သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ တရားမဝင္ျမန္မာ ရာနဲ႔ခ်ီ အဖမ္းခံရ


ေမလ ၁၁ ရက္က မေလးရွားႏိုင္ငံမွာ တရားမ၀င္ႏိုင္ငံျခားသားေတြကုိ ဖမ္းဆီးေနတဲ့ ျမင္ကြင္း (ဓာတ္ပံု - U Thiha Maung Maung)

(Zawgyi / Unicode)

မေလးရွားႏုိင္ငံမွာ အဖမ္းအဆီးေတြ ဆက္ရွိေနၿပီး ဒီရက္ပိုင္းမွာပဲ စီလန္ေဂါျပည္နယ္ထဲက ျမန္မာအပါအ၀င္ ႏုိင္ငံျခားသား ကုိယ္ပိုင္လုပ္ငန္း လုပ္ကုိင္ေနသူေတြကုိ ဖမ္းဆီးမႈေတြ လုပ္ေနပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

မေလးရွားႏုိင္ငံ စီလန္ေဂါျပည္နယ္ထဲမွာ ျမန္မာေတြ အမ်ားဆံုးေနထုိင္ေနတဲ့ ေနရာေတြမွာ အဖမ္းအဆီးေတြ မ်ားေနတာပါ။ မေလးရွားအေျခစုိက္ ဒါနကုသလ နာေရးကူညီမႈအသင္း ဥကၠ႒ ကိုရဲမင္းထြန္းက အခုလိုေျပာပါတယ္။

“ပံုမွန္ကေတာ့ အဖမ္းအဆီးေတြကေတာ့ ေနရာတိုင္းမွာ ရွိပါတယ္။ တရားမ၀င္ အလုပ္သမားေတြလည္း ဖမ္းေနတာပဲ။ စီလန္ေဂါျပည္နယ္ထဲမွာေတာ့ ျမန္မာေတြ ေနရာအႏွံ႔မွာ ရွိပါတယ္။ စီလန္ေဂါက ျပည္နယ္ေပါ့၊ ကြာလာလမ္ပူကလည္း အဲဒီျပည္နယ္ထဲမွာပါတယ္။”

ၾသဂုတ္လ ၁၅ ရက္ေန႔မွာလည္း ပီနန္းဘက္မွာ ေအာ္ပရာစီ စစ္ဆင္ေရး လုပ္ခဲ့တာေၾကာင့္ ဒီရက္ပိုင္းအတြင္း ျမန္မာေတြ ရာဂဏန္းနဲ႔ခ်ီ အဖမ္းခံေနရပါတယ္။

မေလးရွား ျပည္ထဲေရး၀န္ႀကီး Datuk Seri Hamzah Zainudin က ၾသဂုတ္လ ၁၃ ရက္ေန႔တုန္းကေတာ့ အခုလို ေျပာသြားပါတယ္။

“၆ လအတြင္း တရားမ၀င္ ႏုိင္ငံျခားသားေတြကို အဖမ္းအဆီး လုပ္ခဲ့ရာမွာ ျမန္မာအပါအ၀င္ တရားမ၀င္ႏုိင္ငံသား ၂၁,၀၀၀ ေက်ာ္ကုိ ျပည္ႏွင္ဒဏ္ေပးခဲ့ၿပီး လက္ရွိ ထိန္းသိမ္းေရး စခန္းေတြထဲမွာ ျမန္မာအပါအ၀င္ တရားမ၀င္ ႏုိင္ငံျခားသား ၁၆,၀၀၀ နီးပါး က်န္ေနေသးတယ္။ သူတို႔ကို ေနရပ္ျပန္မပုိ႔မီ COVID-19 စစ္ေဆးေပးၿပီး ကုိဗစ္ကပ္ေရာဂါ ျဖစ္ေနတယ္ဆုိရင္ ေဆး၀ါးကုသေပးၿပီးမွ ျပည္ႏွင္ဒဏ္ေပးမယ္။ မေလးရွားႏုိင္ငံရဲ႕ စိုးရိမ္မႈကေတာ့ ဖမ္းဆီးမိတဲ့ ႏုိင္ငံျခားသားေတြမွာ ကုိဗစ္ကူးစက္ေနသူေတြကုိ သူတုိ႔ႏုိင္ငံေတြဆီ ျပန္ပုိ႔မိမွာကုိပဲ စိုးရိမ္မိတယ္။ ဒီအတြက္ ကုိဗစ္ကင္းစင္သူေတြကုိသာ ေနရပ္ရင္းကို ျပန္ပုိ႔ေပးမွာျဖစ္ပါတယ္။” ဆုိၿပီး မေလးရွားဘာသာနဲ႔ ေျပာဆုိသြားတာပါ။

လူဝင္မႈႀကီးၾကပ္ေရးဌာနကေတာ့ အခုႏွစ္ အေစာပိုင္းက စၿပီး ၿပီးခဲ့တဲ့ တနလၤာေန႔အထိ ေအာ္ပရာစီ စစ္ဆင္ေရးေပါင္း ၄,၇၀၀ ေက်ာ္ ျပဳလုပ္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္တဲ့ တရား၀င္ေရာ တရားမ၀င္ပါ ပါ၀င္တဲ့ ႏုိင္ငံျခားသား ၁၈,၀၀၀ ေက်ာ္ကုိလည္း ဖမ္းဆီးစစ္ေဆးခဲ့ၿပီး ျပစ္မႈက်ဴးလြန္ခဲ့တဲ့ လိုင္စင္မရွိဘဲ အလုပ္လုပ္ခြြင့္မရွိဘဲ ကုိယ္ပုိင္လုပ္ငန္း လုပ္ကုိင္သူ ၂၆၉ ဦးကုိ ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း ၾသဂုတ္လ ၁၃ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိသြားပါတယ္။

အခု ဖမ္းဆီးခံေနရသူေတြကေတာ့ တရားမ၀င္ ေနထုိင္ အလုပ္လုပ္ကုိင္ေနသူေတြ ေစ်းဆိုင္ေတြ ကုန္ထုတ္လုပ္ငန္းေတြကုိ ကုိယ္ပုိင္လုပ္ေဆာင္ေနသူေတြကုိ အဓိက ဖမ္းဆီးတာ ျဖစ္ပါတယ္။ သူတုိ႔ေတြဟာ တရား၀င္မွတ္ပံုတင္တာ မဟုတ္ဘဲ လုိင္စင္မဲ့ တရားမ၀င္ လုပ္ေဆာင္ေနၾကတာေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

မလေးရှားမှာ တရားမဝင်မြန်မာ ရာနဲ့ချီ အဖမ်းခံရ

မလေးရှားနိုင်ငံမှာ အဖမ်းအဆီးတွေ ဆက်ရှိနေပြီး ဒီရက်ပိုင်းမှာပဲ စီလန်ဂေါပြည်နယ်ထဲက မြန်မာအပါအဝင် နိုင်ငံခြားသား ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူတွေကို ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံ စီလန်ဂေါပြည်နယ်ထဲမှာ မြန်မာတွေ အများဆုံးနေထိုင်နေတဲ့ နေရာတွေမှာ အဖမ်းအဆီးတွေ များနေတာပါ။ မလေးရှားအခြေစိုက် ဒါနကုသလ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုရဲမင်းထွန်းက အခုလိုပြောပါတယ်။

“ပုံမှန်ကတော့ အဖမ်းအဆီးတွေကတော့ နေရာတိုင်းမှာ ရှိပါတယ်။ တရားမဝင် အလုပ်သမားတွေလည်း ဖမ်းနေတာပဲ။ စီလန်ဂေါပြည်နယ်ထဲမှာတော့ မြန်မာတွေ နေရာအနှံ့မှာ ရှိပါတယ်။ စီလန်ဂေါက ပြည်နယ်ပေါ့၊ ကွာလာလမ်ပူကလည်း အဲဒီပြည်နယ်ထဲမှာပါတယ်။”

သြဂုတ်လ ၁၅ ရက်နေ့မှာလည်း ပီနန်းဘက်မှာ အော်ပရာစီ စစ်ဆင်ရေး လုပ်ခဲ့တာကြောင့် ဒီရက်ပိုင်းအတွင်း မြန်မာတွေ ရာဂဏန်းနဲ့ချီ အဖမ်းခံနေရပါတယ်။

မလေးရှား ပြည်ထဲရေးဝန်ကြီး Datuk Seri Hamzah Zainudin က သြဂုတ်လ ၁၃ ရက်နေ့တုန်းကတော့ အခုလို ပြောသွားပါတယ်။

“၆ လအတွင်း တရားမဝင် နိုင်ငံခြားသားတွေကို အဖမ်းအဆီး လုပ်ခဲ့ရာမှာ မြန်မာအပါအဝင် တရားမဝင်နိုင်ငံသား ၂၁,၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး လက်ရှိ ထိန်းသိမ်းရေး စခန်းတွေထဲမှာ မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသား ၁၆,၀၀၀ နီးပါး ကျန်နေသေးတယ်။ သူတို့ကို နေရပ်ပြန်မပို့မီ COVID-19 စစ်ဆေးပေးပြီး ကိုဗစ်ကပ်ရောဂါ ဖြစ်နေတယ်ဆိုရင် ဆေးဝါးကုသပေးပြီးမှ ပြည်နှင်ဒဏ်ပေးမယ်။ မလေးရှားနိုင်ငံရဲ့ စိုးရိမ်မှုကတော့ ဖမ်းဆီးမိတဲ့ နိုင်ငံခြားသားတွေမှာ ကိုဗစ်ကူးစက်နေသူတွေကို သူတို့နိုင်ငံတွေဆီ ပြန်ပို့မိမှာကိုပဲ စိုးရိမ်မိတယ်။ ဒီအတွက် ကိုဗစ်ကင်းစင်သူတွေကိုသာ နေရပ်ရင်းကို ပြန်ပို့ပေးမှာဖြစ်ပါတယ်။” ဆိုပြီး မလေးရှားဘာသာနဲ့ ပြောဆိုသွားတာပါ။

လူဝင်မှုကြီးကြပ်ရေးဌာနကတော့ အခုနှစ် အစောပိုင်းက စပြီး ပြီးခဲ့တဲ့ တနင်္လာနေ့အထိ အော်ပရာစီ စစ်ဆင်ရေးပေါင်း ၄,၇၀၀ ကျော် ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်တဲ့ တရားဝင်ရော တရားမဝင်ပါ ပါဝင်တဲ့ နိုင်ငံခြားသား ၁၈,၀၀၀ ကျော်ကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ လိုင်စင်မရှိဘဲ အလုပ်လုပ်ခွင့်မရှိဘဲ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ ၂၆၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အခု ဖမ်းဆီးခံနေရသူတွေကတော့ တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေသူတွေ ဈေးဆိုင်တွေ ကုန်ထုတ်လုပ်ငန်းတွေကို ကိုယ်ပိုင်လုပ်ဆောင်နေသူတွေကို အဓိက ဖမ်းဆီးတာ ဖြစ်ပါတယ်။ သူတို့တွေဟာ တရားဝင်မှတ်ပုံတင်တာ မဟုတ်ဘဲ လိုင်စင်မဲ့ တရားမဝင် လုပ်ဆောင်နေကြတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG