သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကူးစက္မႈေၾကာင့္ စစ္ေတြမွာ အသြားအလာကန္႔သတ္


ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕တြင္းက ရပ္ကြက္ တခ်ိဳ႕မွာ အသြားအလာ ကန္႔သတ္ထားတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ၿမိဳ႕ေတာ္ စစ္ေတြမွာ တပတ္အတြင္းမွာပဲ COVID-19 ေရာဂါကူးစက္ခံရသူ ၆ ဦးအထိ ရွိလာေနတာေၾကာင့္ ၿမိဳ႕တြင္းရပ္ကြက္ တခ်ိဳ႕မွာ အသြားအလာ ကန္႔သတ္ထားသလို စစ္ေတြ-ရန္ကုန္ ေလေၾကာင္းခရီးစဥ္ တခ်ိဳ႕လည္း ရပ္ထားတဲ့ အေျခအေနကို ေျပာခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

စစ္ေတြၿမိဳ႕နယ္မွာ ဒီကေန႔ ေနာက္ထပ္ အတည္ျပဳလူနာ ၂ ဦး အပါအ၀င္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံ ရသူ တပတ္အတြင္းမွာ ၆ ဦးအထိ ရွိသြားပါၿပီ။ အတည္ျပဳလူနာသစ္ ၂ ဦးအနက္ တဦးကေတာ့ စစ္ေတြေဆး႐ုံႀကီးက အထူးကုဆရာ၀န္ျဖစ္ေၾကာင္းလည္း ေဆးရံုအုပ္ႀကီး ေဒါက္တာ ေဇာ္လြင္ကေျပာပါတယ္။

"တစ္ေယာက္ကေတာ့ က်ေနာ္တို႔ေဆးရံုက နား၊ ႏွာခါင္း၊ လည္ေခ်ာင္း အထူးကုဆရာဝန္ေပါ့ေနာ္။ ေနာက္တစ္ေယာက္ကေတာ့ က်ေနာ္တို႔ေဆးရံုမွာပဲ ေစာင့္ၾကည့္လူနာအျဖစ္ရွိတာ သူကေထြအုပ္ ဝန္ထမ္းေပါ့ေနာ္။ ဒီ CB bank ကို သြားဖူးတဲ့ ရာဇဝင္ရွိတာေပါ့ေနာ္။"

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕တြင္းက ရပ္ကြက္ တခ်ိဳ႕မွာ အသြားအလာ ကန္႔သတ္ထားတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၂၀၊ ၂၀၂၀)
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕တြင္းက ရပ္ကြက္ တခ်ိဳ႕မွာ အသြားအလာ ကန္႔သတ္ထားတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၂၀၊ ၂၀၂၀)

ရက္ပုိင္းအတြင္း စစ္ေတြမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြ တိုးလာေနတာေၾကာင့္ ေရာဂါပုိးပ်ံ႕ႏွံ႔မႈကုိ ထိန္းခ်ဳပ္ဖုိ႔ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္တာေတြလည္း ရွိလာပါတယ္။ အသြားအလာ ကန္႔သတ္ထားၿပီး ေစာင့္ၾကည့္ေနတဲ့သူ ၄၀ နီးပါး ရွိေနၿပီး၊ ေနာက္ထပ္ အတည္ျပဳလူနာ တုိးလာမယ္ဆုိရင္ေတာ့ ကုသေရးမွာ အခက္အခဲေတြ ရွိႏုိင္တယ္လုိ႔လည္း စစ္ေတြေဆးရံုအုပ္ႀကီး ေဒါက္တာ ေဇာ္လြင္ကေျပာပါတယ္။

"က်ေနာ္တို႔ရဲ႕ လုပ္ေဆာင္ႏိုင္တာက COVID ေစာင့္ၾကည့္လူနာ ၂၀၊ positive လူနာ ၄၀ ေလာက္ကို တင္ၿပီးေတာ့ ကုေပးႏိုင္တယ္။ အဲတာထက္ မ်ားလာမယ္ဆိုရင္ေတာ့ က်ေနာ္တို႔မွာ ေနရာေတြလို လာမယ္။ အဲဒါကိုလည္း ျပည္ေထာင္စုအထိ တင္ျပထားၿပီး ျပည္နယ္အစိုးရကလည္း တင္ျပထားၿပီး လုပ္ေဆာင္ေနတာေတြ ရွိပါတယ္။"

ကူးစက္မႈေတြ တုိးလာေနခ်ိန္မွာပဲ ေရာဂါပိုးကူးစက္ခံရသူေတြ ေနထိုင္တဲ့ စစ္ေတြၿမိဳ႕က ရပ္ကြက္တခ်ိဳ႕မွာ အသြားအလာေတြကုိ ကန္႔သတ္ထားၿပီး ေစ်းေတြကိုလည္း အခ်ိန္သတ္မွတ္ၿပီးဖြင့္ဖုိ႔လည္း တာ၀န္ရွိသူေတြက ညႊန္ၾကားထားပါတယ္။ ေရာဂါကူးစက္မႈေတြ တုိးလာတာေၾကာင့္ စစ္ေတြ-ရန္ကုန္ ေျပးဆဲြေနတဲ့ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းကိုလည္း ယာယီ ရပ္နားထားတယ္လုိ႔ တာ၀န္က် ၀န္ထမ္းတေယာက္က ဗြီအုိေအကုိ အတည္ျပဳပါတယ္။

"ေလာေလာဆယ္ေတာ့ က်ေနာ္တို႔ ဒီေန႔ညေန flight က စၿပီးေတာ့ နွစ္ပတ္ေလာက္အထိ ရန္ကုန္စစ္ေတြ ခရီးစဥ္ေတြကို MNA အေနနဲ႔ ယာယီရပ္ဆိုင္းထားပါတယ္။ ဒါေပမဲ့ ဒီေန႔အစည္းအေဝးတစ္ခု ထပ္လုပ္ေတာ့ အစည္းအေဝး ဆံုးျဖတ္ခ်က္အရ အေျပာင္းအလဲ အနည္းငယ္ရွိႏိုင္ပါတယ္။"

တလေက်ာ္အတြင္း ပထမဆုံးအႀကိမ္ ျပည္တြင္းကူးစက္မႈေတြ စတင္ခဲ့တဲ့ စစ္ေတြမွာေတာ့ ေရာဂါပုိးပ်ံ ႔ႏွံ႔မႈ ထိန္းခ်ဳပ္ေရး အစီအမံေတြ ေဆာင္ရြက္ထားေၾကာင္းလည္း ျပည္နယ္အစုိးရ တာ၀န္ရွိသူေတြက ေျပာပါတယ္။ ဒါေပမဲ့လည္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ လမ္းညႊန္ခ်က္ေတြနဲ႔အညီ လုိက္နာေဆာင္ရြက္ရာမွာ အားနည္းမႈေတြ ရွိေနတယ္လုိ႔လည္း ရခိုင္ျပည္နယ္ COVID -19 ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီ အတြင္းေရးမွဴး ဗုိလ္မွဴးႀကီး မင္းသန္းက ေျပာပါတယ္။

"က်ေနာ္တို႔က နဂုိကတည္းက လံုၿခံဳေရး COVID နဲ႔ ပတ္သတ္ၿပီးတာ့ စီမံခ်က္ေတြ လုပ္ထားၿပီးသား။ အခုဆိုရင္ စီမံခ်က္နဲ႔ ေျပာရရင္ေတာ့ အပိုင္းသံုးထဲ ေရာက္သြားၿပီေပါ့ေနာ္။ အခုကေတာ့ စီမံခ်က္ေတြ လုပ္ေဆာင္ေနတုန္းေပါ့။ လူေတြကလည္း ပညာေပးကာလဆိုေတာ့ စည္းကမ္းမလိုက္နာတာမ်ားတယ္။ စည္းကမ္းလိုက္နာေအာင္ေတာ့ တြန္းအားေပးရမွာေပါ့။"

က်န္းမာေရး ၀န္ႀကီးဌာနရဲ႕ ဒီကေန႔ မနက္ပုိင္းအထိ ထုတ္ျပန္ခ်က္အရ ရခုိင္ျပည္နယ္မွာ ဒီကေန႔ အတည္ျပဳလူနာ ႏွစ္ ေယာက္ အပါအ၀င္ ျမန္မာႏိုင္ငံမွာ ေရာဂါကူးစက္သူ ၃၉၄ ေယာက္ ရွိေနပါတယ္။ ေဒသတြင္းႏုိင္ငံေတြမွာ တေက်ာ့ျပန္ ေရာဂါကူးစက္မႈေတြ ႀကံဳေနရတဲ့အတြက္ ျမန္မာႏုိင္ငံမွာလည္း အလားတူ အေျခအေနမ်ဳိးနဲ႔ မႀကံဳရေအာင္ သတိထားၾကဖုိ႔ က်န္းမာေရး၀န္ႀကီးဌာနကလည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကူးစက်မှုကြောင့် စစ်တွေမှာ အသွားအလာကန့်သတ်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ တပတ်အတွင်းမှာပဲ COVID-19 ရောဂါကူးစက်ခံရသူ ၆ ဦးအထိ ရှိလာနေတာကြောင့် မြို့တွင်းရပ်ကွက် တချို့မှာ အသွားအလာ ကန့်သတ်ထားသလို စစ်တွေ-ရန်ကုန် လေကြောင်းခရီးစဉ် တချို့လည်း ရပ်ထားတဲ့ အခြေအနေကို ပြောချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

စစ်တွေမြို့နယ်မှာ ဒီကနေ့ နောက်ထပ် အတည်ပြုလူနာ ၂ ဦး အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရသူ တပတ်အတွင်းမှာ ၆ ဦးအထိ ရှိသွားပါပြီ။ အတည်ပြုလူနာသစ် ၂ ဦးအနက် တဦးကတော့ စစ်တွေဆေးရုံကြီးက အထူးကုဆရာဝန်ဖြစ်ကြောင်းလည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်ကပြောပါတယ်။

"တစ်ယောက်ကတော့ ကျနော်တို့ဆေးရုံက နား၊ နှာခါင်း၊ လည်ချောင်း အထူးကုဆရာဝန်ပေါ့နော်။ နောက်တစ်ယောက်ကတော့ ကျနော်တို့ဆေးရုံမှာပဲ စောင့်ကြည့်လူနာအဖြစ်ရှိတာ သူကထွေအုပ် ဝန်ထမ်းပေါ့နော်။ ဒီ CB bank ကို သွားဖူးတဲ့ ရာဇဝင်ရှိတာပေါ့နော်။"

ရက်ပိုင်းအတွင်း စစ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တိုးလာနေတာကြောင့် ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်တာတွေလည်း ရှိလာပါတယ်။ အသွားအလာ ကန့်သတ်ထားပြီး စောင့်ကြည့်နေတဲ့သူ ၄၀ နီးပါး ရှိနေပြီး၊ နောက်ထပ် အတည်ပြုလူနာ တိုးလာမယ်ဆိုရင်တော့ ကုသရေးမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့လည်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်ကပြောပါတယ်။

"ကျနော်တို့ရဲ့ လုပ်ဆောင်နိုင်တာက COVID စောင့်ကြည့်လူနာ ၂၀ positive၊ လူနာ ၄၀ လောက်ကို တင်ပြီးတော့ ကုပေးနိုင်တယ်။ အဲတာထက် များလာမယ်ဆိုရင်တော့ ကျနော်တို့မှာ နေရာတွေလို လာမယ်။ အဲဒါကိုလည်း ပြည်ထောင်စုအထိ တင်ပြထားပြီး ပြည်နယ်အစိုးရကလည်း တင်ပြထားပြီး လုပ်ဆောင်နေတာတွေ ရှိပါတယ်။"

ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ ရောဂါပိုးကူးစက်ခံရသူတွေ နေထိုင်တဲ့ စစ်တွေမြို့က ရပ်ကွက်တချို့မှာ အသွားအလာတွေကို ကန့်သတ်ထားပြီး ဈေးတွေကိုလည်း အချိန်သတ်မှတ်ပြီးဖွင့်ဖို့လည်း တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။ ရောဂါကူးစက်မှုတွေ တိုးလာတာကြောင့် စစ်တွေ-ရန်ကုန် ပြေးဆွဲနေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းကိုလည်း ယာယီ ရပ်နားထားတယ်လို့ တာဝန်ကျ ဝန်ထမ်းတယောက်က ဗွီအိုအေကို အတည်ပြုပါတယ်။

"လောလောဆယ်တော့ ကျနော်တို့ ဒီနေ့ညနေ flight က စပြီးတော့ နှစ်ပတ်လောက်အထိ ရန်ကုန်စစ်တွေ ခရီးစဉ်တွေကို MNA အနေနဲ့ ယာယီရပ်ဆိုင်းထားပါတယ်။ ဒါပေမဲ့ ဒီနေ့အစည်းအဝေးတစ်ခု ထပ်လုပ်တော့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါတယ်။"

တလကျော်အတွင်း ပထမဆုံးအကြိမ် ပြည်တွင်းကူးစက်မှုတွေ စတင်ခဲ့တဲ့ စစ်တွေမှာတော့ ရောဂါပိုးပျံ့နှံ့မှု ထိန်းချုပ်ရေး အစီအမံတွေ ဆောင်ရွက်ထားကြောင်းလည်း ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ရာမှာ အားနည်းမှုတွေ ရှိနေတယ်လို့လည်း ရခိုင်ပြည်နယ် COVID -19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး မင်းသန်းက ပြောပါတယ်။

"ကျနော်တို့က နဂိုကတည်းက လုံခြုံရေး COVID နဲ့ပတ်သတ်ပြီးတာ့ စီမံချက်တွေ လုပ်ထားပြီးသား။ အခုဆိုရင် စီမံချက်နဲ့ ပြောရရင်တော့ အပိုင်းသုံးထဲ ရောက်သွားပြီပေါ့နော်။ အခုကတော့ စီမံချက်တွေ လုပ်ဆောင်နေတုန်းပေါ့။ လူတွေကလည်း ပညာပေးကာလဆိုတော့ စည်းကမ်းမလိုက်နာတာများတယ်။ စည်းကမ်းလိုက်နာအောင်တော့ တွန်းအားပေးရမှာပေါ့။"

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ ဒီကနေ့ အတည်ပြုလူနာ နှစ် ယောက် အပါအဝင် မြန်မာနိုင်ငံမှာ ရောဂါကူးစက်သူ ၃၉၄ ယောက် ရှိနေပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာ တကျော့ပြန် ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့အတွက် မြန်မာနိုင်ငံမှာလည်း အလားတူ အခြေအနေမျိုးနဲ့ မကြုံရအောင် သတိထားကြဖို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG