(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ COVID-19 ကူးစက္သူ လူနာသစ္ ၃ ဦး ထပ္ေတြ႔ရတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ၾသဂုတ္လ ၁၉ ရက္ ဗုဒၶဟူးေန႔ မနက္ ၈ နာရီမွာ ထုတ္ျပန္ေၾကညာ လိုက္တာေၾကာင့္ အခုဆို ဒီေရာဂါ အကူးစက္ခံရသူ စုစုေပါင္း ၃၇၉ ဦး ရွိသြားၿပီျဖစ္ပါတယ္။
မေန႔က ဓါတ္ခြဲနမူနာ စုစုေပါင္း ၁၉၉၃ ခု ကို စစ္ေဆးခဲ့တာမွာ ဗိုင္းရပ္စ္ အကူးစက္ခံထားရသူ ၃ ဦး ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ သူတုိ႔ သံုးဦးစလံုးဟာ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕က ျဖစ္ၾကၿပီး အသက္ ၂၃ ႏွစ္၊ ၄၅ ႏွစ္နဲ႔ အသက္ ၅၀ အရြယ္ အမ်ိဳးသမီးေတြ ျဖစ္ပါတယ္။
သူတို႔ဟာ COVID-19 အတည္ျပဳ လူနာေတြနဲ႔ ထိေတြ႔ ဆက္ဆံမႈ မရွိၾကသလို ျပည္ပကို ခရီးသြားထားတာလည္း မရွိၾကပါဘူး။ အသက္ ၂၃ ႏွစ္အရြယ္အမ်ိဳးသမီးက ေစာင့္ၾကည့္လူနာ ျဖစ္ၿပီး က်န္ ၂ ဦးက အသြားအလာ ကန္႔သတ္ထားသူေတြ ျဖစ္ပါတယ္။
မေန႔က အထိ COVID-19 အတည္ျပဳလူနာေဟာင္းေတြထဲ ေရာဂါပိုးကင္းစင္လာသူ ၃၃၁ ဦးရွိၿပီး ေသဆုံးသူက ၆ ဦးရွိပါတယ္။
လက္ရွိျမန္မာႏိုင္ငံမွာ COVID-19 ကူးစက္မႈကို အတိုင္းအတာ တခုထိထိန္းခ်ဳပ္ထားနိုင္ေပမဲ့ ျပည္သူေတြအေနနဲ႔ ေပါ့ေပါ့ဆဆမေနဘဲ ခ်မွတ္ ထားတဲ့ စည္းကမ္း လမ္းညႊန္ခ်က္ေတြကို ဆက္လက္ လိုက္နာၾကဖို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနကသတိေပးထားပါတယ္။
............
(Unicode)
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၃ ဦး ထပ်တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သြဂုတ်လ ၁၉ ရက် ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်တာကြောင့် အခုဆို ဒီရောဂါ အကူးစက်ခံရသူ စုစုပေါင်း ၃၇၉ ဦး ရှိသွားပြီဖြစ်ပါတယ်။
မနေ့က ဓါတ်ခွဲနမူနာ စုစုပေါင်း ၁၉၉၃ ခု ကို စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ် အကူးစက်ခံထားရသူ ၃ ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သူတို့ သုံးဦးစလုံးဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ဖြစ်ကြပြီး အသက် ၂၃ နှစ်၊ ၄၅ နှစ်နဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတွေ ဖြစ်ပါတယ်။
သူတို့ဟာ COVID-19 အတည်ပြု လူနာတွေနဲ့ ထိတွေ့ ဆက်ဆံမှု မရှိကြသလို ပြည်ပကို ခရီးသွားထားတာလည်း မရှိကြပါဘူး။ အသက် ၂၃ နှစ်အရွယ်အမျိုးသမီးက စောင့်ကြည့်လူနာ ဖြစ်ပြီး ကျန် ၂ ဦးက အသွားအလာ ကန့်သတ်ထားသူတွေ ဖြစ်ပါတယ်။
မနေ့က အထိ COVID-19 အတည်ပြုလူနာဟောင်းတွေထဲ ရောဂါပိုးကင်းစင်လာသူ ၃၃၁ ဦးရှိပြီး သေဆုံးသူက ၆ ဦးရှိပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုကို အတိုင်းအတာ တခုထိထိန်းချုပ်ထားနိုင်ပေမဲ့ ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆမနေဘဲ ချမှတ် ထားတဲ့ စည်းကမ်း လမ်းညွှန်ချက်တွေကို ဆက်လက် လိုက်နာကြဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကသတိပေးထားပါတယ်။