(Zawgyi/Unicode)
COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှု ထိန်းချုပ်ရေး တားမြစ်ကန့်သတ်ချက်တွေကြောင့် နေရပ် မပြန်နိုင်ဘဲ မြန်မာနိုင်ငံတွင်း ပိတ်မိ နေတဲ့ အိန္ဒိယနိုင်ငံသား ၁၂၈ ယောက် မဏိပူရ နယ်စပ် မိုရေးမြို့ ကတဆင့် ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံကို ပြန်သွားနိုင်ကြပြီ ဖြစ်ပါတယ်။ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက မြန်မာပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေးအပြီးမှာ အိန္ဒိယနိုင်ငံသားတွေ အခုလို အိမ် ပြန်နိုင်ခဲ့တာလို့လည်း အစီရင်ခံစာတွေကို ကိုးကားပြီး အာသံပြည်နယ်အခြေစိုက် EastMojo သတင်းဌာနက ပြောပါတယ်။
အခု ပြန်ပို့ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံသား အတော်များများက မြန်မာနိုင်ငံထဲ အိန္ဒိယနိုင်ငံက တာဝန်ယူထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ မှာ အလုပ်လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းအရ အိန္ဒိယက မြန်မာနိုင်ငံမှာ တံတား ၆၉ စင်း နဲ့ အခြေခံအဆောက်အအုံတွေကို တည်ဆောက်နေတာပါ။
အခု နယ်စပ်က တဆင့် အိန္ဒိယနိုင်ငံကို ပြန်ပို့ပေးတဲ့ သူတွေထဲ အနည်းဆုံး ၆၆ ယောက်လောက်ကို နိုင်ငံတကာ နယ်စပ်မြို့ဖြစ်တဲ့ မိုရေးမြို့ ရောဂါထိန်းချုပ်ရေး သီးခြားစောင့်ကြည့် Quarantine စင်တာတွေမှာ ဆက်ပြီး စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ကျန် အလုပ်သမား ၆၂ ယောက်ကတော့ မိုရေးမြို့ကနေ သူတို့နေထိုင်ရာ ပြည်နယ်အသီးသီးကို ဆက်လက် ထွက်ခွါမှာ ဖြစ်ပါ တယ်။
............
(Unicode)