သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈသတိထားဖုိ႔ က်န္းမာေရးဝန္ထမ္းေတြ တိုက္တြန္း


ရန္ကုန္ၿမိဳ႕ရွိ ဘတ္စ္ကား မွတ္တိုင္တခုမွာ လက္ေဆးေနၾကသူတခ်ိဳ႕ကို ေတြ႔ရ။ (ေမ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ေဒသတြင္း ႏိုင္ငံေတြအပါအဝင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ COVID - 19 ကပ္ေရာဂါ တေက်ာ့ျပန္ျဖစ္ပြားေနၿပီး ျမန္မာႏုိင္ငံမွာလည္း ျပည္တြင္းကူးစက္ခံရသူ ရက္ပိုင္းအတြင္းတိုးလာတာေၾကာင့္ သတိထားၾကဖုိ႔ က်န္းမာေရးဝန္ထမ္းေတြ တုိက္တြန္းေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

ျပည္တြင္းမွာ ကူးစက္သူ အတည္ျပဳလူနာ မရွိတာ ၁ လေလာက္ အၾကာမွာပဲ ရက္ပုိင္းအတြင္း ၄ ေယာက္ ေတြ႔ခဲ့ရတဲ့အတြက္ သတိထားဖုိ႔ က်န္းမာေရး၀န္ထမ္းေတြ တုိက္တြန္းေနတာပါ ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕က အတည္ျပဳလူနာေတြထဲမွာ တဆင့္ခံကူးစက္သူေတြပါ ပါ၀င္လာတာေၾကာင့္ ဒီထက္ပုိၿပီး သတိထားဖုိ႔လုိတယ္လုိ႔ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္က ေျပာပါတယ္။

“CB ဘဏ္ဝန္ထမ္းေတြရဲ႕ မိသားစုဝင္ေတြ သူတို႔ကို အိမ္မွာပဲေနပါဆိုၿပီးေတာ့ အသြားအလာကန႔္သတ္ထားတာ အဲဒီထဲက ၂ ေယာက္ေတြ႕တာေပါ့။ ေစာင့္ၾကည့္လူနာဆိုတာကေတာ့ သူက ေရာဂါလကၡဏာ ရွိတယ္ဆိုၿပီးေတာ့ ကိုယ့္ကိုယ္ကို သံသယျဖစ္လို႔ မေန႔ကေဆး႐ုံကိုလာတက္တယ္။ အဲဒီကေန ဓာတ္ခြဲနမူနာယူစစ္ၿပီး ေတြ႕တာ။”

က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ဒီေန႔မနက္ပုိင္းအထိ ထုတ္ျပန္ခ်က္အရ COVID -19 ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆ ဦး အပါအ၀င္ ေရာဂါကူးစက္သူ ၃၇၉ ေယာက္ ရွိပါတယ္။ ျမန္မာႏိုင္ငံဟာ တျခားႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ရင္ ေရာဂါကူးစက္သူ အတည္ျပဳလူနာ အေရအတြက္ နည္းပါးေပမဲ့ တေက်ာ့ျပန္ ကူးစက္မႈေတြ မႀကံဳရေအာင္ သတိထားဖုိ႔လည္း က်န္းမာေရးဌာနတာဝန္ရွိသူေတြက တိုက္တြန္းထားပါတယ္။ ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ကုသရာမွာ ေစတနာ့ဝန္ထမ္းအျဖစ္ လုပ္အားေပးေနတဲ့ ေဒါက္တာေနမင္းထက္ကလည္း ေရာဂါကာကြယ္ေရးအတြက္ မေပါ့ဆဖို႔ တုိက္တြန္းပါတယ္။

“အခုက စစ္ေတြမွမဟုတ္ဘူး။ တႏိုင္ငံလုံးက ေပါ့ေနၾကတာေပါ့ေနာ္။ ျမန္မာႏိုင္ငံႀကီး ကိုဗစ္ကင္းစင္ၿပီလို႔ေတာင္ သူတို႔ကယူဆေနၾကတယ္။ ခက္တာက အိမ္နီးခ်င္းႏိုင္ငံနဲ႔ ကမာၻရဲ႕သတင္းအခ်က္အလက္ေတြကို ျပည္သူအမ်ားစုက ေလ့လာတာအားနည္းတယ္။ Mask ေသခ်ာတပ္ဖို႔၊ ကိုဗစ္မၿပီးေသးေၾကာင္း ေသခ်ာဂ႐ုစိုက္လုပ္မယ္ဆိုရင္ေတာ့ ဒါကိုေတာ့ ထိန္းခ်ဳပ္ႏိုင္မယ္လို႔ က်ေနာ္ယူဆပါတယ္။”

တဦးနဲ႔တဦး ခပ္ခြာခြာေနဖို႔၊ လူစုလူေဝးရွိတဲ့ေနရာေတြကို ေရွာင္ၾကဥ္ဖို႔နဲ႔ အျပင္ထြက္တိုင္း ႏွာေခါင္းစည္းတပ္ဖို႔အပါအဝင္ လက္ကိုဆပ္ျပာနဲ႔ စနစ္တက်ေဆးေၾကာသန႔္စင္ဖို႔။ အဲဒီအေျခခံအခ်က္ေတြကို ဆက္ၿပီးလိုက္နာဖို႔လိုေနၿပီး ကိုယ့္ရဲ႕အနီးဝန္းက်င္မွာ ျပည္ပကျပန္လာသူေတြရွိရင္ မျဖစ္မေန သီးသန႔္ထားေစာင့္ၾကပ္ၿပီး အသြားအလာ ကန႔္သတ္ႏိုင္ဖို႔အတြက္ကိုလည္း ကိုဗစ္ဗဟိုေကာ္မတီက တိုက္တြန္းထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကူးစက်မှုသတိထားဖို့ ကျန်းမာရေးဝန်ထမ်းတွေ တိုက်တွန်း

ဒေသတွင်း နိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများမှာ COVID - 19 ကပ်ရောဂါ တကျော့ပြန်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံမှာလည်း ပြည်တွင်းကူးစက်ခံရသူ ရက်ပိုင်းအတွင်းတိုးလာတာကြောင့် သတိထားကြဖို့ ကျန်းမာရေးဝန်ထမ်းတွေ တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

ပြည်တွင်းမှာ ကူးစက်သူ အတည်ပြုလူနာ မရှိတာ ၁ လလောက် အကြာမှာပဲ ရက်ပိုင်းအတွင်း ၄ ယောက် တွေ့ခဲ့ရတဲ့အတွက် သတိထားဖို့ ကျန်းမာရေးဝန်ထမ်းတွေ တိုက်တွန်းနေတာပါ ရခိုင်ပြည်နယ် စစ်တွေမြို့က အတည်ပြုလူနာတွေထဲမှာ တဆင့်ခံကူးစက်သူတွေပါ ပါဝင်လာတာကြောင့် ဒီထက်ပိုပြီး သတိထားဖို့လိုတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

“CB ဘဏ်ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ သူတို့ကို အိမ်မှာပဲနေပါဆိုပြီးတော့ အသွားအလာကန့်သတ်ထားတာ အဲဒီထဲက ၂ ယောက်တွေ့တာပေါ့။ စောင့်ကြည့်လူနာဆိုတာကတော့ သူက ရောဂါလက္ခဏာ ရှိတယ်ဆိုပြီးတော့ ကိုယ့်ကိုယ်ကို သံသယဖြစ်လို့ မနေ့ကဆေးရုံကိုလာတက်တယ်။ အဲဒီကနေ ဓာတ်ခွဲနမူနာယူစစ်ပြီး တွေ့တာ။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ COVID -19 ကပ်ရောဂါကြောင့် သေဆုံးသူ ၆ ဦး အပါအဝင် ရောဂါကူးစက်သူ ၃၇၉ ယောက် ရှိပါတယ်။ မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ရောဂါကူးစက်သူ အတည်ပြုလူနာ အရေအတွက် နည်းပါးပေမဲ့ တကျော့ပြန် ကူးစက်မှုတွေ မကြုံရအောင် သတိထားဖို့လည်း ကျန်းမာရေးဌာနတာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရာမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးနေတဲ့ ဒေါက်တာနေမင်းထက်ကလည်း ရောဂါကာကွယ်ရေးအတွက် မပေါ့ဆဖို့ တိုက်တွန်းပါတယ်။

“အခုက စစ်တွေမှမဟုတ်ဘူး။ တနိုင်ငံလုံးက ပေါ့နေကြတာပေါ့နော်။ မြန်မာနိုင်ငံကြီး ကိုဗစ်ကင်းစင်ပြီလို့တောင် သူတို့ကယူဆနေကြတယ်။ ခက်တာက အိမ်နီးချင်းနိုင်ငံနဲ့ ကမ္ဘာရဲ့သတင်းအချက်အလက်တွေကို ပြည်သူအများစုက လေ့လာတာအားနည်းတယ်။ Mask သေချာတပ်ဖို့၊ ကိုဗစ်မပြီးသေးကြောင်း သေချာဂရုစိုက်လုပ်မယ်ဆိုရင်တော့ ဒါကိုတော့ ထိန်းချုပ်နိုင်မယ်လို့ ကျနော်ယူဆပါတယ်။”

တဦးနဲ့တဦး ခပ်ခွာခွာနေဖို့၊ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ကြဉ်ဖို့နဲ့ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဖို့အပါအဝင် လက်ကိုဆပ်ပြာနဲ့ စနစ်တကျဆေးကြောသန့်စင်ဖို့။ အဲဒီအခြေခံအချက်တွေကို ဆက်ပြီးလိုက်နာဖို့လိုနေပြီး ကိုယ့်ရဲ့အနီးဝန်းကျင်မှာ ပြည်ပကပြန်လာသူတွေရှိရင် မဖြစ်မနေ သီးသန့်ထားစောင့်ကြပ်ပြီး အသွားအလာ ကန့်သတ်နိုင်ဖို့အတွက်ကိုလည်း ကိုဗစ်ဗဟိုကော်မတီက တိုက်တွန်းထားပါတယ်ရှင်။

XS
SM
MD
LG