သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အနာဂတ္ကုိ ေရွ႕႐ႈၿပီး ႏုိင္ငံေရးေစ့စပ္ညွိႏႈိင္းၾကဖုိ႔ ေဒၚစုတုိက္တြန္း


၁၉ ႀကိမ္ေျမာက္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (UPDJC) အစည္းအေဝးမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာၾကားတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

ႏိုင္ငံေရးအရ ေစ့စပ္ညိွႏိႈင္းရာမွာ မိမိအဖဲြ႔အက်ိဳးစီးပြားထက္ ျပည္ေထာင္စုတစ္ခုလံုး အက်ိဳးစီးပြားနဲ႔ အနာဂတ္မ်ိဳးဆက္သစ္ေတြရဲ့ အက်ိဳးစီးပြားကို ေရွ႕ရႈဖို႔အတြက္ ဒီေန႔က်င္းပတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတဲြေကာ္မတီအစည္းအေ၀း UPDJC မွာ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

လာမယ့္ ဗုဒၶဟူးေန႔မွာ စတင္မယ့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းမွာ ခ်ဳပ္ဆိုမယ့္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃ ပါ အခ်က္ေတြကို အတည္ျပဳဖုိ႔အတြက္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတဲြေကာ္မတီအစည္းအေ၀း UPDJC အစည္းအေ၀းကို ဒီကေန႔ က်င္းပခဲ့တာပါ။

အစည္းအေ၀းအဖြင့္မိန္႔ခြန္းမွာ UPDJC ရ့ဲ ဥကၠ႒ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တစ္ဖဲြ႔ခ်င္းအက်ိဳးထက္ တစ္စံုလံုးအက်ိဳးစီးပြားကို အေလးထားဖို႔ အခုလို တိုက္တြန္းေျပာၾကားပါတယ္။

“အဓိက အခ်က္ကေတာ့ ႏိုင္ငံေရးအရ ေစ့စပ္ညိွႏိႈင္းသူေတြဟာ မိမိတို႔ ကိုယ္စားျပဳတဲ့အစုအဖဲြ႔ တစ္ဖဲြ႔ထဲရဲ့ အက်ိဳးစီးပြားထက္ ျပည္ေထာင္စုတစ္ခုလံုးရဲ့ အက်ိဳးစီးပြား၊ တိုင္းရင္းသားျပည္သူအားလံုးရဲ့ အက်ိဳးစီးပြား၊ အနာဂတ္မ်ိဳးဆက္ေတြရဲ့ အက်ိဳးစီးပြားကို ေရွ႕ရႈႏိုင္ၾကဖို႔ အေရးၾကီးပါတယ္။”

၂၁ ရာစုပင္လံုအစည္းအေ၀းေတြဟာ ႏိုင္ငံေရးေဆြးေႏြးမႈေတြမွာ ေျပလည္မႈ မရခဲ့တာေၾကာင့္ ၂၀၁၈ ခုႏွစ္က စတင္ၿပီး ၂ႏွစ္ေက်ာ္ၾကာရပ္နားခဲ့ရတာျဖစ္ပါတယ္။

ႏိုင္ငံေရးေဆြးေႏြးပဲြ အဆင့္ဆင့္ကို UPDJC က ဦးေဆာင္က်င္းပခဲ့ရတာေၾကာင့္ ေစ့စပ္ညိွႏိႈင္းေရး ေဆြးေႏြးပဲြေတြကို အေပးအယူမွ်ဖို႔နဲ႔ စိတ္ရွည္ဖုိ႔ လုိအပ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားပါတယ္။

“ကိုယ့္ရပ္တည္ခ်က္၊ ကိုယ့္မူ၀ါဒကိုပဲ တင္းတင္းမာမာ ဆုပ္ကိုင္ထားၿပီး အေပးအယူ၊ အေလွ်ာ့အတင္း တစ္စံုတစ္ရာ လုပ္ကိုင္ႏိုင္စြမ္းမရိွဘူးဆုိရင္ UPDJC ရဲ့ အႏွစ္သာရဟာ အခ်ည္းႏွီးပဲ ျဖစ္ေနမွာ ေသခ်ာပါတယ္။ ႏွစ္ေပါင္း ၇၀ ေက်ာ္ရွည္ၾကာခဲ့တဲ့ ႏိုင္ငံေရးျပႆနာေတြကို ေျဖရွင္းၾကရာမွာ စိတ္ရွည္မႈ၊ သည္းခံမႈ၊ အျပန္အလွန္နားလည္မႈ အရင္းခံၿပီးေဆြးေႏြးညိွႏိႈင္းၾကဖို႔ လုိပါတယ္။”

တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ့ UPDJC ဒုဥကၠ႒က ေဒါက္တာ ဆလိုင္းလ်ံမႈန္းဆာေခါင္းကေတာ့ ေဆြးေႏြးပဲြေတြရဲ့ ၆၀ ကေန ၇၀ ရာခုိင္ႏႈန္းဟာ ဆံုးျဖတ္ခ်က္ ခ်လို႔ မရတဲ့ ေဆြးေႏြးခ်က္ ဒါမွမဟုတ္ ဆံုးျဖတ္ခ်က္ ခ်လို႔ မရေအာင္ေဆြးေႏြးတဲ့ ေဆြးေႏြးခ်က္ေတြျဖစ္ေနသလို ဆံုးျဖတ္ခ်က္ေတြရဲ့ ၄၀ ရာခုိင္ႏႈန္းကေန ၅၀ ရာခုိင္ႏႈန္းဟာ အေကာင္အထည္ေဖာ္လုိ႔ မရတဲ့ ဆံုးျဖတ္ခ်က္ေတြ ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

ဒီလိုျဖစ္ရတာဟာ စိုးရိမ္မႈေတြေၾကာင့္ ျဖစ္ေၾကာင္း အခုလို ဆက္ေျပာေျပာပါတယ္။

“ဒီလို ဆံုးျဖတ္ခ်က္ ခ်လို႔ မရေအာင္၊ ဆံုးျဖတ္ၿပီးသားကို အေကာင္အထည္ေဖာ္လို႔ မရေအာင္ အမ်ားဆံုး အဟန္႔အတားေပးေနေသာ စကားလံုး တစ္လံုးရိွပါတယ္။ အဲဒီစကားလံုးကေတာ့ စိုးရိမ္မႈဆုိတဲ့ စကားလံုးျဖစ္ပါတယ္။”

ဒီစိုးရိမ္မႈကို ၿငိမ္းခ်မ္းေရးက ေက်ာ္လႊားႏိုင္မွာျဖစ္ၿပီး စိုးရိမ္မႈနဲ႔ ၿငိမ္းခ်မ္းေရးအၾကား အားၿပိဳင္ေနတာေၾကာင့္ ေဆြးေႏြးပဲြေတြ တစ္ဆို႔ ေနရေၾကာင္းလည္း ထည့္သြင္း ေျပာၾကားပါတယ္။

တစ္ဆို႔မႈေတြ ေက်ာ္လႊားၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြေတြ ျပန္လည္စတင္ေရးအတြက္ UPDJC မွာ ပါ၀င္တဲ့ အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္ အစုအဖဲြ႔နဲ႔ တုိင္းရင္းသားလက္နက္ကိုင္ေတြအၾကားညိွႏိႈင္းရာမွာ ႏိုင္ငံေရးပါတီ အစုအဖဲြ႔ကို ခ်န္လွပ္ထားသလို ျဖစ္ခဲ့ေၾကာင္း ေ၀ဖန္တာေတြရိွခဲ့ပါတယ္။

ဒီအခ်က္အေပၚမွာေတာ့ ႏိုင္ငံေရးပါတီ အစုအဖဲြ႔ရ့ဲ UPDJC ဒုဥကၠ႒ ဦးသုေ၀က သူ႔ရဲ့ အဖြင့္မိန္႔ခြန္းမွာအခုလို ထည့္သြင္း ေျပာၾကားပါတယ္။

“ထူးျခားတဲ့အေၾကာင္းေၾကာင့္ ျဖစ္ရတာကို က်ေနာ္တို႔ ႏိုင္ငံေရးပါတီအစုအဖဲြ႔က နားလည္ေပးရမွာပါ။ လူၾကီးမင္းတုိ႔ က်ေနာ္တုိ႔ဟာ ၿငိမ္းခ်မ္းေရးအတြက္ ကိုယ္က်ိဳးစြန္႔ဖို႔ သံဓိဌာန္ခ်ထားသူမ်ား ျဖစ္ပါတယ္။ အဓိက အေျခအေနနဲ႔ကေတာ့ ၿငိမ္းခ်မ္းေရးရလဒ္ေကာင္း ရဖုိ႔ပဲ အေရးၾကီးတာပါ။ ရလဒ္ေကာင္းဖုိ႔က က်ေနာ္တုိ႔အခ်င္းခ်င္း စိတ္၀မ္းမကဲြဘဲနဲ႔ ညီညႊတ္ရမယ္။ ညီညႊတ္မွ ေအာင္ျမင္ျခင္းျဖစ္ရပါမယ္။”

လာမယ့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀းမွာ ခ်ဳပ္ဆိုမယ့္ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္မွာေတာ့ာ ျပည္နယ္ သို႔မဟုတ္ တုိင္းေဒသၾကီးေတြရဲ့ Constitution ကိစၥကို ခ်န္လွပ္ခဲ့ရပါတယ္။ ဒီလို ခ်န္လွပ္ရတာဟာ အေျခခံဥပေဒအျဖစ္ေခၚဆုိဖို႔ နဲ႔ ဖဲြ႔စည္းပံုအေျခခံဥပေဒအျဖစ္ သံုးစဲြဖို႔ ေဆြးေႏြးတဲ့အခ်က္ မေျပလည္တာေၾကာင့္ျဖစ္ပါတယ္။

ႏိုင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ကေတာ့ ေ၀ါဟာရဆုိင္ရာ အျငင္းပြားမႈေတြဟာ အျပန္အလွန္ယံုၾကည္မႈ အားနည္းခ်က္ေတြေၾကာင့္ လို႔ ေထာက္ျပထားပါတယ္။

လက္ရိွက်င္းပမယ့္ ၂၁ ရာစုပင္လံုညီလာခံကိုေတာ့ NCA အပစ္ရပ္စာခ်ဳပ္လက္မွတ္မေရးထုိးေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြကေတာ့ COVID 19 ကပ္ေရာဂါေၾကာင့္ တက္ေရာက္မွာ မဟုတ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အနာဂတ်ကို ရှေ့ရှုပြီး နိုင်ငံရေးစေ့စပ်ညှိနှိုင်းကြဖို့ ဒေါ်စုတိုက်တွန်း

နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းရာမှာ မိမိအဖွဲ့အကျိုးစီးပွားထက် ပြည်ထောင်စုတစ်ခုလုံး အကျိုးစီးပွားနဲ့ အနာဂတ်မျိုးဆက်သစ်တွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုဖို့အတွက် ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး UPDJC မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာ စတင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ပါ အချက်တွေကို အတည်ပြုဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး UPDJC အစည်းအဝေးကို ဒီကနေ့ ကျင်းပခဲ့တာပါ။

အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ UPDJC ရဲ့ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်ဖွဲ့ချင်းအကျိုးထက် တစ်စုံလုံးအကျိုးစီးပွားကို အလေးထားဖို့ အခုလို တိုက်တွန်းပြောကြားပါတယ်။

“အဓိက အချက်ကတော့ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းသူတွေဟာ မိမိတို့ ကိုယ်စားပြုတဲ့အစုအဖွဲ့ တစ်ဖွဲ့ထဲရဲ့ အကျိုးစီးပွားထက် ပြည်ထောင်စုတစ်ခုလုံးရဲ့ အကျိုးစီးပွား၊ တိုင်းရင်းသားပြည်သူအားလုံးရဲ့ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်တွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုနိုင်ကြဖို့ အရေးကြီးပါတယ်။”

၂၁ ရာစုပင်လုံအစည်းအဝေးတွေဟာ နိုင်ငံရေးဆွေးနွေးမှုတွေမှာ ပြေလည်မှု မရခဲ့တာကြောင့် ၂၀၁၈ ခုနှစ်က စတင်ပြီး ၂နှစ်ကျော်ကြာရပ်နားခဲ့ရတာဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို UPDJC က ဦးဆောင်ကျင်းပခဲ့ရတာကြောင့် စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲတွေကို အပေးအယူမျှဖို့နဲ့ စိတ်ရှည်ဖို့ လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။

“ကိုယ့်ရပ်တည်ချက်၊ ကိုယ့်မူဝါဒကိုပဲ တင်းတင်းမာမာ ဆုပ်ကိုင်ထားပြီး အပေးအယူ၊ အလျှော့အတင်း တစ်စုံတစ်ရာ လုပ်ကိုင်နိုင်စွမ်းမရှိဘူးဆိုရင် UPDJC ရဲ့ အနှစ်သာရဟာ အချည်းနှီးပဲ ဖြစ်နေမှာ သေချာပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ရှည်ကြာခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းကြရာမှာ စိတ်ရှည်မှု၊ သည်းခံမှု၊ အပြန်အလှန်နားလည်မှု အရင်းခံပြီးဆွေးနွေးညှိနှိုင်းကြဖို့ လိုပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ UPDJC ဒုဥက္ကဋ္ဌက ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းကတော့ ဆွေးနွေးပွဲတွေရဲ့ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းဟာ ဆုံးဖြတ်ချက် ချလို့ မရတဲ့ ဆွေးနွေးချက် ဒါမှမဟုတ် ဆုံးဖြတ်ချက် ချလို့ မရအောင်ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေဖြစ်နေသလို ဆုံးဖြတ်ချက်တွေရဲ့ ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းဟာ အကောင်အထည်ဖော်လို့ မရတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဒီလိုဖြစ်ရတာဟာ စိုးရိမ်မှုတွေကြောင့် ဖြစ်ကြောင်း အခုလို ဆက်ပြောပြောပါတယ်။

“ဒီလို ဆုံးဖြတ်ချက် ချလို့ မရအောင်၊ ဆုံးဖြတ်ပြီးသားကို အကောင်အထည်ဖော်လို့ မရအောင် အများဆုံး အဟန့်အတားပေးနေသော စကားလုံး တစ်လုံးရှိပါတယ်။ အဲဒီစကားလုံးကတော့ စိုးရိမ်မှုဆိုတဲ့ စကားလုံးဖြစ်ပါတယ်။”

ဒီစိုးရိမ်မှုကို ငြိမ်းချမ်းရေးက ကျော်လွှားနိုင်မှာဖြစ်ပြီး စိုးရိမ်မှုနဲ့ ငြိမ်းချမ်းရေးအကြား အားပြိုင်နေတာကြောင့် ဆွေးနွေးပွဲတွေ တစ်ဆို့ နေရကြောင်းလည်း ထည့်သွင်း ပြောကြားပါတယ်။

တစ်ဆို့မှုတွေ ကျော်လွှားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်ရေးအတွက် UPDJC မှာ ပါဝင်တဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားညှိနှိုင်းရာမှာ နိုင်ငံရေးပါတီ အစုအဖွဲ့ကို ချန်လှပ်ထားသလို ဖြစ်ခဲ့ကြောင်း ဝေဖန်တာတွေရှိခဲ့ပါတယ်။

ဒီအချက်အပေါ်မှာတော့ နိုင်ငံရေးပါတီ အစုအဖွဲ့ရဲ့ UPDJC ဒုဥက္ကဋ္ဌ ဦးသုဝေက သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာအခုလို ထည့်သွင်း ပြောကြားပါတယ်။

“ထူးခြားတဲ့အကြောင်းကြောင့် ဖြစ်ရတာကို ကျနော်တို့ နိုင်ငံရေးပါတီအစုအဖွဲ့က နားလည်ပေးရမှာပါ။ လူကြီးမင်းတို့ ကျနော်တို့ဟာ ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်ဖို့ သံဓိဌာန်ချထားသူများ ဖြစ်ပါတယ်။ အဓိက အခြေအနေနဲ့ကတော့ ငြိမ်းချမ်းရေးရလဒ်ကောင်း ရဖို့ပဲ အရေးကြီးတာပါ။ ရလဒ်ကောင်းဖို့က ကျနော်တို့အချင်းချင်း စိတ်ဝမ်းမကွဲဘဲနဲ့ ညီညွှတ်ရမယ်။ ညီညွှတ်မှ အောင်မြင်ခြင်းဖြစ်ရပါမယ်။”

လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ်မှာတော့ာ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတွေရဲ့ Constitution ကိစ္စကို ချန်လှပ်ခဲ့ရပါတယ်။ ဒီလို ချန်လှပ်ရတာဟာ အခြေခံဥပဒေအဖြစ်ခေါ်ဆိုဖို့ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် သုံးစွဲဖို့ ဆွေးနွေးတဲ့အချက် မပြေလည်တာကြောင့်ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ဝေါဟာရဆိုင်ရာ အငြင်းပွားမှုတွေဟာ အပြန်အလှန်ယုံကြည်မှု အားနည်းချက်တွေကြောင့် လို့ ထောက်ပြထားပါတယ်။

လက်ရှိကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံကိုတော့ NCA အပစ်ရပ်စာချုပ်လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ COVID 19 ကပ်ရောဂါကြောင့် တက်ရောက်မှာ မဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG