သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္မွာ ကုိဗစ္ကူးစက္သူ ၁၀ ဦးထပ္တုိး၊ တႏုိင္ငံလုံးကူးစက္သူ စုစုေပါင္း ၄၀၉ ဦးရွိ 


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ကူးစက္သူ ေနာက္ ၁၀ ဦး စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ၾသဂုတ္လ ၂၁ ရက္ေန႔ မနက္ ၈ နာရီ ေၾကညာခ်က္မွာ ေဖာ္ျပထားတာေၾကာင့္ အခုခ်ိန္ထိ ေရာဂါပုိးကူးစက္သူ စုစုေပါင္း ၄၀၉ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

အခု အသစ္ေတြ႔ရွိတဲ့လူနာ ၁၀ ဦးစလုံးဟာ ရခုိင္ျပည္နယ္ကျဖစ္ၿပီး ျပည္ပခရီးသြားရာဇ၀င္မရွိသလုိ ကုိဗစ္ျဖစ္ေနသူ ေ၀ဒနာရွင္နဲ႔ပါ ထိေတြ႔ ဆက္ဆံဘူးျခင္း မရွိဘူးလုိ႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အခု ဓါတ္ခြဲစမ္းသပ္ေတြ႔ရွိတဲ့ လူနာ ၁၀ ဦးထဲက (၉) ဦးဟာ စစ္ေတြၿမိဳ႕ကျဖစ္ၿပီး က်န္ (၁) ဦးကေတာ့ ေျမာက္ဦးၿမိဳ႕ကျဖစ္တယ္လုိ႔ ဆုိပါတယ္။ ဒီလူနာ အားလုံးကုိ စစ္ေတြနဲ႔ ေျမာက္ဦး ျပည္သူ႔ေဆးရုံ အသီးသီးမွာ ကုသမႈေပးေနတယ္လုိ႔ ဆုိပါတယ္။

ၾသဂုတ္လ ၂၀ ရက္ေန႔က ဓါတ္ခြဲစမ္းသပ္မႈ ၁,၆၁၁ ဦးကုိ ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္မွာ အခုလူနာအသစ္ ၁၀ ဦးကုိ ထပ္မံ ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ ျပည္ပကျပန္လာသူေတြအၾကားမွာသာ ေရာဂါျဖစ္ပြားမႈေတြ ရက္အတန္ၾကာ ျဖစ္ေပၚခဲ့ၿပီးတဲ့ေနာက္ အခုရက္ပုိင္းအတြင္း ျပည္ပခရီးသြားရာဇ၀င္မရွိသူေတြအၾကား ကူးစက္မႈေတြ ရခုိင္ျပည္နယ္မွာ ခပ္စိပ္စိပ္ ျဖစ္ေပၚလာေနတာပါ။ ၾသဂုတ္လ ၂၀ ရက္ေန႔အထိ ရခုိင္ျပည္နယ္အတြင္း ဓါတ္ခြဲအတည္ျပဳလူနာ ၂၅ ဦး ရွိခဲ့ၿပီးျဖစ္တာေၾကာင့္ အခုေတြ႔ရွိတဲ့ ၁၀ ဦးနဲ႔ေပါင္းရင္ ၃၅ ဦးရွိသြားၿပီ ျဖစ္ပါတယ္။

ရခိုင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပု ကိုယ္တိုင္နဲ႔ လယ္/ဆည္ဝန္ႀကီး တဦးလည္း လူနာအမွတ္ ၃၉၆ နဲ႔ ထိေတြ႕ခဲ့တာေၾကာင့္ အခု ဗိုင္းရပ္စ္ရွိ၊ မရွိ စစ္ေဆးထားသလို အိမ္မွာ သီးသန႔္ခြဲေန႔ၿပီး အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ေနတယ္လို႔ ျပည္နယ္အစိုးရ ေျပာ ခြင့္ရက သတင္းမီဒီယာေတြကုိ ေျပာထားပါတယ္။

ရခုိင္ျပည္နယ္အတြင္း အခုလုိ ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈ အရွိန္ျမင့္ျဖစ္ေပၚေနတာကုိ ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္နိုင္ဖို႔ အခုအခါ စစ္ေတြၿမိဳ႕မွာ Stay-at-Home ဆိုတဲ့ ေနအိမ္မွာ ေနထိုင္ဖို႔အမိန္႔ကို က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ဩဂုတ္လ ၂၀ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္လိုက္ၿပီး အမိန္႔ မလိုက္နာသူေတြကို ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒနဲ႔ အေရးယူမယ္လို႔ ေျပာပါတယ္။

...............

ရခိုင်မှာ ကိုဗစ်ကူးစက်သူ ၁၀ ဦးထပ်တိုး၊ တနိုင်ငံလုံးကူးစက်သူ စုစုပေါင်း ၄၀၉ ဦးရှိ

(Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက် ၁၀ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သြဂုတ်လ ၂၁ ရက်နေ့ မနက် ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားတာကြောင့် အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၄၀၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခု အသစ်တွေ့ရှိတဲ့လူနာ ၁၀ ဦးစလုံးဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီး ပြည်ပခရီးသွားရာဇဝင်မရှိသလို ကိုဗစ်ဖြစ်နေသူ ဝေဒနာရှင်နဲ့ပါ ထိတွေ့ ဆက်ဆံဘူးခြင်း မရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခု ဓါတ်ခွဲစမ်းသပ်တွေ့ရှိတဲ့ လူနာ ၁၀ ဦးထဲက (၉) ဦးဟာ စစ်တွေမြို့ကဖြစ်ပြီး ကျန် (၁) ဦးကတော့ မြောက်ဦးမြို့ကဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလူနာ အားလုံးကို စစ်တွေနဲ့ မြောက်ဦး ပြည်သူ့ဆေးရုံ အသီးသီးမှာ ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့က ဓါတ်ခွဲစမ်းသပ်မှု ၁,၆၁၁ ဦးကို ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ အခုလူနာအသစ် ၁၀ ဦးကို ထပ်မံ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ပကပြန်လာသူတွေအကြားမှာသာ ရောဂါဖြစ်ပွားမှုတွေ ရက်အတန်ကြာ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် အခုရက်ပိုင်းအတွင်း ပြည်ပခရီးသွားရာဇဝင်မရှိသူတွေအကြား ကူးစက်မှုတွေ ရခိုင်ပြည်နယ်မှာ ခပ်စိပ်စိပ် ဖြစ်ပေါ်လာနေတာပါ။ သြဂုတ်လ ၂၀ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း ဓါတ်ခွဲအတည်ပြုလူနာ ၂၅ ဦး ရှိခဲ့ပြီးဖြစ်တာကြောင့် အခုတွေ့ရှိတဲ့ ၁၀ ဦးနဲ့ပေါင်းရင် ၃၅ ဦးရှိသွားပြီ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကိုယ်တိုင်နဲ့ လယ်/ဆည်ဝန်ကြီး တဦးလည်း လူနာအမှတ် ၃၉၆ နဲ့ ထိတွေ့ခဲ့တာကြောင့် အခု ဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးထားသလို အိမ်မှာ သီးသန့်ခွဲနေ့ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်နေတယ်လို့ ပြည်နယ်အစိုးရ ပြော ခွင့်ရက သတင်းမီဒီယာတွေကို ပြောထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း အခုလို ရောဂါ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်ဖြစ်ပေါ်နေတာကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ အခုအခါ စစ်တွေမြို့မှာ Stay-at-Home ဆိုတဲ့ နေအိမ်မှာ နေထိုင်ဖို့အမိန့်ကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဩဂုတ်လ ၂၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပြီး အမိန့် မလိုက်နာသူတွေကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့ အရေးယူမယ်လို့ ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG