သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေနရပ္ျပန္ေရးအခက္ႀကံဳေနတဲ့ မေလးေရာက္ ျမန္မာအလုပ္သမားေတြ ဗီဇာရက္လြန္ေၾကး ေပးရမယ့္အေရးဆုိက္


(Zawgyi/Unicode)

မေလးရွားႏိုင္ငံမွာ ကုိဗစ္ကပ္ေရာဂါကာလ ျမန္မာႏုိင္ငံသားေတြ ေနရပ္ျပန္ခ်င္ ၾကေပမဲ့ အေထာက္ထားမရွိတာေရာ၊ ဗီဇာသက္တမ္း ေက်ာ္လြန္ ေနထုိင္သူေတြ ဒဏ္ေၾကးေပးေဆာင္ရမယ့္ အခက္အခဲေတြပါ ႀကံဳေနရတဲ့အတြက္ မျပန္ႏုိင္ပဲ ျဖစ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏိုင္ငံက ထိန္းသိမ္းေရး စခန္းေတြမွာ ဖမ္းဆီးထိန္းသိမ္းခံထားရသူေတြ အပါအ၀င္ ကပ္ေရာဂါကာလ ေနရပ္ျပန္လုိသူေတြကုိ စိစစ္ၿပီး ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔ ေနရပ္ျပန္ႏုိင္ေအာင္ ျမန္မာအစုိးရက စီစဥ္ေနတယ္ ဆုိေပမဲ့ လက္ေတြ႔မွာ ျပန္ဖုိ႔အခက္ႀကံဳေနၾကပါတယ္။ ျပည္၀င္ခြင့္ဗီဇာ သက္တမ္းေက်ာ္လြန္ ေနထုိင္သူေတြ သတ္မွတ္ထားတဲ့ ဒဏ္ေၾကးေပးေဆာင္ဖုိ႔ မေလးရွား လူ၀င္မႈႀကီးၾကပ္ေရးဌာနက ေၾကညာထားတာ ဟာလည္း အဓိက အခက္အခဲတခု ျဖစ္ေနတယ္လုိ႔ ျမန္မာသံရံုးကုိယ္စားျပဳျပီး ထိန္သိမ္းေရးစခန္းက ျမန္မာေတြေနရပ္ျပန္ႏိုင္ေရးကူညီေပးေနတဲ့ ဦးသီဟေမာင္ေမာင္က ေျပာပါတယ္။

“ျပီးခဲ့တဲ့ ရက္ကပဲလ၀က ညြန္ႀကားေရမွဴးခ်ဳပ္ကေပါ့ေနာ္ သူကုိယ္တိုင္ ေႀကညာခ်က္ ထုတ္ျပန္တဲ့အထဲမွာ ဒဏ္ေၾကး ၃၁၀၀ မျဖစ္မေနေဆာင္ရမယ္ဆိုတာကေတာ့ အျမင့္ဆံုးဒဏ္ေၾကးေပါ့။ က်န္တာကေတာ့ သူဥပေဒအတုိင္း တရက္ကုိ ၃၀ႏႈန္း ရက္၃၀ဆို ၉၀၀ေပါ့ Special Pass အတြက္ ၁၀၀ ယူတယ္ ၊ ေနာက္ၿပီး တလကေန ၆ လအတြင္းကုိ ဒဏ္ေၾကး ၁၀၀၀ ၊ Special Pass အတြက္ ၁၀၀ ယူတယ္ ။ ၆ ကေန ၃ႏွစ္အတြင္း ဆိုရင္၂ေထာင္ Special Pass အတြက္ ၁၀၀ ယူတယ္ ၃ႏွစ္အတြက္ဆုိရင္ Over stay ျဖစ္တာဆုိရင္ဒဏ္ေၾကး က ၃၀၀၀ Special Pass အတြက္ ၁၀၀ ယူတယ္ အခုက သူကရွိရင္းစြဲ ဥပေဒ အတုိင္းျပဌာန္း ထားတုန္းဆုိေတာ့ ဒဏ္ေၾကးေလ်ာ့မယ့္ အထဲမွာအခုထိေတာ့မပါေသးဘူး။”

ေနရပ္ျပန္မယ့္သူေတြ ကပ္ေရာဂါကာလမွာ ဒဏ္ေၾကးေပးစရာ မလုိပဲ ျပန္ခြင့္ရေရး ၂ ႏုိင္ငံ တာ၀န္ရွိသူေတြ ညွိႏႈိင္းတာေတြ ရွိေပမယ့္လည္း ၂ လေက်ာ္ၾကာလာတဲ့အထိ ထူးျခားမႈေတာ့ မရွိေသးပါဘူး။

