သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေလွထိုးသားေတြပါတဲ့ တရားမဝင္ငါးဖမ္းေလွ မေလးရွားဖမ္းဆီး


ဖမ္းမိတဲ့ တရားမ၀င္ငါးဖမ္းစက္ေလွ။ (ဓာတ္ပံု - Selangor Maritime - ၾသဂုတ္ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံသားတခ်ဳိ႕ အလုပ္လုပ္ေနတဲ့ တရားမ၀င္ ငါးဖမ္းစက္ေလွ ႏွစ္စင္းကုိ မေလးေရပုိင္နက္ထဲမွာ ကမ္းေျခေစာင့္တပ္ဖဲြ႔က ဖမ္းဆီးလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မေလးရွားနိုင္ငံ ပီနန္နဲ ့ဆီလင္ေဂါျပည္နယ္ ကမ္းလြန္ေရျပင္မွာ တရား၀င္ လိုင္စင္မရွိဘဲ ငါးခိုးဖမ္းတဲ့ စက္ေလွ ႏွစ္စင္းကို ကမ္းေျခေစာင့္တပ္က ဖမ္းဆီးခဲ့ရာမွာ ျမန္မာႏုိင္ငံသား ေလွထိုးသား ၁၀ ဦးထက္မနည္းကုိပါ ဖမ္းဆီးမိခဲ့တာ ျဖစ္ပါတယ္။ ဒီသီတင္းပတ္အေစာပုိင္း တရားမ၀င္ ငါးဖမ္းစက္ေလွေတြ ဖမ္းဆီးမိတဲ့အေၾကာင္းကုိေတာ့ မးေလးရွားေရေၾကာင္း လံုျခံဳေရးဆိုင္ရာ ဆီလင္ေဂါ ျပည္နယ္ ေရတပ္အၾကီးအကဲ Mohammad Rosli bin Kassim မိုဟာမက္ ရာဇာလီ ဘင္ကာစင္ က အတည္ျပဳ ေျပာဆုိခဲ့တာပါ။

ဖမ္းဆီးမိခဲ့တဲ့ စက္ေလွေတြကုိေတာ့ မေလးရွားႏိုင္ငံသားေတြ ပုိင္ဆုိင္ေပမဲ့ တရား၀င္ ငါးဖမ္းခြင့္လုိင္စင္ မရွိဘူးလုိ႔လည္း ေျပာပါတယ္။ COVID-19 ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္ မေလးရွားေရပုိင္နက္မွာ တရားမ၀င္ လႈပ္ရွားမႈေတြကုိ ေစာင့္ၾကည့္ထိန္းခ်ဳပ္ေနခ်ိန္မွာ ဖမ္းဆီးမိခဲ့တာလုိ႔လည္း ဆီလင္ေဂါ ျပည္နယ္ ေရတပ္အၾကီးအကဲက သတင္းေထာက္ေတြကို ေျပာဆုိသြားပါတယ္။

"က်ေနာ္တို႔အေနနဲ႔ မေလးရွားေရပုိင္နက္ထဲမွာ ႏိုင္ငံျခားတုိင္းျပည္က ငါးဖမ္းစက္ေလွေတြေရာ မေလးရွားႏိုင္ငံထဲက တရားမ၀င္ငါးဖမ္းေလွေတြကိုပါ ေစာင့္ၾကည့္စစ္ေဆးေနပါတယ္။ ဒါဟာ COVID 19 အေရးေပၚကာလမို႔ နယ္ျခားျဖတ္ေက်ာ္ေနႀကတဲ့ ႏိုင္ငံျခားသားေတြမွာ ပါလာႏုိင္တဲ့ ကပ္ေရာဂါပုိးကုိ ထိန္းခ်ဳပ္ကာကြယ္ႏိုင္ဖို႔အတြက္ အေရးတႀကီးေစာင့္ႀကည့္ရမယ့္လုပ္ငန္း တခုျဖစ္ပါတယ္။" ဆိုျပီး မေလးဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ငါးဖမ္း စက္ေလွပိုင္ရွင္ေတြကိုေတာ့ မေလးရွားႏုိင္ငံရဲ႕ ၁၉၈၅ ငါးဖမ္းလုပ္ငန္းဆိုင္ရာ ဥပေဒနဲ ့အေရးယူမွာျဖစ္ၿပီး ေလွထိုးသား ျမန္မာႏိုင္ငံသားေတြကိုေတာ့ လူ၀င္မႈႀကီးၾကပ္ေရး အက္ဥပေဒနဲ႔ အေရးယူခံၾကရမွာပါ။ မေလးရွားႏုိင္ငံက ငါးဖမ္းစက္ေလွေတြမွာ အလုပ္လုပ္ကုိင္ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြဟာ တရားမ၀င္ လမ္းေၾကာင္းေတြကေန ၀င္ေရာက္လာေလ့ ရွိၾကသလုိ တရား၀င္ အလုပ္လုပ္ခြင့္မရွိတဲ့အတြက္ လုပ္အားခနဲ႔ အလုပ္သမား အခြင့္အေရးေတြ အျပည့္အ၀ ရေလ့မရွိတတ္ၾကပါဘူး။ အေမရိကန္ႏုိင္ငံျခားေရးဌာနရဲ႕ လူကုန္ကူးမႈတုိက္ဖ်က္ေရး ႏွစ္ပတ္လည္ အစီရင္ခံစာမွာေတာ့ မေလးရွားႏုိင္ငံကုိ လူေမွာင္ခုိမႈ တုိက္ဖ်က္ေရးမွာ ေစာင့္ၾကည့္ရမယ့္ စာရင္းမွာ ထည့္သြင္းထားၿပီး ျမန္မာႏုိင္ငံကုိေတာ့ အဆုိးဆုံးအဆင့္မွာ ထည့္သြင္းထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာလှေထိုးသားတွေပါတဲ့ တရားမဝင်ငါးဖမ်းလှေ မလေးရှားဖမ်းဆီး

မြန်မာနိုင်ငံသားတချို့ အလုပ်လုပ်နေတဲ့ တရားမဝင် ငါးဖမ်းစက်လှေ နှစ်စင်းကို မလေးရေပိုင်နက်ထဲမှာ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ ပီနန်နဲ့ဆီလင်ဂေါပြည်နယ် ကမ်းလွန်ရေပြင်မှာ တရားဝင် လိုင်စင်မရှိဘဲ ငါးခိုးဖမ်းတဲ့ စက်လှေ နှစ်စင်းကို ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား လှေထိုးသား ၁၀ ဦးထက်မနည်းကိုပါ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ ဒီသီတင်းပတ်အစောပိုင်း တရားမဝင် ငါးဖမ်းစက်လှေတွေ ဖမ်းဆီးမိတဲ့အကြောင်းကိုတော့ မးလေးရှားရေကြောင်း လုံခြုံရေးဆိုင်ရာ ဆီလင်ဂေါ ပြည်နယ် ရေတပ်အကြီးအကဲ Mohammad Rosli bin Kassim မိုဟာမက် ရာဇာလီ ဘင်ကာစင် က အတည်ပြု ပြောဆိုခဲ့တာပါ။

ဖမ်းဆီးမိခဲ့တဲ့ စက်လှေတွေကိုတော့ မလေးရှားနိုင်ငံသားတွေ ပိုင်ဆိုင်ပေမဲ့ တရားဝင် ငါးဖမ်းခွင့်လိုင်စင် မရှိဘူးလို့လည်း ပြောပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ကြုံနေရချိန် မလေးရှားရေပိုင်နက်မှာ တရားမဝင် လှုပ်ရှားမှုတွေကို စောင့်ကြည့်ထိန်းချုပ်နေချိန်မှာ ဖမ်းဆီးမိခဲ့တာလို့လည်း ဆီလင်ဂေါ ပြည်နယ် ရေတပ်အကြီးအကဲက သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

"ကျနော်တို့အနေနဲ့ မလေးရှားရေပိုင်နက်ထဲမှာ နိုင်ငံခြားတိုင်းပြည်က ငါးဖမ်းစက်လှေတွေရော မလေးရှားနိုင်ငံထဲက တရားမဝင်ငါးဖမ်းလှေတွေကိုပါ စောင့်ကြည့်စစ်ဆေးနေပါတယ်။ ဒါဟာ COVID 19 အရေးပေါ်ကာလမို့ နယ်ခြားဖြတ်ကျော်နေကြတဲ့ နိုင်ငံခြားသားတွေမှာ ပါလာနိုင်တဲ့ ကပ်ရောဂါပိုးကို ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် အရေးတကြီးစောင့်ကြည့်ရမယ့်လုပ်ငန်း တခုဖြစ်ပါတယ်။" ဆိုပြီး မလေးဘာသာနဲ့ ပြောဆိုသွားတာပါ။

ငါးဖမ်း စက်လှေပိုင်ရှင်တွေကိုတော့ မလေးရှားနိုင်ငံရဲ့ ၁၉၈၅ ငါးဖမ်းလုပ်ငန်းဆိုင်ရာ ဥပဒေနဲ့အရေးယူမှာဖြစ်ပြီး လှေထိုးသား မြန်မာနိုင်ငံသားတွေကိုတော့ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူခံကြရမှာပါ။ မလေးရှားနိုင်ငံက ငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ တရားမဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်လာလေ့ ရှိကြသလို တရားဝင် အလုပ်လုပ်ခွင့်မရှိတဲ့အတွက် လုပ်အားခနဲ့ အလုပ်သမား အခွင့်အရေးတွေ အပြည့်အ၀ ရလေ့မရှိတတ်ကြပါဘူး။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာမှာတော့ မလေးရှားနိုင်ငံကို လူမှောင်ခိုမှု တိုက်ဖျက်ရေးမှာ စောင့်ကြည့်ရမယ့် စာရင်းမှာ ထည့်သွင်းထားပြီး မြန်မာနိုင်ငံကိုတော့ အဆိုးဆုံးအဆင့်မှာ ထည့်သွင်းထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG