပ် ၄၅ ယောက်ကို အတည်ပြုခဲ့ရာမှာ ပီနန်ပြည်နယ်လည်း ပါဝင်တဲ့အတွက် နောက်ဆက်တွဲ ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးနေတာလို့လည်း မလေးရှားအခြေစိုက် ဒါနကုသလနာရေးကူညီမူအသင်းဥက္ကဋ္ဌ ကိုရဲမင်းထွန်းကပြောပါတယ်။
"တမန်ဆရီးရမ်ဘိုင် တခု တို့မှာ တွေ့တယ်။ ဂျလမ်းဘာလူးပရိုက်မှာ တခု တူနားဆူပရမ်းဂျာယာ တခု ၃ နေရာတွေ့တယ်။ တွေ့ပြီဆိုရင် လော့ဒေါင်းချလိုက်တယ်။ မချရင်လည်းအနီးတဝိုက်မှာ စစ်တာပဲ။ တွေ့ပြီးဆိုရင် ဆူပရမ်းဂျာယာ တိုက်ခန်းတွေနားမှာဆို ကျနော်တို့ နိုင်ငံခြားသားတွေ များတယ်။ အဲဒီပတ်ဝန်းကျင်နားမှာ ပျံ့နိုင်တဲ့အနေအထားဖြစ်တယ်ဆိုရင် သူတို့လိုက်တယ် အနီးတဝိုက်ကို ဆေးစစ်ဖို့ ဘာတို့ သတိပေးတယ်။"
အဲဒီနေရာတွေမှာ ကိုဗစ်ပိုးကူးစက်သူတွေ့ရှိရလို့ ဒီနယ်မြေအတွင်းမှာ နေထိုင်းနေကြတဲ့ မလေးရှားနိုင်ငံသားတွေနဲ့ မြန်မာအပါအဝင်နိုင်ငံခြားသားတွေကို ကျန်းမာရေးဌာနက PPE ဝတ်စုံတွေနဲ့ နေအိမ်တိုက်ခန်းတွေမှာ ရောဂါပိုး သံသယရှိတဲ့ လူနာတွေကို လိုက်လံ စစ်ဆေးရှာဖွေနေတာပါ
ရပ်ကွက်အတွင်း အဝင်အထွက်နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ဆေးရေးဂိတ်တွေချ စောင့်ကြည့်နေကြသလို့ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ရပ်ကွက်တွေမှာ COVID 19 ရောဂါပိုးဆိုင်ရာ ကာကွယ်ရေး အရေးပေါ်စည်းကမ်းတွေကို လိုက်နာကြဖို့ ကျန်းမာရေးဝန်ထမ်းတွေဟာ အသံချဲ့စက်တွေ သုံးပြီး သတိပေးနေတယ်လို့လည်း ပြောပါတယ်။
ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရသလို အဖမ်းအဆီးတွေလည်းကြုံနေရတာပါ။ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီနေ့ပဲ COVID-19 ကူးစက်သူ လူနာသစ် ၁၁ ယောက်ကို ထပ်မံအတည်ပြုခဲ့တဲ့အတွက် အခုဆိုရင် သေဆုံးသူ ၁၂၅ ယောက် အပါအဝင် ကူးစက်မှုပေါင်း ၉,၀၀၀ ကျော်အထိ ရှိနေပါတယ်ရှင်။