ခန္႔မွန္းေခ် ျမန္မာႏုိင္ငံသား ၅ သိန္းခဲြေလာက္ အလုပ္လုပ္ကုိင္ေနတဲ့ မေလးရွားႏုိင္ငံမွာ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြေၾကာင့္ တရား၀င္ ေနထုိင္သူေတြေရာ၊ တရားမ၀င္ ေရာက္ရွိေနသူေတြပါ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲေတြ ႀကံဳေနရတာပါ။
ကပ္ေရာဂါကာလ အခက္အခဲေတြၾကားမွာပဲ ျမန္မာႏုိင္ငံသားေတြထဲက ကုိယ့္ကုိယ္ကုိ အဆုံးစီရင္ခဲ့သူ ၁၄ဦးထက္မနည္း ရွိခဲ့သလုိ၊ ေနရပ္ျပန္ဖုိ႔ တရားမ၀င္ နည္းလမ္းေတြက ႀကိဳးပမ္းရာက ဖမ္းဆီးခံရသူေတြလည္း အမ်ားအျပား ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

နေရပ်ပြန်ရေးအခက်ကြုံနေတဲ့ မလေးရောက် မြန်မာအလုပ်သမားတွေ ဗီဇာရက်လွန်ကြေး ပေးရမယ့်အရေးဆိုက်
(Unicode)

မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ချင် ကြပေမဲ့ အထောက်ထားမရှိတာရော၊ ဗီဇာသက်တမ်း ကျော်လွန် နေထိုင်သူတွေ ဒဏ်ကြေးပေးဆောင်ရမယ့် အခက်အခဲတွေပါ ကြုံနေရတဲ့အတွက် မပြန်နိုင်ပဲ ဖြစ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံက ထိန်းသိမ်းရေး စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အပါအဝင် ကပ်ရောဂါကာလ နေရပ်ပြန်လိုသူတွေကို စိစစ်ပြီး ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ နေရပ်ပြန်နိုင်အောင် မြန်မာအစိုးရက စီစဉ်နေတယ် ဆိုပေမဲ့ လက်တွေ့မှာ ပြန်ဖို့အခက်ကြုံနေကြပါတယ်။ ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကျော်လွန် နေထိုင်သူတွေ သတ်မှတ်ထားတဲ့ ဒဏ်ကြေးပေးဆောင်ဖို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာထားတာ ဟာလည်း အဓိက အခက်အခဲတခု ဖြစ်နေတယ်လို့ မြန်မာသံရုံးကိုယ်စားပြုပြီး ထိန်သိမ်းရေးစခန်းက မြန်မာတွေနေရပ်ပြန်နိုင်ရေးကူညီပေးနေတဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်ကပဲလဝက ညွန်ကြားရေမှူးချုပ်ကပေါ့နော် သူကိုယ်တိုင် ကြေညာချက် ထုတ်ပြန်တဲ့အထဲမှာ ဒဏ်ကြေး ၃၁၀၀ မဖြစ်မနေဆောင်ရမယ်ဆိုတာကတော့ အမြင့်ဆုံးဒဏ်ကြေးပေါ့။ ကျန်တာကတော့ သူဥပဒေအတိုင်း တရက်ကို ၃၀နှုန်း ရက်၃၀ဆို ၉၀၀ပေါ့ Special Pass အတွက် ၁၀၀ ယူတယ် ၊ နောက်ပြီး တလကနေ ၆ လအတွင်းကို ဒဏ်ကြေး ၁၀၀၀ ၊ Special Pass အတွက် ၁၀၀ ယူတယ် ။ ၆ ကနေ ၃နှစ်အတွင်း ဆိုရင်၂ထောင် Special Pass အတွက် ၁၀၀ ယူတယ် ၃နှစ်အတွက်ဆိုရင် Over stay ဖြစ်တာဆိုရင်ဒဏ်ကြေး က ၃၀၀၀ Special Pass အတွက် ၁၀၀ ယူတယ် အခုက သူကရှိရင်းစွဲ ဥပဒေ အတိုင်းပြဌာန်း ထားတုန်းဆိုတော့ ဒဏ်ကြေးလျော့မယ့် အထဲမှာအခုထိတော့မပါသေးဘူး။”

နေရပ်ပြန်မယ့်သူတွေ ကပ်ရောဂါကာလမှာ ဒဏ်ကြေးပေးစရာ မလိုပဲ ပြန်ခွင့်ရရေး ၂ နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းတာတွေ ရှိပေမယ့်လည်း ၂ လကျော်ကြာလာတဲ့အထိ ထူးခြားမှုတော့ မရှိသေးပါဘူး။

ခန့်မှန်းချေ မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် တရားဝင် နေထိုင်သူတွေရော၊ တရားမဝင် ရောက်ရှိနေသူတွေပါ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတာပါ။
ကပ်ရောဂါကာလ အခက်အခဲတွေကြားမှာပဲ မြန်မာနိုင်ငံသားတွေထဲက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သူ ၁၄ဦးထက်မနည်း ရှိခဲ့သလို၊ နေရပ်ပြန်ဖို့ တရားမဝင် နည်းလမ်းတွေက ကြိုးပမ်းရာက ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG