သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တေက်ာ့ျပန္ ကုိဗစ္အႏၱရာယ္ ေတာင္ကုိရီးယားေရာက္ ျမန္မာေတြ စုိးရိမ္


ေတာင္ကုိရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕မွာ ေတြ႔ရတဲ့ ဆႏၵျပပဲြ ျမင္ကြင္း။ (ၾသဂုတ္ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

ေတာင္ကိုရီးယားမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ တေက်ာ့ျပန္ ျဖစ္လာတဲ့အတြက္ ဆိုးလ္ၿမိဳ႕ေတာ္အပါအဝင္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္လုိက္လို႔ ျမန္မာႏုိင္ငံသားေတြလည္း အထူးသတိထားေနၾကရတဲ့ အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က တင္ျပေပးထားပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံတြင္း ဒီသီတင္းပတ္ထဲမွာပဲ ကမာၻ႔ကပ္ေရာဂါ COVID 19 ကို႐ိုနာဗုိင္းရပ္စ္ ေန႔စဥ္ကူးစက္မႈႏႈန္းမွာ စံခ်ိန္တင္ျမင့္တက္လာေနၿပီး ဒီဗုိင္းရပ္စ္ကူးစက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျပန္ျဖစ္လာမွာကို ကိုရီးယားျပည္သူေတြၾကား စိုးရိမ္မႈေတြ ပိုတုိးလာတဲ့အတြက္ ေတာင္ကိုရီးယားသမၼတ Moon Jae-in ကေတာ့ ဆုိးလ္ၿမိဳ႕ေတာ္တ၀ိုက္မွာ သီတင္း ၂ ပတ္ၾကာ တင္းၾကပ္တဲ့ ကန္႔သတ္မႈေတြ လုပ္သြားမယ္လို႔ ေၾကညာလိုက္ပါတယ္။

အခုလို ေတာင္ကိုရီးယားအစိုးရရဲ႕ အထူးသတိေပးေၾကညာခ်က္ေတြ က်န္းမာေရးလမ္းညႊန္ခ်က္ေတြကို ကိုရီးယားေရာက္ ျမန္မာႏုိင္ငံသားေတြ အေလးအနက္ထား လုိက္နာၾကဖို႔ကို ကိုရီးယားႏုိင္ငံ ဆိုးလ္ၿမိဳ႕အေျခစိုက္ ကိုရီးယားႏုိင္ငံဆိုင္ရာျမန္မာသံ႐ံုးက အလုပ္သမားသံအရာရွိ ဦးစိုးညီညီက တုိက္တြန္းသတိေပးပါတယ္။

"Local Transmission ေပါ့ေနာ္ သူတို႔ ဒီကိုရီးယားအတြင္းမွာပဲ ကူးစက္တာေတြ အမ်ားၾကီးေတြ႔လာရတယ္ေပါ့ေနာ္။ အဲ့ဒါေၾကာင့္လည္း ကိုရီးယားအစိုးရဘက္ကေန ႏွစ္ပတ္အတြင္းကို ဆိုးလ္ဧရိယာနဲ႔ ပတ္သက္ၿပီး လူထူထပ္တဲ့ေနရာေတြကို မသြားဖို႔အတြက္လည္း သူတို႔ကိုရီးယားတုိင္းမ္မွာ ထုတ္ထားတာရွိတယ္။ အဲ့ဒီ့ေတာ့ က်ေနာ့္အေနနဲ႔ လုပ္သားေတြကို ေျပာခ်င္တာကေတာ့ ဒီကိုရီးယားအစိုးရက ညႊန္ၾကားထားတဲ့အတုိင္း လူထူထပ္တဲ့ေနရာေတြကို လက္ရွိ ဒီနွစ္ပတ္အတြင္းမွာ သြားလာတာေလးေတြ ေရွာင္ဖို႔ ကိုယ့္အလုပ္ကိစၥနဲ႔ပဲျဖစ္ျဖစ္ သြားလာရတာပဲျဖစ္ျဖစ္ အထူးသတိထားၿပီး Mask တပ္ဖို႔ ျပန္လာတာနဲ႔လက္ေဆးတာတို႔ အထူးသတိထားၿပီး သြားလာၾကဖို႔ ေနာက္တခ်က္က သံရံုးကေနၿပီးေတာ့ ေကာင္စစ္ေရးရာကိစၥေတြ ဗီဇာသက္တမ္းတိုးတာ CI (Citizen of Identification) ကိစၥေတြကို စာတုိက္ကေနတဆင့္ေပးပို႔ဖို႔ေပါ့ေနာ္။ လူထူထပ္မႈ မျဖစ္ေအာင္ သံ႐ံုးကေန ေၾကညာခ်က္ေတြထုတ္ၿပီးလုပ္ေပးေနပါတယ္။"

ေတာင္ကုိရီးယားႏုိင္ငံမွာ ဒီေန႔မွာလည္း ေရာဂါပိုးကူးသူ ၁၉၇ ေယာက္ကုိ အတည္ျပဳခဲ့တဲ့အတြက္ ကူးစက္သူ ၁၀၀ ေက်ာ္ ရွိေနတာ ၄ ရက္ဆက္တုိက္ ရွိေနပါၿပီ။ ၄ လေက်ာ္ေလာက္ ေရာဂါကူးစက္မႈေတြ က်ဆင္းခဲ့ၿပီးေနာက္ တေက်ာ့ျပန္ ကူးစက္မႈေတြ ႀကံဳေနရတာေၾကာင့္ ေတာင္ကုိရီးယားေရာက္ ျမန္မာႏုိင္ငံသားေတြလည္း သတိထားေနထိုင္ေနၾကရတယ္လို႔ အင္ခၽြန္းေဒသ ဘူေဖ်ာင္ ( Bupyeong) မွာ ေနထိုင္တဲ့ ျမန္မာအမ်ိဳးသမီးေဒၚမာလာေရႊကေျပာပါတယ္။

"ကိုရီးယားမွာကေတာ့ စၿပီးကူးစက္မႈေတြ ျပန္ျဖစ္လာကတည္းက အမရဲ႕စိုးရိမ္မႈေတြကိုေျပာရမယ္ေဟ့ဆိုရင္ ယေန႔႔အခ်ိန္အထိကို မေပ်ာက္ေသးဘူး။ စားသတိ၊ သြားသတိ လာသတိနဲ႔ ေနေနရတာေပါ့ေနာ္။ သတင္းေတြလည္း အျမဲတမ္းၾကည့္တယ္ အခု ဒီရက္ပိုင္းမွာပဲ ကူးစက္မႈေတြက ဘုရားေက်ာင္း သံုးခုကေနၿပီး ကူးစက္လာတယ္ ေနာက္ၿပီးေတာ့ သူတို႔ေတြ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၅ ရက္ေန႔က ဂ်ပန္ကေန လြတ္ေျမာက္တဲ့ေန႔ဆိုၿပီးေတာ့ ဆိုးလ္ၿမိဳ႕ ရင္ျပင္ေတာ္ ဆိုးလ္နန္းေတာ္ေရွ႕က ရင္ျပင္မွာ ဆႏၵျပပြဲေတြ လုပ္ၾကတယ္။ဒီဆႏၵျပပြဲသြားခဲ့သူေတြ နီးစပ္ရာက်န္းမာေရးဌာနမွာ ေဆးလာစစ္ၾကပါဆိုၿပီး တယ္လီဖုန္းကေန မတ္ေဆ့ေတြ ပို႔ေပးေနတာျမင္ရတယ္။ ေနာက္ၿပီးေတာ့ ၈ လပိုင္း ၇ ရက္ေန႔ကေနစၿပီး ၁၃ရက္ေန႔အထိ ဆိုးလ္ၿမိဳ႕ထဲမွာရွိတဲ့ဘုရားေက်ာင္းရယ္ ေနာက္ ယံုအင္းမွာရွိတဲ့ ဘုရားေက်ာင္းေတြကိုသြားခဲ့တဲ့သူေတြကို ေဆးအျမန္လာစစ္ဖို႔ မတ္ေဆ့ခ်္ကေနၿပီးေတာ့ လူေတြကိုေခၚေနပါတယ္။ အခ်င္းခ်င္း သတိေပးခ်င္တာကေတာ့ အျပင္ထြက္ရင္ Mask တပ္ၾကဖို႔နဲ႔ ျမန္မာအသိုင္းအဝိုင္းၾကားမွာလည္း ေတာ္ေတာ္ေလးကို ဆင္ဆင္ျခင္ျခင္နဲ႔ သတိေလးနဲ႔သြားလာေနၾကတာေတြ႔ေနရပါတယ္။"

တေက်ာ့ျပန္ကူးစက္မႈေတြေၾကာင့္ မလုိအပ္ရင္ အျပင္မသြားၾကဖုိ႔ လူစုလူေ၀းေရွာင္ဖုိ႔လည္း ေတာင္ကိုရီးယားတာ၀န္ရွိသူက တုိက္တြန္းထားပါတယ္။ ကုိရီးယားေရာက္ ျမန္မာႏုိင္ငံသားေတြၾကားမွာလည္း သတိထား သြားလာေနတာ ေတြ႔ရတယ္လုိ႔ အင္ခၽြန္းမွာေနတဲ့ ကိုရန္ႏိုင္ထြန္းက ေျပာျပပါတယ္။

"အဲ့ေတာ့ အေျခအေနကေတာ့ ဘယ္လိုျဖစ္လာမလဲမသိေသးဘူး အားလံုးကေတာ့ ေလာေလာဆယ္မွာ နိုးနိုးၾကားၾကားနဲ႔ အခု Mask ေတြတပ္တာ လူထူထပ္တဲ့ေနရာေတြကို အထူးဂရုထား သြားလာၾကတာ ပိုၿပီးေတာ့ ေတြ႔ရတယ္။ အခုအခ်ိန္အထိကေတာ့ ကိုရီးယားေရာက္ျမန္မာေတြထဲ COVID 19 ကူးစက္ခံရတယ္ဆိုတာ မၾကားရေသးဘူး သို႔ေသာ္လည္းပဲ ဒါက ၾကိဳတင္အႏၱရာယ္ကို ၾကိဳျမင္ရတဲ့ကိစၥ မဟုတ္တဲ့အတြက္ ကိုရီးယားႏုိင္ငံကိုေရာက္ရွိေနၾကတဲ့ ျမန္မာႏုိင္ငံသူႏုိင္ငံသားေတြအားလံုးအေနနဲ႔ ကိုရီးယားက ထုတ္ျပန္ေနတဲ့ က်န္းမာေရးသတိေပးခ်က္ေတြကို အထူးဂရုစိုက္ၿပီးေတာ့ေနၾကဖို႔ လူစည္ကားတဲ့ေနရာေတြကို မသြားပဲ ဂရုစိုက္နိုင္မွ ေတာ္ရံုၾကမယ္လို႔ သတိေပးခ်င္ပါတယ္။"

အေမရိကန္ျပည္ေထာင္စု JOHNS HOPKINS တကၠသိုလ္ရဲ႕ တနလၤာေန႔ ၾသဂုတ္လ ၁၇ ရက္ေန႔ ထုတ္ျပန္ခ်က္အရေတာ့- ေတာင္ကိုရီးယားႏိုင္ငံ တႏိုင္လံုးအတုိင္းအတာနဲ႔ COVID 19 ေရာဂါ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၁၅,၅၁၅ အထိရွိေနျပီး ေသဆံုးသူကေတာ့ ၃၀၅ ဦးအထိ ရွိသြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တကျော့ပြန် ကိုဗစ်အန္တရာယ် တောင်ကိုရီးယားရောက် မြန်မာတွေ စိုးရိမ်

တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တကျော့ပြန် ဖြစ်လာတဲ့အတွက် ဆိုးလ်မြို့တော်အပါအဝင် နေရာတော်တော်များများမှာ ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်လို့ မြန်မာနိုင်ငံသားတွေလည်း အထူးသတိထားနေကြရတဲ့ အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးထားပါတယ်။

တောင်ကိုရီးယားနိုင်ငံတွင်း ဒီသီတင်းပတ်ထဲမှာပဲ ကမ္ဘာ့ကပ်ရောဂါ COVID 19 ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှုနှုန်းမှာ စံချိန်တင်မြင့်တက်လာနေပြီး ဒီဗိုင်းရပ်စ်ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန်ဖြစ်လာမှာကို ကိုရီးယားပြည်သူတွေကြား စိုးရိမ်မှုတွေ ပိုတိုးလာတဲ့အတွက် တောင်ကိုရီးယားသမ္မတ Moon Jae-in ကတော့ ဆိုးလ်မြို့တော်တဝိုက်မှာ သီတင်း ၂ ပတ်ကြာ တင်းကြပ်တဲ့ ကန့်သတ်မှုတွေ လုပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

အခုလို တောင်ကိုရီးယားအစိုးရရဲ့ အထူးသတိပေးကြေညာချက်တွေ ကျန်းမာရေးလမ်းညွှန်ချက်တွေကို ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ အလေးအနက်ထား လိုက်နာကြဖို့ကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အခြေစိုက် ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးစိုးညီညီက တိုက်တွန်းသတိပေးပါတယ်။

"Local Transmission ပေါ့နော် သူတို့ ဒီကိုရီးယားအတွင်းမှာပဲ ကူးစက်တာတွေ အများကြီးတွေ့လာရတယ်ပေါ့နော်။ အဲ့ဒါကြောင့်လည်း ကိုရီးယားအစိုးရဘက်ကနေ နှစ်ပတ်အတွင်းကို ဆိုးလ်ဧရိယာနဲ့ ပတ်သက်ပြီး လူထူထပ်တဲ့နေရာတွေကို မသွားဖို့အတွက်လည်း သူတို့ကိုရီးယားတိုင်းမ်မှာ ထုတ်ထားတာရှိတယ်။ အဲ့ဒီ့တော့ ကျနော့်အနေနဲ့ လုပ်သားတွေကို ပြောချင်တာကတော့ ဒီကိုရီးယားအစိုးရက ညွှန်ကြားထားတဲ့အတိုင်း လူထူထပ်တဲ့နေရာတွေကို လက်ရှိ ဒီနှစ်ပတ်အတွင်းမှာ သွားလာတာလေးတွေ ရှောင်ဖို့ ကိုယ့်အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် သွားလာရတာပဲဖြစ်ဖြစ် အထူးသတိထားပြီး Mask တပ်ဖို့ ပြန်လာတာနဲ့လက်ဆေးတာတို့ အထူးသတိထားပြီး သွားလာကြဖို့ နောက်တချက်က သံရုံးကနေပြီးတော့ ကောင်စစ်ရေးရာကိစ္စတွေ ဗီဇာသက်တမ်းတိုးတာ CI (Citizen of Identification) ကိစ္စတွေကို စာတိုက်ကနေတဆင့်ပေးပို့ဖို့ပေါ့နော်။ လူထူထပ်မှု မဖြစ်အောင် သံရုံးကနေ ကြေညာချက်တွေထုတ်ပြီးလုပ်ပေးနေပါတယ်။"

တောင်ကိုရီးယားနိုင်ငံမှာ ဒီနေ့မှာလည်း ရောဂါပိုးကူးသူ ၁၉၇ ယောက်ကို အတည်ပြုခဲ့တဲ့အတွက် ကူးစက်သူ ၁၀၀ ကျော် ရှိနေတာ ၄ ရက်ဆက်တိုက် ရှိနေပါပြီ။ ၄ လကျော်လောက် ရောဂါကူးစက်မှုတွေ ကျဆင်းခဲ့ပြီးနောက် တကျော့ပြန် ကူးစက်မှုတွေ ကြုံနေရတာကြောင့် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေလည်း သတိထားနေထိုင်နေကြရတယ်လို့ အင်ချွန်းဒေသ ဘူဖျောင် ( Bupyeong) မှာ နေထိုင်တဲ့ မြန်မာအမျိုးသမီးဒေါ်မာလာရွှေကပြောပါတယ်။

"ကိုရီးယားမှာကတော့ စပြီးကူးစက်မှုတွေ ပြန်ဖြစ်လာကတည်းက အမရဲ့စိုးရိမ်မှုတွေကိုပြောရမယ်ဟေ့ဆိုရင် ယနေ့အချိန်အထိကို မပျောက်သေးဘူး။ စားသတိ၊ သွားသတိ လာသတိနဲ့ နေနေရတာပေါ့နော်။ သတင်းတွေလည်း အမြဲတမ်းကြည့်တယ် အခု ဒီရက်ပိုင်းမှာပဲ ကူးစက်မှုတွေက ဘုရားကျောင်း သုံးခုကနေပြီး ကူးစက်လာတယ် နောက်ပြီးတော့ သူတို့တွေ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ဂျပန်ကနေ လွတ်မြောက်တဲ့နေ့ဆိုပြီးတော့ ဆိုးလ်မြို့ ရင်ပြင်တော် ဆိုးလ်နန်းတော်ရှေ့က ရင်ပြင်မှာ ဆန္ဒပြပွဲတွေ လုပ်ကြတယ်။ဒီဆန္ဒပြပွဲသွားခဲ့သူတွေ နီးစပ်ရာကျန်းမာရေးဌာနမှာ ဆေးလာစစ်ကြပါဆိုပြီး တယ်လီဖုန်းကနေ မတ်ဆေ့တွေ ပို့ပေးနေတာမြင်ရတယ်။ နောက်ပြီးတော့ ၈ လပိုင်း ၇ ရက်နေ့ကနေစပြီး ၁၃ရက်နေ့အထိ ဆိုးလ်မြို့ထဲမှာရှိတဲ့ဘုရားကျောင်းရယ် နောက် ယုံအင်းမှာရှိတဲ့ ဘုရားကျောင်းတွေကိုသွားခဲ့တဲ့သူတွေကို ဆေးအမြန်လာစစ်ဖို့ မတ်ဆေ့ချ်ကနေပြီးတော့ လူတွေကိုခေါ်နေပါတယ်။ အချင်းချင်း သတိပေးချင်တာကတော့ အပြင်ထွက်ရင် Mask တပ်ကြဖို့နဲ့ မြန်မာအသိုင်းအဝိုင်းကြားမှာလည်း တော်တော်လေးကို ဆင်ဆင်ခြင်ခြင်နဲ့ သတိလေးနဲ့သွားလာနေကြတာတွေ့နေရပါတယ်။"

တကျော့ပြန်ကူးစက်မှုတွေကြောင့် မလိုအပ်ရင် အပြင်မသွားကြဖို့ လူစုလူဝေးရှောင်ဖို့လည်း တောင်ကိုရီးယားတာဝန်ရှိသူက တိုက်တွန်းထားပါတယ်။ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေကြားမှာလည်း သတိထား သွားလာနေတာ တွေ့ရတယ်လို့ အင်ချွန်းမှာနေတဲ့ ကိုရန်နိုင်ထွန်းက ပြောပြပါတယ်။

"အဲ့တော့ အခြေအနေကတော့ ဘယ်လိုဖြစ်လာမလဲမသိသေးဘူး အားလုံးကတော့ လောလောဆယ်မှာ နိုးနိုးကြားကြားနဲ့ အခု Mask တွေတပ်တာ လူထူထပ်တဲ့နေရာတွေကို အထူးဂရုထား သွားလာကြတာ ပိုပြီးတော့ တွေ့ရတယ်။ အခုအချိန်အထိကတော့ ကိုရီးယားရောက်မြန်မာတွေထဲ COVID 19 ကူးစက်ခံရတယ်ဆိုတာ မကြားရသေးဘူး သို့သော်လည်းပဲ ဒါက ကြိုတင်အန္တရာယ်ကို ကြိုမြင်ရတဲ့ကိစ္စ မဟုတ်တဲ့အတွက် ကိုရီးယားနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးအနေနဲ့ ကိုရီးယားက ထုတ်ပြန်နေတဲ့ ကျန်းမာရေးသတိပေးချက်တွေကို အထူးဂရုစိုက်ပြီးတော့နေကြဖို့ လူစည်ကားတဲ့နေရာတွေကို မသွားပဲ ဂရုစိုက်နိုင်မှ တော်ရုံကြမယ်လို့ သတိပေးချင်ပါတယ်။"

အမေရိကန်ပြည်ထောင်စု JOHNS HOPKINS တက္ကသိုလ်ရဲ့ တနင်္လာနေ့ သြဂုတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရတော့- တောင်ကိုရီးယားနိုင်ငံ တနိုင်လုံးအတိုင်းအတာနဲ့ COVID 19 ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၅,၅၁၅ အထိရှိနေပြီး သေဆုံးသူကတော့ ၃၀၅ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG