သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္မွာ ေက်ာင္းေတြအားလံုး ယာယီပိတ္


ရခိုင္ျပည္နယ္ရွိ ျပည္နယ္ပညာေရးမွဴးရံုး။ (ဇူလိုင္ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

COVID 19 ကူးစက္မႈေတြ တုိးလာေနတဲ့ ရခိုင္ျပည္နယ္မွာ စာသင္ေက်ာင္းေတြအားလုံး ပိတ္လိုက္သလို ျမန္မာတစ္ႏိုင္ငံလုံးက ေက်ာင္းေတြမွာလည္း က်န္းမာေရးႏွင့္ ပတ္သက္တဲ့ စည္းကမ္းေတြ တင္းၾကပ္ဖုိ႔ ျပင္ဆင္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၲာထြန္းက သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္မွာ တပတ္အတြင္း ျပည္တြင္းကူးစက္သူ ၁၉ ေယာက္ကုိ အတည္ျပဳခဲ့ၿပီးေနာက္ ျပန္ဖြင့္တာ ၁ လသာ ရွိေသးတဲ့ အေျခခံပညာ အထက္တန္းေက်ာင္းေတြအားလုံးကုိ ပိတ္လုိက္ရတာပါ။ ေရာဂါကူးစက္သူ တုိးလာၿပီးေနာက္ ညမထြက္ရအမိန္႔နဲ႔ အသြားအလာေတြ ကန္႔သတ္ထားတဲ့ ရခုိင္ျပည္နယ္မွာ ေက်ာင္းေတြကုိပါ ပိတ္ဖုိ႔ ဆုံးျဖတ္ခဲ့ရတာလုိ႔လည္း ျပည္နယ္ပညာေရးမွဴး ဦးတင္သိန္းက ေျပာပါတယ္။

“အခုက ဖြင့္ထားတဲ့ ေက်ာင္းေတြကို ယာယီပိတ္ခိုင္းလိုက္တယ္ေလ။ ဒါေၾကာင့္ ယာယီပိတ္ထားတယ္။ ညခ်င္းပဲ ၿမိဳ႕နယ္မွဴးေတြဆီကို ဖုန္းဆက္ၿပီးေတာ့ မနက္ျဖန္ၿမိဳ႕နယ္မွဴးေတြကတဆ င့္ ေက်ာင္းေတြကိုေျပာ မနက္ျဖန္ကစ ေက်ာင္းေတြကို ယာယီပိတ္ထားမယ္လို႔၊ အင္းဒီေန႔က စလို႔ေပါ့။ ႐ုံးခ်ဳပ္ကစာကေတာ့ မေရာက္ေသးဘူး အဆက္အသြယ္ေတာ့ ရထားၿပီးပါၿပီ။”

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ဇူလုိင္လကမွ ျပန္ဖြင့္ထားတဲ့ အထက္တန္းေက်ာင္းေတြကို ယာယီပိတ္ဖို႔နဲ႔ မဖြင့္ရေသးတဲ့ ေက်ာင္းေတြအားလုံးကိုလည္း ဆိုင္းငံ့ထားဖို႔ ညႊန္ၾကားထားတယ္လုိ႔လည္း အေျခခံပညာဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“မေန႔ကပဲ ကိုဗစ္ ဗဟိုေကာ္မတီကေနၿပီးေတာ့ ပညာေရးဝန္ႀကီးဌာနကို စာထြက္တယ္ေလ ဖြင့္ေနတဲ့ ေက်ာင္းေတြကို ယာယီ ခဏပိတ္ထားဖို႔ေပါ့ေနာ္။ ေနာက္ မဖြင့္ေသးတဲ့ ေက်ာင္းေတြကိုလည္း ယာယီရပ္ဆိုင္း ထားဖို႔ဆို ၿပီးေတာ့ ကိုဗစ္ဗဟိုေကာ္မတီက ပညာေရးဝန္ႀကီးဌာန ဝန္ႀကီး႐ုံးကို စာထြက္တယ္။ အဲ့ဒီကေန မိုးခ်ဳပ္ေတာ့မွ ဆရာတို႔ဆီကိုေရာက္ေတာ့ ဆရာတို႔ ဒီေန႔ စာထြက္လိုက္ပါၿပီ။ ရခိုင္ျပည္နယ္မွာရွိတဲ့ အဲ့ဒီစာသားအတိုင္းေပါ့၊ ရခိုင္ျပည္နယ္မွာရွိတဲ့ အထက္တန္းအဆင့္ေက်ာင္းေတြ ဖြင့္ၿပီးသားေက်ာင္းေတြလည္းပဲ ယာယီ ပိတ္ထားဖို႔နဲ႔ ဖြင့္ဖို႔ စီစဥ္ထားတဲ့ေက်ာင္းေတြကိုလည္း ဆိုင္းငံ့ထားဖို႔ဆိုၿပီးေတာ့ စာထြက္လိုက္ၿပီ။”

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မယ့္ အႏၱရာယ္ကုိ သတိေပးေနခ်ိန္မွာပဲ ျပည္တြင္းကူးစက္မႈေတြလည္း တုိးလာေနတာပါ။ ဒီအတြက္လည္း စာသင္ေက်ာင္းေတြမွာ က်န္းမာေရးအတြက္ သတ္မွတ္ထားတဲ့ စည္းကမ္းေတြကုိ လုိက္နာမႈရွိေအာင္ သတိေပးဖုိ႔ စီစဥ္ေနတယ္လုိ႔လည္း ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“သူတို႔ေန႔စဥ္လုပ္ရမယ့္ ကိစၥ ေက်ာင္းကို ဝင္တာနဲ႔ အပူခ်ိန္တိုင္း လက္ေဆးပါေပါ့။ အဲ့ဒါေတြက ေလွ်ာ့လို႔ မရဘူးေလ။ ဒါကို စာေတာင္ထပ္ထြက္ဖို႔ စီစဥ္ပါ့မယ္။ ဘာလို႔ဆိုေတာ့ ရန္ကုန္မွာလည္း ဒါနဲ႔ပတ္သက္လို႔ ေပါ့ဆတာေတြက မ်ားလာတယ္ေလ။ အဲ့တာေၾကာင့္မို႔ ဒါနဲ႔ပတ္သက္ၿပီး ဆရာတို႔ထပ္ၿပီး သတိေပးတဲ့စာေတြေတာ့ ထုတ္ဖို႔ စဥ္းစားထားတယ္။”

ျမန္မာႏုိင္ငံနဲ႔ အိမ္နီးခ်င္းႏုိင္ငံ တခ်ဳိ႕မွာ ေရာဂါကူးစက္မႈေတြ ျမင့္တက္လာေနတာေၾကာင့္ ကပ္ေရာဂါ တေက်ာ့ျပန္ မျဖစ္ေအာင္လည္း က်န္းမာေရး၀န္ႀကီးဌာနက သတိေပးေနသလုိ၊ ရန္ကုန္၊ မႏၲေလးစတဲ့ လူဦးေရထူထပ္တဲ့ ၿမိဳ႕ေတြမွာ ရွိတဲ့ ေက်ာင္းေတြမွာ ေရာဂါကူးစက္မႈ အႏၲရာယ္ ပိုမ်ားႏိုင္တဲ့အတြက္ ပိုၿပီး သတိထားဖို႔လည္း တုိက္တြန္းထားပါတယ္။ အထူးသျဖင့္ အိႏၵိယႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္တုိ႔လုိ ေရာဂါကူးစက္မႈေတြ ႀကံဳေနရတဲ့ ႏုိင္ငံေတြနဲ႔ နီးစပ္တဲ့ ျမန္မာႏုိင္ငံ တုိင္းနဲ႔ ျပည္နယ္ေတြက ေက်ာင္းေတြမွာ အထူးဂ႐ုစိုက္ဖို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက မေန႔တုန္းကပဲ ကပ္ေရာဂါ ကာကြယ္တားဆီးေရး နည္းပညာပံ့ပိုးမႈေကာ္မတီ အစည္းအေဝးမွာ ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ပြည်နယ်မှာ ကျောင်းတွေအားလုံး ယာယီပိတ်

COVID 19 ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေအားလုံး ပိတ်လိုက်သလို မြန်မာတစ်နိုင်ငံလုံးက ကျောင်းတွေမှာလည်း ကျန်းမာရေးနှင့် ပတ်သက်တဲ့ စည်းကမ်းတွေ တင်းကြပ်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ တပတ်အတွင်း ပြည်တွင်းကူးစက်သူ ၁၉ ယောက်ကို အတည်ပြုခဲ့ပြီးနောက် ပြန်ဖွင့်တာ ၁ လသာ ရှိသေးတဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေအားလုံးကို ပိတ်လိုက်ရတာပါ။ ရောဂါကူးစက်သူ တိုးလာပြီးနောက် ညမထွက်ရအမိန့်နဲ့ အသွားအလာတွေ ကန့်သတ်ထားတဲ့ ရခိုင်ပြည်နယ်မှာ ကျောင်းတွေကိုပါ ပိတ်ဖို့ ဆုံးဖြတ်ခဲ့ရတာလို့လည်း ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောပါတယ်။

“အခုက ဖွင့်ထားတဲ့ ကျောင်းတွေကို ယာယီပိတ်ခိုင်းလိုက်တယ်လေ။ ဒါကြောင့် ယာယီပိတ်ထားတယ်။ ညချင်းပဲ မြို့နယ်မှူးတွေဆီကို ဖုန်းဆက်ပြီးတော့ မနက်ဖြန်မြို့နယ်မှူးတွေကတဆ င့် ကျောင်းတွေကိုပြော မနက်ဖြန်ကစ ကျောင်းတွေကို ယာယီပိတ်ထားမယ်လို့၊ အင်းဒီနေ့က စလို့ပေါ့။ ရုံးချုပ်ကစာကတော့ မရောက်သေးဘူး အဆက်အသွယ်တော့ ရထားပြီးပါပြီ။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ပြန်ဖွင့်ထားတဲ့ အထက်တန်းကျောင်းတွေကို ယာယီပိတ်ဖို့နဲ့ မဖွင့်ရသေးတဲ့ ကျောင်းတွေအားလုံးကိုလည်း ဆိုင်းငံ့ထားဖို့ ညွှန်ကြားထားတယ်လို့လည်း အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“မနေ့ကပဲ ကိုဗစ် ဗဟိုကော်မတီကနေပြီးတော့ ပညာရေးဝန်ကြီးဌာနကို စာထွက်တယ်လေ ဖွင့်နေတဲ့ ကျောင်းတွေကို ယာယီ ခဏပိတ်ထားဖို့ပေါ့နော်။ နောက် မဖွင့်သေးတဲ့ ကျောင်းတွေကိုလည်း ယာယီရပ်ဆိုင်း ထားဖို့ဆို ပြီးတော့ ကိုဗစ်ဗဟိုကော်မတီက ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးကို စာထွက်တယ်။ အဲ့ဒီကနေ မိုးချုပ်တော့မှ ဆရာတို့ဆီကိုရောက်တော့ ဆရာတို့ ဒီနေ့ စာထွက်လိုက်ပါပြီ။ ရခိုင်ပြည်နယ်မှာရှိတဲ့ အဲ့ဒီစာသားအတိုင်းပေါ့၊ ရခိုင်ပြည်နယ်မှာရှိတဲ့ အထက်တန်းအဆင့်ကျောင်းတွေ ဖွင့်ပြီးသားကျောင်းတွေလည်းပဲ ယာယီ ပိတ်ထားဖို့နဲ့ ဖွင့်ဖို့ စီစဉ်ထားတဲ့ကျောင်းတွေကိုလည်း ဆိုင်းငံ့ထားဖို့ဆိုပြီးတော့ စာထွက်လိုက်ပြီ။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မယ့် အန္တရာယ်ကို သတိပေးနေချိန်မှာပဲ ပြည်တွင်းကူးစက်မှုတွေလည်း တိုးလာနေတာပါ။ ဒီအတွက်လည်း စာသင်ကျောင်းတွေမှာ ကျန်းမာရေးအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှုရှိအောင် သတိပေးဖို့ စီစဉ်နေတယ်လို့လည်း ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“သူတို့နေ့စဉ်လုပ်ရမယ့် ကိစ္စ ကျောင်းကို ဝင်တာနဲ့ အပူချိန်တိုင်း လက်ဆေးပါပေါ့။ အဲ့ဒါတွေက လျှော့လို့ မရဘူးလေ။ ဒါကို စာတောင်ထပ်ထွက်ဖို့ စီစဉ်ပါ့မယ်။ ဘာလို့ဆိုတော့ ရန်ကုန်မှာလည်း ဒါနဲ့ပတ်သက်လို့ ပေါ့ဆတာတွေက များလာတယ်လေ။ အဲ့တာကြောင့်မို့ ဒါနဲ့ပတ်သက်ပြီး ဆရာတို့ထပ်ပြီး သတိပေးတဲ့စာတွေတော့ ထုတ်ဖို့ စဉ်းစားထားတယ်။”

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ တချို့မှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် ကပ်ရောဂါ တကျော့ပြန် မဖြစ်အောင်လည်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးနေသလို၊ ရန်ကုန်၊ မန္တလေးစတဲ့ လူဦးရေထူထပ်တဲ့ မြို့တွေမှာ ရှိတဲ့ ကျောင်းတွေမှာ ရောဂါကူးစက်မှု အန္တရာယ် ပိုများနိုင်တဲ့အတွက် ပိုပြီး သတိထားဖို့လည်း တိုက်တွန်းထားပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့လို ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့ နိုင်ငံတွေနဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်တွေက ကျောင်းတွေမှာ အထူးဂရုစိုက်ဖို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက မနေ့တုန်းကပဲ ကပ်ရောဂါ ကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှုကော်မတီ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG