သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မႏၱေလးၿမိဳ႕ရွိ ေက်ာက္ဗလီမွာ ၀တ္ျပဳဆုေတာင္းေနၾကတဲ့ ျမင္ကြင္းတခ်ိဳ႕။ ဓာတ္ပံု - ထက္ေအာင္ခန္႔ (ဗီြအိုေအ)

[Zawgyi]
မႏၲေလးတိုင္းေဒသႀကီးမွာ က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြနဲ႔အညီ လူ ၃၀ ဦးထက္မပုိဘဲ ဗုဒၶဘာသာ၀င္ေတြအေနနဲ႔ လျပည့္လကြယ္ေန႔ေတြမွာ တလ ၄ ရက္ ဥပုသ္သီလ ေဆာက္တည္ဖို႔၊ တျခားဘာသာ၀င္ေတြအေနနဲ႔ တပတ္ ၁ ႀကိမ္၊ တလ ၄ ႀကိမ္ သက္ဆိုင္ရာ ခရစ္ယာန္ ဘုရားေက်ာင္း၊ ဗလီနဲ႔ ဟိႏၵဴဘုရားေက်ာင္းေတြမွာ ၀တ္ျပဳဆုေတာင္းဖို႔ အခုလ ၁၆ ရက္ေန႔ကစၿပီး ျပန္လည္ ခြင့္ျပဳထားပါတယ္။
အဲဒီလိုခြင့္ျပဳၿပီးတဲ့ေနာက္ပိုင္း ပထမဆံုးအႀကိမ္ မႏၲေလးၿမိဳ႕၊ ေက်ာက္ဗလီမွာ ၀တ္ျပဳဆုေတာင္းေနတဲ့ ျမင္ကြင္းေတြ ျဖစ္ပါတယ္။
[Unicode]
မန္တလေးတိုင်းဒေသကြီးမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ လူ ၃၀ ဦးထက်မပိုဘဲ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လပြည့်လကွယ်နေ့တွေမှာ တလ ၄ ရက် ဥပုသ်သီလ ဆောက်တည်ဖို့၊ တခြားဘာသာဝင်တွေအနေနဲ့ တပတ် ၁ ကြိမ်၊ တလ ၄ ကြိမ် သက်ဆိုင်ရာ ခရစ်ယာန် ဘုရားကျောင်း၊ ဗလီနဲ့ ဟိန္ဒူဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းဖို့ အခုလ ၁၆ ရက်နေ့ကစပြီး ပြန်လည် ခွင့်ပြုထားပါတယ်။
အဲဒီလိုခွင့်ပြုပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် မန္တလေးမြို့၊ ကျောက်ဗလီမှာ ဝတ်ပြုဆုတောင်းနေတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။

ေနာက္ထပ္ၾကည့္႐ႈရန္

XS
SM
MD
LG