[Zawgyi/Unicode]
ရခိုင္ျပည္နယ္မွာ သီတင္းတစ္ပတ္ေက်ာ္အတြင္း COVID-19 ကူးစက္ခံရသူ ၇၀ ေက်ာ္ ရွိလာေနတာေၾကာင့္ ကပ္ေရာဂါ ကာကြယ္ေရး စည္းကမ္းေတြကုိ တင္းၾကပ္ဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။
စစ္ေတြအပါအဝင္ ေျမာက္ဦးနဲ႔ သံတြဲ ၿမိဳ႕နယ္ေတြမွာ တစ္ပတ္ေက်ာ္အတြင္း COVID-19 ကူးစက္ခံရသူ ၇၂ ဦးထိရွိလာသလို ေစာင့္ၾကည့္လူနာေတြနဲ႔ အသြားအလာ ကန္႔သတ္ထား သူေတြလည္း တုိးလာေနခ်ိန္မွာပဲ ေရာဂါပုိးပ်ံ႕ႏွံ႔မႈေတြကုိ ထိန္းခ်ဳပ္ေရး စည္းကမ္းေတြကုိ ေဒသခံေတြ လုိက္နာေအာင္ ျပည္နယ္အစုိးရတာ၀န္ရွိသူေတြ ႀကိဳးပမ္းေနတာပါ။
ရခုိင္ျပည္နယ္မွာ လတ္တေလာ ကူးစက္မႈ အမ်ားဆုံျဖစ္ေနတဲ့ စစ္ေတြၿမိဳ႕နယ္မွာ ညမထြက္ရအမိန္႔ ပုဒ္မ ၁၄၄ ထုတ္ျပန္ထားၿပီး၊ ကပ္ေရာဂါ ကာကြယ္ေရး က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို မနာလိုက္နာသူေတြကိုလည္း မေန႔ကစ သတိေပး အေရးယူေနၿပီလို႔ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ေျပာခြင့္ရ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္ကေျပာပါတယ္။
"မေန႔ကေတာ့ က်ေနာ္တို႔ Mask မတပ္တဲ့သူေတြကို ရဲစခန္းကို ေခၚသြားတယ္။ စခန္းေရာက္ေတာ့ ခံဝန္ကတိ လက္မွတ္ထားခိုင္းတယ္။ ေနာက္ထပ္ဒီလိုမလုပ္ဖို႔ေပါ့ေနာ္။ အဲဒီေလာက္ပဲရွိပါေသးတယ္။ ဒါေပမဲ့လည္း ေနာက္ရက္၊ ေနာက္ရက္ေတြမွာ ထပ္ၿပီးေတာ့ က်ဴးလြန္လာမယ္ဆိုရင္ တရားစြဲဆိုဖို႔အထိ ျဖစ္လာလိမ့္မယ္။"
ရခုိင္ျပည္နယ္မွာ ကူးစက္မႈေတြ တုိးလာေနေပမဲ့လည္း အတည္ျပဳလူနာေတြနဲ႔ ထိေတြ႔ဆက္ဆံသူေတြကုိ ေျခရာခံစစ္ေဆးဖုိ႔ ခက္ခဲေနတာေၾကာင့္ ေဒသခံေတြ သတိထား သြားလာေနထုိင္ၾကဖုိ႔လည္း ျပည္နယ္အစုိးရ ေျပာခြင့္ရ ဦးဝင္းျမင့္က ေျပာပါတယ္။
"က်ေနာ္တို႔ အခုအခ်ိန္မွာ လူနာေတြနဲ႔ထိေတြ႔ခဲ့သူေတြ contact person ေတြဘယ္ေလာက္မ်ားေနတယ္ဆိုတာ က်ေနာ္တို႔ ခန္႔မွန္းလို႔မရတဲ့ အေနအထားျဖစ္ေနတယ္။ အဲတာေၾကာင့္ က်န္းမာေရး ဝန္ႀကီးဌာနက ညြန္ၾကားထားတဲ့အတိုင္း ေနထိုင္ႏိုင္ရင္ေတာ့ အေကာင္းဆံုးေပါ့ေနာ္။ ၿပီးေတာ့ မိမိကုိယ္ကို ကာကြယ္ေစာင့္ေရွာက္ဖို႔ေပါ့ေနာ္။ မလိုအပ္ဘဲေတာ့ အျပင္မထြက္တာ အေကာင္းဆံုးပါပဲ။"
ရခုိင္ျပည္နယ္မွာ ေရာဂါကူးစက္မႈေတြ တုိးလာေနတာနဲ႔အမွ် ေစတနာ့၀န္ထမ္းေတြ အပါအ၀င္ ေဆးပညာရွင္ေတြလည္း အင္အားျဖည့္ ကူညီေနၾကပါတယ္။ လက္ရွိစစ္ေတြေဆးရံုမွာ ရွိေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူေတြရဲ႕ က်န္းမာေရး အေျခအေနကေတာ့ ေကာင္းမြန္ေနတယ္လုိ႔လည္း ေဆးရံုအုပ္ ေဒါက္တာေဇာ္လြင္က ေျပာပါတယ္။
"ကုသေရးပိုင္းမွာေတာ့ ေကာင္းပါတယ္။ အတတ္ႏိုင္ဆံုး အားျဖည့္ၿပီးေတာ့ လုပ္ထားပါတယ္။ ေစတနာ့ဝန္ထမ္းေတြလည္း လာတယ္ဆိုေတာ့ေလ။ လူနာေတြလည္း က်န္းမာေရး ေကာင္းပါတယ္။ စစ္ေတြေဆးရံုမွာ အားလံုး ၆၇ေယာက္ရွိတယ္။ အဲဒီထဲမွာ က်န္းမာေရးဝန္ထမ္း ၈ေယာက္ပဲရွိတယ္။"
ကူးစက္မႈေတြ မ်ားလာတာေၾကာင့္ အသြားအလာကန္႔သတ္ထားသူ ၂၀၀ ေက်ာ္ ရွိေနတဲ့ စစ္ေတြၿမိဳ႕မွာေတာ့ ကူးစက္လူနာေတြေနထိုင္တဲ့ ရပ္ကြက္တခ်ိဳ႕ကို အသြားအလာကန္႔ သတ္ထားၿပီး ၿမိဳ႕တြင္းေစ်းဆိုင္ေတြနဲ႔ ေစ်းတခ်ိဳ႕ကိုလည္း ပိတ္ထားပါတယ္။ ကပ္ေရာဂါ ကူးစက္မႈေတြ မ်ားလာခ်ိန္ကစလုိ႔ ၿမိဳ႕တြင္းမွာ လူသြားလူလာနည္းပါးေနသလို ရဲတပ္ဖြဲ႔ဝင္ေတြ ၿမိဳ႕တြင္းလွည့္လည္ေနတာကိုလည္း ေတြ႔ရပါတယ္။
ေရာဂါကူးစက္သူေတြနဲ႔ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားရတာေၾကာင့္ ေဒသခံေတြအတြက္ အခက္အခဲေတြ ရွိႏုိင္တယ္လုိ႔လည္း ျပည္နယ္အစုိးရ ေျပာခြင့္ရ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္က ေျပာပါတယ္။
"အရမ္းႀကီးလူဦးေရ မ်ားလာလို႔ရွိရင္ေတာ့ က်ေနာ္တို႔မွာ နဂိုက ဝယ္ထားတဲ့ ပစၥည္းေတြေတာ့ ရွိပါတယ္ ဒါေပမဲ့ ရုတ္တရက္ႀကီး ျဖစ္လာတာဆိုေတာ့ မလံုေလာက္မႈေတြလည္း ခဏယာယီေတာ့ ရွိေကာင္းရွိပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ အတတ္ႏို္င္ဆံုး ျဖည့္ဆည္းသြားမွာ ျဖစ္ပါတယ္။"
က်န္းမာေရး ၀န္ႀကီးဌာနရဲ႕ ဒီကေန႔ မနက္ပုိင္းအထိ ထုတ္ျပန္ခ်က္အရ ရခုိင္ျပည္နယ္ မွာ အတည္ျပဳ လူနာ ၇၂ ေယာက္ အပါအ၀င္ ျမန္မာႏိုင္ငံမွာ ေရာဂါကူးစက္သူ ၄၆၃ ေယာက္ ရွိေနပါတယ္။
ေဒသတြင္းႏုိင္ငံေတြမွာ တေက်ာ့ျပန္ ေရာဂါကူးစက္မႈေတြ ႀကံဳေနရတဲ့အတြက္ ျမန္မာႏုိင္ငံမွာလည္း အလားတူ အေျခအေနမ်ဳိးနဲ႔ မႀကံဳရေအာင္ သတိထားၾကဖုိ႔ က်န္းမာေရး၀န္ႀကီး ဌာနကလည္း သတိေပးထားပါတယ္ခင္ဗ်ာ။ က်ေနာ္သက္ႏုိင္ စစ္ေတြၿမိဳ႕ကေန သတင္းေပးပုိ႔တာ ျဖစ္ပါတယ္။
[Unicode Version]
ရခိုင်မှာ ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းတင်းကြပ်
ရခိုင်ပြည်နယ်မှာ သီတင်းတစ်ပတ်ကျော်အတွင်း COVID-19 ကူးစက်ခံရသူ ၇၀ ကျော် ရှိလာနေတာကြောင့် ကပ်ရောဂါ ကာကွယ်ရေး စည်းကမ်းတွေကို တင်းကြပ်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။
စစ်တွေအပါအဝင် မြောက်ဦးနဲ့ သံတွဲ မြို့နယ်တွေမှာ တစ်ပတ်ကျော်အတွင်း COVID-19 ကူးစက်ခံရသူ ၇၂ ဦးထိရှိလာသလို စောင့်ကြည့်လူနာတွေနဲ့ အသွားအလာ ကန့်သတ်ထား သူတွေလည်း တိုးလာနေချိန်မှာပဲ ရောဂါပိုးပျံ့နှံ့မှုတွေကို ထိန်းချုပ်ရေး စည်းကမ်းတွေကို ဒေသခံတွေ လိုက်နာအောင် ပြည်နယ်အစိုးရတာဝန်ရှိသူတွေ ကြိုးပမ်းနေတာပါ။
ရခိုင်ပြည်နယ်မှာ လတ်တလော ကူးစက်မှု အများဆုံဖြစ်နေတဲ့ စစ်တွေမြို့နယ်မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး၊ ကပ်ရောဂါ ကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မနာလိုက်နာသူတွေကိုလည်း မနေ့ကစ သတိပေး အရေးယူနေပြီလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကပြောပါတယ်။
"မနေ့ကတော့ ကျနော်တို့ Mask မတပ်တဲ့သူတွေကို ရဲစခန်းကို ခေါ်သွားတယ်။ စခန်းရောက်တော့ ခံဝန်ကတိ လက်မှတ်ထားခိုင်းတယ်။ နောက်ထပ်ဒီလိုမလုပ်ဖို့ပေါ့နော်။ အဲဒီလောက်ပဲရှိပါသေးတယ်။ ဒါပေမဲ့လည်း နောက်ရက်၊ နောက်ရက်တွေမှာ ထပ်ပြီးတော့ ကျူးလွန်လာမယ်ဆိုရင် တရားစွဲဆိုဖို့အထိ ဖြစ်လာလိမ့်မယ်။"
ရခိုင်ပြည်နယ်မှာ ကူးစက်မှုတွေ တိုးလာနေပေမဲ့လည်း အတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်ဆံသူတွေကို ခြေရာခံစစ်ဆေးဖို့ ခက်ခဲနေတာကြောင့် ဒေသခံတွေ သတိထား သွားလာနေထိုင်ကြဖို့လည်း ပြည်နယ်အစိုးရ ပြောခွင့်ရ ဦးဝင်းမြင့်က ပြောပါတယ်။
"ကျနော်တို့ အခုအချိန်မှာ လူနာတွေနဲ့ထိတွေ့ခဲ့သူတွေ contact person တွေဘယ်လောက်များနေတယ်ဆိုတာ ကျနော်တို့ ခန့်မှန်းလို့မရတဲ့ အနေအထားဖြစ်နေတယ်။ အဲတာကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက ညွန်ကြားထားတဲ့အတိုင်း နေထိုင်နိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။ ပြီးတော့ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ဖို့ပေါ့နော်။ မလိုအပ်ဘဲတော့ အပြင်မထွက်တာ အကောင်းဆုံးပါပဲ။"
ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်မှုတွေ တိုးလာနေတာနဲ့အမျှ စေတနာ့ဝန်ထမ်းတွေ အပါအဝင် ဆေးပညာရှင်တွေလည်း အင်အားဖြည့် ကူညီနေကြပါတယ်။ လက်ရှိစစ်တွေဆေးရုံမှာ ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်နေတယ်လို့လည်း ဆေးရုံအုပ် ဒေါက်တာဇော်လွင်က ပြောပါတယ်။
"ကုသရေးပိုင်းမှာတော့ ကောင်းပါတယ်။ အတတ်နိုင်ဆုံး အားဖြည့်ပြီးတော့ လုပ်ထားပါတယ်။ စေတနာ့ဝန်ထမ်းတွေလည်း လာတယ်ဆိုတော့လေ။ လူနာတွေလည်း ကျန်းမာရေး ကောင်းပါတယ်။ စစ်တွေဆေးရုံမှာ အားလုံး ၆၇ယောက်ရှိတယ်။ အဲဒီထဲမှာ ကျန်းမာရေးဝန်ထမ်း ၈ယောက်ပဲရှိတယ်။"
ကူးစက်မှုတွေ များလာတာကြောင့် အသွားအလာကန့်သတ်ထားသူ ၂၀၀ ကျော် ရှိနေတဲ့ စစ်တွေမြို့မှာတော့ ကူးစက်လူနာတွေနေထိုင်တဲ့ ရပ်ကွက်တချို့ကို အသွားအလာကန့် သတ်ထားပြီး မြို့တွင်းဈေးဆိုင်တွေနဲ့ ဈေးတချို့ကိုလည်း ပိတ်ထားပါတယ်။ ကပ်ရောဂါ ကူးစက်မှုတွေ များလာချိန်ကစလို့ မြို့တွင်းမှာ လူသွားလူလာနည်းပါးနေသလို ရဲတပ်ဖွဲ့ဝင်တွေ မြို့တွင်းလှည့်လည်နေတာကိုလည်း တွေ့ရပါတယ်။
ရောဂါကူးစက်သူတွေနဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားရတာကြောင့် ဒေသခံတွေအတွက် အခက်အခဲတွေ ရှိနိုင်တယ်လို့လည်း ပြည်နယ်အစိုးရ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
"အရမ်းကြီးလူဦးရေ များလာလို့ရှိရင်တော့ ကျနော်တို့မှာ နဂိုက ဝယ်ထားတဲ့ ပစ္စည်းတွေတော့ ရှိပါတယ် ဒါပေမဲ့ ရုတ်တရက်ကြီး ဖြစ်လာတာဆိုတော့ မလုံလောက်မှုတွေလည်း ခဏယာယီတော့ ရှိကောင်းရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ အတတ်နိုင်ဆုံး ဖြည့်ဆည်းသွားမှာ ဖြစ်ပါတယ်။"
ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မှာ အတည်ပြု လူနာ ၇၂ ယောက် အပါအဝင် မြန်မာနိုင်ငံမှာ ရောဂါကူးစက်သူ ၄၆၃ ယောက် ရှိနေပါတယ်။
ဒေသတွင်းနိုင်ငံတွေမှာ တကျော့ပြန် ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့အတွက် မြန်မာနိုင်ငံမှာလည်း အလားတူ အခြေအနေမျိုးနဲ့ မကြုံရအောင် သတိထားကြဖို့ ကျန်းမာရေးဝန်ကြီး ဌာနကလည်း သတိပေးထားပါတယ်ခင်ဗျာ။ ကျနော်သက်နိုင် စစ်တွေမြို့ကနေ သတင်းပေးပို့တာ ဖြစ်ပါတယ်။