သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ ၁၉ ဒုတိယလႈိင္း


Coronavirus

ကိုဗစ္ ၁၉ အတြက္ ကာကြယ္ကုသေဆး ေကာင္းေကာင္း မရေသးခ်ိန္မွာ Second wave လို႔ ေခၚတဲ့ ဒုတိယလိႈင္းအျဖစ္နဲ႔ ေနာက္တခ်ီ ေရာဂါပိုးပ်ံ႕ ပြါးလာမွာကို စိုးရိမ္ေနၾကတာပါ။ ဒုတိယလႈိင္းနဲ႔ ပတ္သက္ၿပီး အဏုဇီဝေဗဒပညာရွင္ မခင္ဇာဝင္းျပည့္က ေျပာျပေပးမွာပါ။

ကိုဗစ္ ၁၉ ဒုတိယလႈိင္း
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္


(ZAWGYI/ UNICODE)

ZAWGYI

ကိုဗစ္ ၁၉ အတြက္ ကာကြယ္ကုသေဆး ေကာင္းေကာင္း မရေသးခ်ိန္မွာ Second wave လို႔ ေခၚတဲ့ ဒုတိယလိႈင္းအျဖစ္နဲ႔ ေနာက္တခ်ီ ေရာဂါပိုးပ်ံ႕ ပြါးလာမွာကို စိုးရိမ္ေနၾကတာပါ။ဒုတိယလႈိင္းနဲ႔ ပတ္သက္ၿပီး အဏုဇီဝေဗဒပညာရွင္ မခင္ဇာဝင္းျပည့္က ေျပာျပေပးမွာပါ။

မခင္ဇာဝင္းျပည့္။။“ဒုတိယလႈိင္းဆိုတာကေတာ့ ၁၉၁၈ တုန္းက ျဖစ္ခဲ့တဲ့ Influenza Pandemic ကို အေျခခံၿပီးေတာ့ ေျပာတာေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ ၁၉၁၈ တုန္းက စျဖစ္ေတာ့ Spring ေပါ့ေနာ္ ေႏြဦးရာသီမွာ စျဖစ္တယ္၊ ျဖစ္ၿပီးတဲ့အခါက်ရင္ သူက infection rate ေတြ ေသႏွႈန္းေတြက က်သြားတယ္။ ေရျပင္ညီမ်ဥ္းအတိုင္း က်သြားၿပီးတဲ့အခါက်မွ သူက ၁၉၁၈ ေဆာင္းဦးရာသီမွာ တခါ ျပန္တက္တယ္။ တက္သြားၿပီးေတာ့ ေနာက္တခါ ျပန္က်သြားတယ္။ infection rate နဲ႔ death rate က က်သြားၿပီးေတာ့ ၁၉၁၉ မွာ တခါျပန္ၿပီးေတာ့ တက္သြားတာေပါ့ေနာ္။ အဲဒီဟာက ဒီလို ႏွစ္နဲ႔ ခ်ီၿပီးေတာ့ ၾကာသြားတဲ့အခါက်ေတာ့ ပထမ ဒီလို တလိႈင္းတက္တယ္၊ ၿပီးေတာ့ ျပန္က်တယ္။ ဒုတိယလိႈင္းတက္တယ္ ၊ ျပန္က်တယ္။ တတိယ တလိႈင္းတက္တယ္ ၊ ျပန္က်တယ္ အဲဒါကို သူက Second wave ဆိုၿပီးေတာ့ဒါက reference အေနနဲ႔ေျပာတာေပါ့ေနာ္။”

ကိုဗစ္ ၁၉ ဟာ အခုလို ဒုတိယလႈိင္းအျဖစ္ ပ်ံ႕ ပြါးခဲ့တဲ့ စပိန္တုပ္ေကြးျဖစ္ပြါးတာနဲ႔ ပံုစံတူမတူေတာ့ မသိရေသးပါဘူး။ သိပၸံပညာရွင္ေတြ ေလ့လာေနၾကဆဲ ျဖစ္ၿပီး သူ႔အေၾကာင္း ေကာင္းေကာင္း မသိၾကေသးပါဘူး။

မခင္ဇာဝင္းျပည့္။။“ဗီယက္နမ္လိုတိုင္းျပည္မ်ိဳး ၊ တရုတ္ျပည္သူ႔ သမၼတႏိုင္ငံလို တိုင္းျပည္မ်ိဳး ၊ ဒါမွမဟုတ္ရင္ New Zealand လိုတိုင္းျပည္မ်ိဳး သူတို႔ေတြဆီမွာ zero အထိျဖစ္သြားၿပီးေတာ့ တခါျပန္တက္လာတယ္။ ဒါမ်ိဳးဆိုရင္ Second wave ဆိုၿပီးေတာ့ ေျပာလို႔ရပါတယ္။ ဥပမာ အေမရိကန္လိုတိုင္းျပည္မ်ိဳး၊ UK လိုတိုင္းျပည္မ်ိဳးဆိုရင္ တက္ေနတာကေန ျပန္က်သြားတဲ့ base က ေရျပင္ညီမ်ဥ္းနဲ႔ မညီေသးတာျဖစ္တဲ့အတြက္ ဒါက ပထမလိႈင္းမွာပဲ ရွိေသးတာလား ေနာက္တလိႈင္းဘယ္လိုလာမလဲ၊ အဲလိုမ်ိဳးဟာေတြ မသိေသးဘူးေပါ့ေနာ္။ ဆိုေတာ့ ေသေသခ်ာခ်ာ ဒါတခုလံုးကို ပံုေသဆြဲလို႔ မရေသးဘူးေပါ့ေနာ္။”

ဗိုင္းရပ္ပိုး ကူးစက္မႈ တန္႔သြားတာ ပိုမ်ားလာတာလို အတက္အက် ျဖစ္ေနတာဟာ ဘာေပၚမွာ မူတည္ေနပါသလဲ။

မခင္ဇာဝင္းျပည့္။။“သူက လူေတြရဲ႕ ျပဳမႈပံုမွာလည္း မူတည္သလိုမ်ိဳး Virus ရဲ႕ မ်ိဳးဗီဇေျပာင္းလဲမႈေပၚမွာလည္း မူတည္တယ္။ အခုသိထားတဲ့အရ တရုတ္ျပည္သူ႔သမၼတႏိုင္ငံမွာ စစခ်င္းျဖစ္ခဲ့တဲ့ ဗိုင္းရပ္စ္နဲ႔ ဥေရာပမွာ ျဖစ္ခဲ့တဲ့ ဗိုင္းရပ္စ္နဲ႔ သူက Mutation ေတြရွိတယ္။ အဲဒါေၾကာင့္ အီတလီတို႔ စပိန္တို႔မွာ ဒါေၾကာင့္မို႔ ကူးစက္ႏႈန္းေသႏႈန္းေတြ အရမ္းမ်ားခဲ့တယ္။ အခုဆိုရင္ ဘရာဇီးမွာ ျဖစ္ခဲ့တာဆိုရင္ Mutation ရွိသလား မ်ိဳးဗီဇဘယ္လိုမ်ိဳး ေျပာင္းသြားသလဲဆိုတာကို ေလ့လာေနတုန္းပဲေပါ့ေနာ္။ အခုဒါေတြက ဘယ္လိုထပ္ၿပီးေတာ့ ေျပာင္းသြားသလား၊ မေျပာင္းလဲေသးဘူးလားဆိုတာ ထုတ္ျပန္ခ်က္မရွိေသးဘူး။ ဆိုေတာ့ မ်ိဳးဗီဇေျပာင္းလဲမႈေပၚမွ ွာလည္း မူတည္ပါတယ္ရွင့္။”

ကူးစက္ပ်ံ႕ႏွံ႔မႈ ကာကြယ္ေရးအတြက္ တဦးနဲ႔ တဦးခပ္ခြါခြါေနဖုိ႔ ႏွာေခါင္းစည္းတပ္ဖို႔ နဲ႔ တကိုယ္ေရသန႔္ရွင္းဖို႔လို ျပဳမႈေနထိုင္ေရးဟာ အေရးႀကီးေၾကာင္း က်န္းမာေရးတာဝန္ခံေတြက သတိေပးခ်က္ေတြ ထုတ္ျပန္ေနတာပါ။

ကူးစက္ႏႈန္း ေသႏႈန္း သိသိသာသာ မ်ားေစတဲ့ Mutation ေခၚ မ်ိဳးဗီဇေျပာင္းလဲမႈ ဆိုတာဘာပါလဲ။

မခင္ဇာဝင္းျပည့္။. ။“မ်ိဳးဗီဇေျပာင္းလဲတယ္ ဆိုတာက မ်ိဳးဗီဇရဲ့ sequence အစီအစဥ္ထဲက code လုပ္တာ ေပါ့ေနာ္။ ဒီမ်ိဳးဗီဇ အစီစဥ္ထဲမွာ သူက ABCD ဓါတ္သတၱဳပစၥည္း ေလးေတြကို code လုပ္တဲ့ အခါမွာ သူက တခုေလး ေျပာင္းသြားတာနဲ႔။ code လုပ္တယ္ ဆိုတာက A B C D အတြဲတခုသည္ - ဒီ ၃ ခုတြဲအတြဲတခုသည္ အမို္င္ႏိုအက္ဆစ္ တခု ကို သူက ကုိယ္စားျပဳတယ္။ အဲဒီလို ကိုယ္စားျပဳတဲ့ အခါမွာ A B C D အတြဲတခုက အစီအစဥ္ ေျပာင္းသြားတယ္ ဆိုတာနဲ႔ သူ႔မွာ ထြက္တဲ့ ပရိုတိန္းရဲ့ ပံုစံကလည္း ေျပာင္းသြားတယ္။ ဒါကို အဓိက အားျဖင့္ေတာ့ မ်ိဳးဗီဇ ေျပာင္းလဲမႈ mutation ဆိုၿပီးေတာ့ ေခၚတာ ေပါ့ေနာ္။

ပရိုတိန္းက သူက ပုလဲ ဆြဲႀကိဳးအေနနဲ႔ ၾကည့္မယ္ဆိုရင္ ပုလဲကေလးေတြ အကုန္လံုး စီထားတဲ့. ပုလဲဆြဲႀကိဳးသည္ ပရိုတိန္း ဆိုရင္ ပုလဲ တခုသည္ အမိုင္ႏိုအက္ဆစ္ တလံုး။ အမိုင္ႏိုအက္ဆစ္ တလံုး တလံုး စီမွာ အျဖဴကေလးေတြပဲ လာၿပီး အဲဒီ တလံုးမွာ မဲသြားတယ္ ဆိုရင္ ဒီဟာသည္ mutation ျဖစ္တာ။ mutation ျဖစ္ေနတဲ့ ဟာသည္ သူ႔ရဲ့ ဒီ ပုလဲ ဆြဲႀကိဳးက အလံုးက ပံုစံ မတူေတာ့ဘူး ျဖစ္သြားတယ္။ ပံုစံမတူေတာ့ပဲ ျဖစ္သြားတဲ့ အခ်ိန္က ပုလဲ ဆြဲႀကိဳးကို ေခြလိုက္တဲ့ အခ်ိန္မွာ - ဘာလို႔လဲ ဆိုေတာ့ ပရိုတိန္းေတြ အကုန္လံုးက ကိုယ္ထဲမွာ ေနတယ္ ဆိုလို႔ရွိရင္ အတန္းလိုက္ႀကီး ေနတာ မဟုတ္ဖူး။ 3D - သံုးဖက္ျမင္ ရုပ္လံုးၾကြ ပံုစံမ်ိဳး ေပါ့ေနာ္။ သူတို႔ ရဲ့ ပံုစံေလးေတြရွိတယ္။ အဲဒီ. ပံုစံက ေျပာင္းသြားတယ္။ ေျပာင္းသြားတဲ့ အခါ က်ရင္ သူတုိ႔ရဲ့ receptor ကို bind လုပ္မယ့္ - receptor ဆိုတာက ကိုယ္ထဲမွာ ၊ လက္ခံေကာင္ရဲ့ ဒီ receptor ကို ကုပ္ႏိုင္အားသည္ ဘယ္ေလာက္ attraction ရွိသလဲ ဘယ္ေလာက္ ကုပ္ထားႏို္င္သလဲ၊ ဘယ္ေလာက္ ၿမဲ သလဲ ဆိုတဲ့ အဆ ကြာသြားတယ္။ အဲဒီ အတြက္ေၾကာင့္ - mutation ေၾကာင့္ ပ်ံ႕ၽႏွံ႕အား ပိုေကာင္းလာႏိုင္ၿပီး ကူးစက္မႈသိသိသာသာ မ်ားသြားတာပါ။”

မ်ိဳးဗီဇေျပာင္းလဲတဲ့ ပံုစံကို ေလ့လာၿပီး ကာကြယ္ေဆးေတြ ကုသေဆးေတြ ထုတ္ႏိုင္ဖုိ႔ ႀကိဳးစားေနတာပါ။

မခင္ဇာဝင္းျပည့္။. ။“အခုခ်ိန္အထိကေတာ့ စၿပီးေတာ့ ေတြ႔တဲ့ ကိုဗစ္ ၁၉ ဗိုင္းရပ္္စ္ ပိုးသည္ သူနဲ႔ မ်ိဳးဗီဇ တူတဲ့ ၉ ၆.၄ % တူတယ္ ဆိုတဲ့ဟာက ဒီ ျမင္းခြါပံုသ႑ာန္ ရွိတဲ့ ဒီ horse shoe ဆိုတာ။ ဒီ ျမင္းခြါပံုသ႑ာန္ ရွိတဲ့ လင္းႏို႔ ေပါ့ေနာ္။ အဲဒီမွာ ေတြ႔ရတဲ့ ဟာသည္ ၉ ၆.၄% မ်ိဳးဗီဇ တူတယ္။ က်န္တဲ့ အဲဒီ ၃.၆% ေလာက္ကေလးကပဲ နဲနဲ ကြဲသြားတယ္။ ကြဲသြားတဲ့ဟာမွာ အဓိက ေတြ႔ရတဲ့ ဟာက ဒီ ေပါင္းတဲ့ spike ပရိုတိန္း- ၾကက္ေမာက္သီးပံု သူ႔ရဲ့ ထိပ္က အေမြႊးေလးေတြမွာ ရွိတဲ့ဟာေပါ့။ ဗိုင္းရပ္စ္ကို ၾကက္ေမာက္သီးပံု လို တြက္မယ္ ဆိုရင္ သူ႔ရဲ့ ထိပ္က အေမႊးေလးေတြက ဒီ receptor ကို လာၿပီး ထိမယ္။ ဒီလိုထိတဲ့အခါ ျပန္ခြါလို႔ မရတဲ့ ေပါင္းစပ္ျခင္းနဲ႔ ေပါင္းၿပီးေတာ့ ဘယ္လို ဝင္တယ္ ဆိုတာ။ အဲဒီဟာမွာ အဓိက ကြဲသြားတာ ေပါ့ေနာ္။

စ စ ခ်င္းတုန္းကေတာ့ ဒီၾကားခံေကာင္က သင္းေခြခ်ပ္လို ပံုစံမ်ိဳး သတၱဝါမ်ိဳးကေန ကူးတယ္၊ ဆိုၿပီးေတာ့ သိရတယ္။ ေရွ႕ဆက္ၿပီး ေတာ့ ေနာက္ထပ္ၿပီးေတာ့ သက္ေသ အေထာက္အထား ထပ္မေတြ႔ရတဲ့ အတြက္ ၾကားခံက ဘာေကာင္လဲ ဆိုတာကို ေတာ့ အခုထိ ရွာေနတုန္းပဲေပါ့။ တိတိက်က် ေတာ့ မသိရေသးဘူးေပါ့။

စစခ်င္းးေတြ႔တဲ့ ထဲက မ်ိဳးဗီဇ sequence အရ ဘယ္ေလာက္ တူတယ္ ဆိုၿပီးတြက္တယ္။ မ်ိဳးဗီဇက ဒီကေန တဆင့္ ေျပာင္းသြားတယ္။ ဒီဥေရာပက ေတြ႔တဲ့ လူနာေတြဆီက ရတဲ့ မ်ိဳးဗီဇနဲ႔ တရုတ္ျပည္မက ရတဲ့ မ်ိဳးဗီဇ တခါ ျပန္ယွဥ္ၿပီးေတာ့ ၾကည့္တဲ့ အခါ က်ေတာ့ ဒီ spike ပရိုတိန္း က ေျပာင္းလဲမႈ ကေလးေတြ ရွိတယ္။ တခုပဲ။ အဲဒီ ေျပာင္းလဲမႈ တခုက သူ႔ရဲ့ (ပူးေပါင္းႏိုင္) ပ်ံ႕ႏိုင္စြမ္း အားကို သူက ပိုၿပီးေတာ့ တိုးပြါးေစတယ္ ဆိုၿပီးေတာ့ သူတုိ႔က ခန္႔မွန္းတယ္ေပါ့။

ဒါေၾကာင့္မို႔ ဥေရာပမွာ ပ်ံ႕သြားတဲ့ ႏႈန္းက တရုတ္ျပည္မွာ ပ်ံ႕တဲ့ ႏႈန္းထက္ ပိုၿပီးေတာ့ အဆမတန္ မ်ားသြားတယ္ေပါ့။ ဒါေၾကာင့္ ဒီ ထပ္ၿပီးေတာ့ ေျပာင္းလဲအံုးမလား ဆိုတဲ့ဟာကိုေတာ့ ေလ့လာေနတုန္းပဲ။ သိပၸံပညာရွင္ေတြ လည္းပဲ ယူေနရင္းနဲ႔ပဲ ေလ့လာေနတုန္းပဲ ေပ့ါေနာ္။ တခ်ိန္ထဲမွာ လည္းပဲ သူတို႔က ေတြ႔တဲ့ spike ပရိုတိန္း ကို ပစ္မွတ္ထား target လုပ္ တာသည္အထိေရာက္ဆံုး ျဖစ္တဲ့ အတြက္ေၾကာင့္ မို႔လို႔ ေတာ္ေတာ္မ်ားမ်ား ကာကြယ္ေဆးေတြ ကလည္း ဒါကိုပဲ ဦးတည္ၿပီး လုပ္ေနၾကတယ္ေပါ့။”

မခင္ဇာဝင္းျပည့္ရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

UNICODE

ကိုဗစ် ၁၉ အတွက် ကာကွယ်ကုသဆေး ကောင်းကောင်း မရသေးချိန်မှာ Second wave လို့ ခေါ်တဲ့ ဒုတိယလှိုင်းအဖြစ်နဲ့ နောက်တချီ ရောဂါပိုးပျံ့ ပွါးလာမှာကို စိုးရိမ်နေကြတာပါ။ဒုတိယလှိုင်းနဲ့ ပတ်သက်ပြီး အဏုဇီဝဗေဒပညာရှင် မခင်ဇာဝင်းပြည့်က ပြောပြပေးမှာပါ။

မခင်ဇာဝင်းပြည့်။။“ဒုတိယလှိုင်းဆိုတာကတော့ ၁၉၁၈ တုန်းက ဖြစ်ခဲ့တဲ့ Influenza Pandemic ကို အခြေခံပြီးတော့ ပြောတာပေါ့နော်။ ဘာလို့လဲဆိုတော့ ၁၉၁၈ တုန်းက စဖြစ်တော့ Spring ပေါ့နော် နွေဦးရာသီမှာ စဖြစ်တယ်၊ ဖြစ်ပြီးတဲ့အခါကျရင် သူက infection rate တွေ သေနှှုန်းတွေက ကျသွားတယ်။ ရေပြင်ညီမျဉ်းအတိုင်း ကျသွားပြီးတဲ့အခါကျမှ သူက ၁၉၁၈ ဆောင်းဦးရာသီမှာ တခါ ပြန်တက်တယ်။ တက်သွားပြီးတော့ နောက်တခါ ပြန်ကျသွားတယ်။ infection rate နဲ့ death rate က ကျသွားပြီးတော့ ၁၉၁၉ မှာ တခါပြန်ပြီးတော့ တက်သွားတာပေါ့နော်။ အဲဒီဟာက ဒီလို နှစ်နဲ့ ချီပြီးတော့ ကြာသွားတဲ့အခါကျတော့ ပထမ ဒီလို တလှိုင်းတက်တယ်၊ ပြီးတော့ ပြန်ကျတယ်။ ဒုတိယလှိုင်းတက်တယ် ၊ ပြန်ကျတယ်။ တတိယ တလှိုင်းတက်တယ် ၊ ပြန်ကျတယ် အဲဒါကို သူက Second wave ဆိုပြီးတော့ဒါက reference အနေနဲ့ပြောတာပေါ့နော်။”

ကိုဗစ် ၁၉ ဟာ အခုလို ဒုတိယလှိုင်းအဖြစ် ပျံ့ ပွါးခဲ့တဲ့ စပိန်တုပ်ကွေးဖြစ်ပွါးတာနဲ့ ပုံစံတူမတူတော့ မသိရသေးပါဘူး။ သိပ္ပံပညာရှင်တွေ လေ့လာနေကြဆဲ ဖြစ်ပြီး သူ့အကြောင်း ကောင်းကောင်း မသိကြသေးပါဘူး။

မခင်ဇာဝင်းပြည့်။။“ဗီယက်နမ်လိုတိုင်းပြည်မျိုး ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံလို တိုင်းပြည်မျိုး ၊ ဒါမှမဟုတ်ရင် New Zealand လိုတိုင်းပြည်မျိုး သူတို့တွေဆီမှာ zero အထိဖြစ်သွားပြီးတော့ တခါပြန်တက်လာတယ်။ ဒါမျိုးဆိုရင် Second wave ဆိုပြီးတော့ ပြောလို့ရပါတယ်။ ဥပမာ အမေရိကန်လိုတိုင်းပြည်မျိုး၊ UK လိုတိုင်းပြည်မျိုးဆိုရင် တက်နေတာကနေ ပြန်ကျသွားတဲ့ base က ရေပြင်ညီမျဉ်းနဲ့ မညီသေးတာဖြစ်တဲ့အတွက် ဒါက ပထမလှိုင်းမှာပဲ ရှိသေးတာလား နောက်တလှိုင်းဘယ်လိုလာမလဲ၊ အဲလိုမျိုးဟာတွေ မသိသေးဘူးပေါ့နော်။ ဆိုတော့ သေသေချာချာ ဒါတခုလုံးကို ပုံသေဆွဲလို့ မရသေးဘူးပေါ့နော်။”

ဗိုင်းရပ်ပိုး ကူးစက်မှု တန့်သွားတာ ပိုများလာတာလို အတက်အကျ ဖြစ်နေတာဟာ ဘာပေါ်မှာ မူတည်နေပါသလဲ။

မခင်ဇာဝင်းပြည့်။။“သူက လူတွေရဲ့ ပြုမှုပုံမှာလည်း မူတည်သလိုမျိုး Virus ရဲ့ မျိုးဗီဇပြောင်းလဲမှုပေါ်မှာလည်း မူတည်တယ်။ အခုသိထားတဲ့အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ စစချင်းဖြစ်ခဲ့တဲ့ ဗိုင်းရပ်စ်နဲ့ ဥရောပမှာ ဖြစ်ခဲ့တဲ့ ဗိုင်းရပ်စ်နဲ့ သူက Mutation တွေရှိတယ်။ အဲဒါကြောင့် အီတလီတို့ စပိန်တို့မှာ ဒါကြောင့်မို့ ကူးစက်နှုန်းသေနှုန်းတွေ အရမ်းများခဲ့တယ်။ အခုဆိုရင် ဘရာဇီးမှာ ဖြစ်ခဲ့တာဆိုရင် Mutation ရှိသလား မျိုးဗီဇဘယ်လိုမျိုး ပြောင်းသွားသလဲဆိုတာကို လေ့လာနေတုန်းပဲပေါ့နော်။ အခုဒါတွေက ဘယ်လိုထပ်ပြီးတော့ ပြောင်းသွားသလား၊ မပြောင်းလဲသေးဘူးလားဆိုတာ ထုတ်ပြန်ချက်မရှိသေးဘူး။ ဆိုတော့ မျိုးဗီဇပြောင်းလဲမှုပေါ်မှ ှာလည်း မူတည်ပါတယ်ရှင့်။”

ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် တဦးနဲ့ တဦးခပ်ခွါခွါနေဖို့ နှာခေါင်းစည်းတပ်ဖို့ နဲ့ တကိုယ်ရေသန့်ရှင်းဖို့လို ပြုမှုနေထိုင်ရေးဟာ အရေးကြီးကြောင်း ကျန်းမာရေးတာဝန်ခံတွေက သတိပေးချက်တွေ ထုတ်ပြန်နေတာပါ။

ကူးစက်နှုန်း သေနှုန်း သိသိသာသာ များစေတဲ့ Mutation ခေါ် မျိုးဗီဇပြောင်းလဲမှု ဆိုတာဘာပါလဲ။

မခင်ဇာဝင်းပြည့်။. ။“မျိုးဗီဇပြောင်းလဲတယ် ဆိုတာက မျိုးဗီဇရဲ့ sequence အစီအစဉ်ထဲက code လုပ်တာ ပေါ့နော်။ ဒီမျိုးဗီဇ အစီစဉ်ထဲမှာ သူက ABCD ဓါတ်သတ္တုပစ္စည်း လေးတွေကို code လုပ်တဲ့ အခါမှာ သူက တခုလေး ပြောင်းသွားတာနဲ့ code လုပ်တယ် ဆိုတာက A B C D အတွဲတခုသည် - ဒီ ၃ ခုတွဲအတွဲတခုသည် အမိုင်နိုအက်ဆစ် တခု ကို သူက ကိုယ်စားပြုတယ်။ အဲဒီလို ကိုယ်စားပြုတဲ့ အခါမှာ A B C D အတွဲတခုက အစီအစဉ် ပြောင်းသွားတယ် ဆိုတာနဲ့ သူ့မှာ ထွက်တဲ့ ပရိုတိန်းရဲ့ ပုံစံကလည်း ပြောင်းသွားတယ်။ ဒါကို အဓိက အားဖြင့်တော့ မျိုးဗီဇ ပြောင်းလဲမှု mutation ဆိုပြီးတော့ ခေါ်တာ ပေါ့နော်။

ပရိုတိန်းက သူက ပုလဲ ဆွဲကြိုးအနေနဲ့ ကြည့်မယ်ဆိုရင် ပုလဲကလေးတွေ အကုန်လုံး စီထားတဲ့. ပုလဲဆွဲကြိုးသည် ပရိုတိန်း ဆိုရင် ပုလဲ တခုသည် အမိုင်နိုအက်ဆစ် တလုံး။ အမိုင်နိုအက်ဆစ် တလုံး တလုံး စီမှာ အဖြူကလေးတွေပဲ လာပြီး အဲဒီ တလုံးမှာ မဲသွားတယ် ဆိုရင် ဒီဟာသည် mutation ဖြစ်တာ။ mutation ဖြစ်နေတဲ့ ဟာသည် သူ့ရဲ့ ဒီ ပုလဲ ဆွဲကြိုးက အလုံးက ပုံစံ မတူတော့ဘူး ဖြစ်သွားတယ်။ ပုံစံမတူတော့ပဲ ဖြစ်သွားတဲ့ အချိန်က ပုလဲ ဆွဲကြိုးကို ခွေလိုက်တဲ့ အချိန်မှာ - ဘာလို့လဲ ဆိုတော့ ပရိုတိန်းတွေ အကုန်လုံးက ကိုယ်ထဲမှာ နေတယ် ဆိုလို့ရှိရင် အတန်းလိုက်ကြီး နေတာ မဟုတ်ဖူး။ 3D - သုံးဖက်မြင် ရုပ်လုံးကြွ ပုံစံမျိုး ပေါ့နော်။ သူတို့ ရဲ့ ပုံစံလေးတွေရှိတယ်။ အဲဒီ. ပုံစံက ပြောင်းသွားတယ်။ ပြောင်းသွားတဲ့ အခါ ကျရင် သူတို့ရဲ့ receptor ကို bind လုပ်မယ့် - receptor ဆိုတာက ကိုယ်ထဲမှာ ၊ လက်ခံကောင်ရဲ့ ဒီ receptor ကို ကုပ်နိုင်အားသည် ဘယ်လောက် attraction ရှိသလဲ ဘယ်လောက် ကုပ်ထားနိုင်သလဲ၊ ဘယ်လောက် မြဲ သလဲ ဆိုတဲ့ အဆ ကွာသွားတယ်။ အဲဒီ အတွက်ကြောင့် - mutation ကြောင့် ပျံ့ျနှံ့အား ပိုကောင်းလာနိုင်ပြီး ကူးစက်မှုသိသိသာသာ များသွားတာပါ။”

မျိုးဗီဇပြောင်းလဲတဲ့ ပုံစံကို လေ့လာပြီး ကာကွယ်ဆေးတွေ ကုသဆေးတွေ ထုတ်နိုင်ဖို့ ကြိုးစားနေတာပါ။

မခင်ဇာဝင်းပြည့်။. ။“အခုချိန်အထိကတော့ စပြီးတော့ တွေ့တဲ့ ကိုဗစ် ၁၉ ဗိုင်းရပ်စ် ပိုးသည် သူနဲ့ မျိုးဗီဇ တူတဲ့ ၉ ၆.၄ % တူတယ် ဆိုတဲ့ဟာက ဒီ မြင်းခွါပုံသဏ္ဍာန် ရှိတဲ့ ဒီ horse shoe ဆိုတာ။ ဒီ မြင်းခွါပုံသဏ္ဍာန် ရှိတဲ့ လင်းနို့ ပေါ့နော်။ အဲဒီမှာ တွေ့ရတဲ့ ဟာသည် ၉ ၆.၄% မျိုးဗီဇ တူတယ်။ ကျန်တဲ့ အဲဒီ ၃.၆% လောက်ကလေးကပဲ နဲနဲ ကွဲသွားတယ်။ ကွဲသွားတဲ့ဟာမှာ အဓိက တွေ့ရတဲ့ ဟာက ဒီ ပေါင်းတဲ့ spike ပရိုတိန်း- ကြက်မောက်သီးပုံ သူ့ရဲ့ ထိပ်က အမွှေးလေးတွေမှာ ရှိတဲ့ဟာပေါ့။ ဗိုင်းရပ်စ်ကို ကြက်မောက်သီးပုံ လို တွက်မယ် ဆိုရင် သူ့ရဲ့ ထိပ်က အမွှေးလေးတွေက ဒီ receptor ကို လာပြီး ထိမယ်။ ဒီလိုထိတဲ့အခါ ပြန်ခွါလို့ မရတဲ့ ပေါင်းစပ်ခြင်းနဲ့ ပေါင်းပြီးတော့ ဘယ်လို ဝင်တယ် ဆိုတာ။ အဲဒီဟာမှာ အဓိက ကွဲသွားတာ ပေါ့နော်။

စ စ ချင်းတုန်းကတော့ ဒီကြားခံကောင်က သင်းခွေချပ်လို ပုံစံမျိုး သတ္တဝါမျိုးကနေ ကူးတယ်၊ ဆိုပြီးတော့ သိရတယ်။ ရှေ့ဆက်ပြီး တော့ နောက်ထပ်ပြီးတော့ သက်သေ အထောက်အထား ထပ်မတွေ့ရတဲ့ အတွက် ကြားခံက ဘာကောင်လဲ ဆိုတာကို တော့ အခုထိ ရှာနေတုန်းပဲပေါ့။ တိတိကျကျ တော့ မသိရသေးဘူးပေါ့။

စစချင်းးတွေ့တဲ့ ထဲက မျိုးဗီဇ sequence အရ ဘယ်လောက် တူတယ် ဆိုပြီးတွက်တယ်။ မျိုးဗီဇက ဒီကနေ တဆင့် ပြောင်းသွားတယ်။ ဒီဥရောပက တွေ့တဲ့ လူနာတွေဆီက ရတဲ့ မျိုးဗီဇနဲ့ တရုတ်ပြည်မက ရတဲ့ မျိုးဗီဇ တခါ ပြန်ယှဉ်ပြီးတော့ ကြည့်တဲ့ အခါ ကျတော့ ဒီ spike ပရိုတိန်း က ပြောင်းလဲမှု ကလေးတွေ ရှိတယ်။ တခုပဲ။ အဲဒီ ပြောင်းလဲမှု တခုက သူ့ရဲ့ (ပူးပေါင်းနိုင်) ပျံ့နိုင်စွမ်း အားကို သူက ပိုပြီးတော့ တိုးပွါးစေတယ် ဆိုပြီးတော့ သူတို့က ခန့်မှန်းတယ်ပေါ့။

ဒါကြောင့်မို့ ဥရောပမှာ ပျံ့သွားတဲ့ နှုန်းက တရုတ်ပြည်မှာ ပျံ့တဲ့ နှုန်းထက် ပိုပြီးတော့ အဆမတန် များသွားတယ်ပေါ့။ ဒါကြောင့် ဒီ ထပ်ပြီးတော့ ပြောင်းလဲအုံးမလား ဆိုတဲ့ဟာကိုတော့ လေ့လာနေတုန်းပဲ။ သိပ္ပံပညာရှင်တွေ လည်းပဲ ယူနေရင်းနဲ့ပဲ လေ့လာနေတုန်းပဲ ပေ့ါနော်။ တချိန်ထဲမှာ လည်းပဲ သူတို့က တွေ့တဲ့ spike ပရိုတိန်း ကို ပစ်မှတ်ထား target လုပ် တာသည်အထိရောက်ဆုံး ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ တော်တော်များများ ကာကွယ်ဆေးတွေ ကလည်း ဒါကိုပဲ ဦးတည်ပြီး လုပ်နေကြတယ်ပေါ့။”

မခင်ဇာဝင်းပြည့်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG