[Zawgyi/Unicode]
COVID -19 ေရာဂါ ကူးစက္မႈႏႈန္း ပုိမုိျမန္ဆန္တဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ ဗီဇမ်ဳိးကြဲ တခ်ဳိ႕ကုိ ျမန္မာႏုိင္ငံမွာ ေတြ႔ရွိထားတာေၾကာင့္ တေက်ာ့ျပန္ ကူးစက္မႈ အႏၱရာယ္ကုိ သတိထားၾကဖုိ႔ က်န္းမာေရးပညာရွင္ေတြ တုိက္တြန္းေနတဲ့အေၾကာင္းကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက ေျပာျပေပးပါမယ္။
ကုိဗစ္ကပ္ေရာဂါကူးစက္မႈနဲ႔ ပတ္သက္လုိ႔ ျမန္မာႏုိင္ငံမွာ ဧၿပီလေႏွာင္းပုိင္းကစလုိ႔ ေမာ္လီက်ဴးနည္းပညာနဲ႔ ဓာတ္ခြဲစစ္ေဆးရာမွာ ကုိ႐ုိနာဗုိင္းရပ္စ္ မ်ိဳးဗီဇကြဲ ၅ ခုထဲက အနည္းဆုံး ၃ ခုကုိ ျမန္မာႏုိင္ငံမွာ ေတြ႔ရွိထားေၾကာင္း ေဆးသုေတသနဦးစီးဌာနက သုေတသီေတြက ဒီကေန႔ ရန္ကုန္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိလုိက္ၾကတာပါ။ ေရာဂါကူးစက္ႏႈန္း ၁၀ ဆေလာက္ ပုိျမန္ႏုိင္တဲ့ မ်ဳိးဗီဇကဲြ အမ်ဳိးအစားသစ္ကုိလည္း ျပည္ပကေန ျမန္မာႏုိင္ငံကုိ ျပန္လာသူ ၅ ေယာက္ထံက ေတြ႔ရွိထားတာေၾကာင့္ တေက်ာ့ျပန္ ကူစက္မယ့္ အႏၱရာယ္ကုိ သတိထားဖုိ႔လုိတယ္လုိ႔လည္း ေဆးသုေတသနဦးစီးဌာနက ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာျမတ္ထြဋ္ညြန္႔ကေျပာပါတယ္။
“အရင္တုန္းက Local Transmission အေနနဲ႔ ဒီျပည္တြင္းမွာသာ ကူးစက္မႈျဖစ္ခဲ့တယ္ဆုိေပမယ့္ က်ယ္က်ယ္ျပန္႔ျပန္႔ မျဖစ္ေအာင္ က်ေနာ္တို႔ထိန္းခ်ဳပ္ႏုိင္တယ္လို႔ ယူဆရပါတယ္။ အခုလိုအေျခအေနမ်ိဳးမွာဆုိရင္ေတာ့ G614 အမ်ိဳးအစားကလည္း တကမာၻလံုးအတုိင္းအတာနဲ႔ ေတာ္ေတာ္ေလးျဖစ္တာမ်ားလာၿပီ။ ေနာက္ပိုင္းယူထားတဲ့ ဓာတ္ခြဲနမူနာေတြမွာ အဲလိုေတြ႕လာတဲ့အတြက္ေၾကာင့္မုိ႔ အကယ္၍မ်ား ျပည္တြင္းကိုဝင္ေရာက္လာတဲ့ Case ေတြကို အေၾကာင္းေၾကာင္းေၾကာင့္ မထိန္းႏုိင္ခဲ့လို႔ရွိရင္ ကိုဗစ္ဒုတိယလႈိင္းျဖစ္ႏုိင္ေခ်ဟာ အေတာ္ေလးကိုႀကီးမားေနတယ္။ ဒီအခ်က္ကို ျပည္သူလူထုေတြအေနနဲ႔ အထူးသတိျပဳဖုိ႔ လိုပါတယ္ဆုိတာကုိ က်ေနာ္တို႔ ဒီေမာ္လီက်ဴးနည္းပညာကေန သိရွိႏုိင္ပါတယ္။”
ေရာဂါကူးစက္မႈ အႏၱရာယ္ရွိေနဆဲ ျဖစ္တာေၾကာင့္ ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ခ်မွတ္ထားတဲ့စည္းမ်ဥ္းေတြကုိ လိုက္နာဖုိ႔ လိုအပ္ေၾကာင္း ေျပာဆုိခဲ့တာပါ။
ျမန္မာႏုိင္ငံမွာ COVID - 19 ေရာဂါေၾကာင့္ ေသဆုံးသူ ၆ ဦး အပါအ၀င္ ဓာတ္ခြဲအတည္ျပဳလူနာ ၄၀၀ ေလာက္ရွိေနၿပီး၊ ေရာဂါပုိးကင္းစင္သူ ၃၀၀ ေက်ာ္ ရွိတယ္လုိ႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ ေရာဂါအေျခအေနဆိုးလာတဲ့ အေရးေပၚလူနာေတြထဲက ၈ ဦးကိုေတာ့ ေသြးရည္ၾကည္ကုထံုးနဲ႔ ကုသႏုိင္ခဲ့ၿပီး အဲဒီထဲမွာ နာတာရွည္ေရာဂါသည္ေတြ အပါအဝင္ ကိုယ္အဂၤါအစိတ္အပုိင္း အစားထိုးထားတဲ့ လူနာေတြပါ၀င္ေၾကာင္းလည္း ဒီကေန႔ သတင္းစာရွင္းလင္းပဲြမွာ က်န္းမာေရး ပညာရွင္ေတြက ေျပာဆုိခဲ့ၾကပါတယ္။
ကုိ႐ုိနာဗုိင္းရပ္စ္ပုိး ကင္းစင္သြားတဲ့ လူနာေတြဆီက ေသြးရည္ၾကည္ကုိ အလွဴခံၿပီး ေရာဂါကုသေရးမွာ အသုံးျပဳဖုိ႔ ရည္ရြယ္ထားတယ္လုိ႔လည္း ေသြးရည္ၾကည္ ကုထုံးနဲ႔ကုသေရး အၾကံေပးအဖြဲ႔ ဥကၠ႒ ျဖစ္သူ ေသြးေရာဂါပညာဌာနက အၿငိမ္းစားဌာနမွဴး ပါေမာကၡေဒါက္တာရဲျမက ေျပာပါတယ္။
“ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရတဲ့လူ ေရာဂါျပင္းထန္သည္ျဖစ္ေစ မျပင္းထန္သည္ျဖစ္ေစ သူတုိ႔ရဲ႕ေသြးရည္ၾကည္ကို က်ေနာ္တို႔က တုိင္းၾကည့္မယ္။ တုိင္းၾကည့္လို႔ ဒီေသြးရည္ၾကည္ဟာ ပဋိပစၥည္းပမာဏမ်ားတယ္ဆုိရင္ သူတုိ႔ကုိအလွဴခံၿပီးေတာ့မွ က်ေနာ္တို႔သိမ္းထားမယ္။ -20 မွာသိမ္းထားမယ္ဆို တႏွစ္တိတိသိမ္းထားလို႔ ရတယ္။ အခုေတာ့မလုိေသးဘူး။ မေတာ္တဆမ်ား ျဗဳန္းကနဲမ်ား လူနာအေယာက္ ၅၊ ၁၀၊ ၂၀ ေလာက္ေရာက္လာလို႔ရွိရင္ သံုးဖို႔အဆင္သင့္ျဖစ္ေအာင္ က်ေနာ္တို႔က ျပင္ဆင္ထားခ်င္တယ္။”
ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ လူနာေတြကုိ အေရးေပၚ ကုသနည္းတခုအျဖစ္ ေရာဂါကင္းစင္သြားသူေတြရဲ႕ ေသြးရည္ၾကည္ကုထံုးနဲ႔ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ စမ္းသပ္ကုသေနၾကတာပါ။ ဒါေပမဲ့လည္း အေရးေပၚ ေသြးရည္ၾကည္ကုထုံး အသုံးျပဳမႈကုိ အေမရိကန္ အစားအေသာက္နဲ႔ ေဆး၀ါးႀကီးၾကပ္ကြပ္ကဲေရးဌာန (FDA) က ဆုိင္းငံ့ဖုိ႔ ညႊန္ၾကားလုိက္ေၾကာင္းလည္း မေန႔တုန္းကပဲ New York Times သတင္းစာက အဆင့္ျမင့္အရာရွိတခ်ဳိ႕ကုိ ကုိးကားေဖာ္ျပခဲ့တာပါ။ အေမရိကန္ ကူးစက္ေရာဂါ ထိပ္တန္းပညာရွင္ Dr. Anthony Fauci အပါအ၀င္ ေဆးပညာရွင္ တခ်ဳိ႕ကေတာ့ ေသြးရည္ၾကည္ကုထုံးဟာ ထိေရာက္မႈ သိပ္မရွိဘူးဆုိၿပီး ယူဆထားေၾကာင္းလည္း သတင္းမွာ ေဖာ္ျပထားပါတယ္ရွင္။
[Unicode Version]
ကူးစက်မြန်ကိုဗစ်အန္တရာယ် မြန်မာကျန်းမာရေးပညာရှင်တွေ သတိပေး
COVID -19 ရောဂါ ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲ တချို့ကို မြန်မာနိုင်ငံမှာ တွေ့ရှိထားတာကြောင့် တကျော့ပြန် ကူးစက်မှု အန္တရာယ်ကို သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်းနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပေးပါမယ်။
ကိုဗစ်ကပ်ရောဂါကူးစက်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဧပြီလနှောင်းပိုင်းကစလို့ မော်လီကျူးနည်းပညာနဲ့ ဓာတ်ခွဲစစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ၅ ခုထဲက အနည်းဆုံး ၃ ခုကို မြန်မာနိုင်ငံမှာ တွေ့ရှိထားကြောင်း ဆေးသုတေသနဦးစီးဌာနက သုတေသီတွေက ဒီကနေ့ ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ကြတာပါ။ ရောဂါကူးစက်နှုန်း ၁၀ ဆလောက် ပိုမြန်နိုင်တဲ့ မျိုးဗီဇကွဲ အမျိုးအစားသစ်ကိုလည်း ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်လာသူ ၅ ယောက်ထံက တွေ့ရှိထားတာကြောင့် တကျော့ပြန် ကူစက်မယ့် အန္တရာယ်ကို သတိထားဖို့လိုတယ်လို့လည်း ဆေးသုတေသနဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်ကပြောပါတယ်။
“အရင်တုန်းက Local Transmission အနေနဲ့ ဒီပြည်တွင်းမှာသာ ကူးစက်မှုဖြစ်ခဲ့တယ်ဆိုပေမယ့် ကျယ်ကျယ်ပြန့်ပြန့် မဖြစ်အောင် ကျနော်တို့ထိန်းချုပ်နိုင်တယ်လို့ ယူဆရပါတယ်။ အခုလိုအခြေအနေမျိုးမှာဆိုရင်တော့ G614 အမျိုးအစားကလည်း တကမ္ဘာလုံးအတိုင်းအတာနဲ့ တော်တော်လေးဖြစ်တာများလာပြီ။ နောက်ပိုင်းယူထားတဲ့ ဓာတ်ခွဲနမူနာတွေမှာ အဲလိုတွေ့လာတဲ့အတွက်ကြောင့်မို့ အကယ်၍များ ပြည်တွင်းကိုဝင်ရောက်လာတဲ့ Case တွေကို အကြောင်းကြောင်းကြောင့် မထိန်းနိုင်ခဲ့လို့ရှိရင် ကိုဗစ်ဒုတိယလှိုင်းဖြစ်နိုင်ချေဟာ အတော်လေးကိုကြီးမားနေတယ်။ ဒီအချက်ကို ပြည်သူလူထုတွေအနေနဲ့ အထူးသတိပြုဖို့ လိုပါတယ်ဆိုတာကို ကျနော်တို့ ဒီမော်လီကျူးနည်းပညာကနေ သိရှိနိုင်ပါတယ်။”
ရောဂါကူးစက်မှု အန္တရာယ်ရှိနေဆဲ ဖြစ်တာကြောင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့စည်းမျဉ်းတွေကို လိုက်နာဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ COVID - 19 ရောဂါကြောင့် သေဆုံးသူ ၆ ဦး အပါအဝင် ဓာတ်ခွဲအတည်ပြုလူနာ ၄၀၀ လောက်ရှိနေပြီး၊ ရောဂါပိုးကင်းစင်သူ ၃၀၀ ကျော် ရှိတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ရောဂါအခြေအနေဆိုးလာတဲ့ အရေးပေါ်လူနာတွေထဲက ၈ ဦးကိုတော့ သွေးရည်ကြည်ကုထုံးနဲ့ ကုသနိုင်ခဲ့ပြီး အဲဒီထဲမှာ နာတာရှည်ရောဂါသည်တွေ အပါအဝင် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးထားတဲ့ လူနာတွေပါဝင်ကြောင်းလည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေး ပညာရှင်တွေက ပြောဆိုခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကင်းစင်သွားတဲ့ လူနာတွေဆီက သွေးရည်ကြည်ကို အလှူခံပြီး ရောဂါကုသရေးမှာ အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့လည်း သွေးရည်ကြည် ကုထုံးနဲ့ကုသရေး အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ သွေးရောဂါပညာဌာနက အငြိမ်းစားဌာနမှူး ပါမောက္ခဒေါက်တာရဲမြက ပြောပါတယ်။
“ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူ ရောဂါပြင်းထန်သည်ဖြစ်စေ မပြင်းထန်သည်ဖြစ်စေ သူတို့ရဲ့သွေးရည်ကြည်ကို ကျနော်တို့က တိုင်းကြည့်မယ်။ တိုင်းကြည့်လို့ ဒီသွေးရည်ကြည်ဟာ ပဋိပစ္စည်းပမာဏများတယ်ဆိုရင် သူတို့ကိုအလှူခံပြီးတော့မှ ကျနော်တို့သိမ်းထားမယ်။ -20 မှာသိမ်းထားမယ်ဆို တနှစ်တိတိသိမ်းထားလို့ ရတယ်။ အခုတော့မလိုသေးဘူး။ မတော်တဆများ ဗြုန်းကနဲများ လူနာအယောက် ၅၊ ၁၀၊ ၂၀ လောက်ရောက်လာလို့ရှိရင် သုံးဖို့အဆင်သင့်ဖြစ်အောင် ကျနော်တို့က ပြင်ဆင်ထားချင်တယ်။”
ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ လူနာတွေကို အရေးပေါ် ကုသနည်းတခုအဖြစ် ရောဂါကင်းစင်သွားသူတွေရဲ့ သွေးရည်ကြည်ကုထုံးနဲ့ နိုင်ငံတော်တော်များများမှာ စမ်းသပ်ကုသနေကြတာပါ။ ဒါပေမဲ့လည်း အရေးပေါ် သွေးရည်ကြည်ကုထုံး အသုံးပြုမှုကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (FDA) က ဆိုင်းငံ့ဖို့ ညွှန်ကြားလိုက်ကြောင်းလည်း မနေ့တုန်းကပဲ New York Times သတင်းစာက အဆင့်မြင့်အရာရှိတချို့ကို ကိုးကားဖော်ပြခဲ့တာပါ။ အမေရိကန် ကူးစက်ရောဂါ ထိပ်တန်းပညာရှင် Dr. Anthony Fauci အပါအဝင် ဆေးပညာရှင် တချို့ကတော့ သွေးရည်ကြည်ကုထုံးဟာ ထိရောက်မှု သိပ်မရှိဘူးဆိုပြီး ယူဆထားကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်ရှင်။