သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြမွာ ကိုဗစ္ကူးစက္သူ ၃ ဦးတိုး၊ ျမန္ျပည္တခြင္ကူးစက္သူ ၃၉၉ ဦး အတည္ျပဳ


လိႈင္သာယာၿမိဳ႕မွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ COVID-19 ေရာဂါကူးစက္ခံရတဲ့သူ ၃ ဦး ဒီေန႔ ထပ္မံေတြ႔ရွိခဲ့တာေၾကာင့္ ျမန္မာႏုိင္ငံမွာ ေရာဂါကူးစက္ခံရသူ ၃၉၉ ဦး ရွိသြားၿပီလို႔ က်န္းမာေရး နဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ည ၈ နာရီ ေျပာၾကားလိုက္ပါတယ္။ ဓါတ္ခဲြ စမ္းသပ္မႈ နမူနာ ၈၀၀ ကို စမ္းသပ္စစ္ေဆးခဲ့တာမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူ ၃ ဦး ထပ္မံေတြ႔ရွိခဲ့တာ ျဖစ္တယ္လို႔ ေျပာပါတယ္။

စစ္ေတြၿမိဳ႕မွာ ဒီေန႔ ေရာဂါပုိးေတြ႔ရွိသူ ၃ ဦးစလုံးဟာ ျပည္ပခရီးသြားရာဇ၀င္ မရွိေပမဲ့ တစ္ေယာက္ကေတာ့ ေရာဂါအတည္ျပဳလူနာ အမွတ္ ၃၉၅ နဲ႔ ထိေတြ႔မႈရွိခဲ့သူ တဦးျဖစ္တယ္လို႔ ေျပာပါတယ္။ ဒီထဲက ၂ ဦးကေတာ့ အသက္ ၂၈ ႏွစ္ နဲ႔ ၃၈ ႏွစ္အရြယ္ အမ်ိဳးသမီး ၂ ဦး ျဖစ္ၿပီး၊ က်န္တဲ့တဦးကေတာ့ အသက္ ၈၃ ႏွစ္အရြယ္ အမ်ိဳးသားျဖစ္ၿပီး ေစာင့္ၾကည့္လူနာေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၆ ရက္ေန႔က စစ္ေတြ႔ၿမိဳ႕မွာ ျပည္ပခရီးသြားရာဇ၀င္မရွိတဲ့သူတဦးမွာ ဗုိင္းရပ္စ္ပိုးေတြ႔ရွိၿပီးတဲ့ေနာက္ အခုရက္ပိုင္းအတြင္း စစ္ေတြၿမိဳ႕မွာ ဗုိင္းရပ္စ္ကူးစက္ခံထားရသူေတြ ေနာက္ထပ္ ၈ ေယာက္ ထပ္မံေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ လူနာအမွတ္ ၃၉၆ ေယာက္နဲ႔ ထိေတြ႔မႈရွိခဲ့တဲ့အတြက္ ရခုိင္ျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ လယ္/ဆည္၀န္ႀကီး တဦးလည္း ဗုိင္းရပ္စ္ရွိ၊ မရွိ စစ္ေဆးထားၿပီး အိမ္မွာ သီးသန္႔ခဲြေန႔ၿပီးအသြားအလာကန္႔သတ္ေစာင့္ၾကည့္ေနတယ္လို႔ ျပည္နယ္အစိုးရ ေျပာခြင့္ရကေျပာၾကာေၾကာင္း ျပည္တြင္းသတင္းေတြမွာ ေဖာ္ျပေနပါတယ္။ စစ္ေတြၿမိဳ႕မွာ အခုတေလာ ကူးစက္မႈေတြ တုိးလာေနတဲ့အတြက္ ရန္ကုန္-စစ္ေတြ ေလေၾကာင္းခရီးစဥ္ကိုလည္း ယာယီရပ္ဆုိင္းထားတယ္လို႔ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း တာ၀န္ရွိသူတဦးက ဗီအိုေအကို အတည္ျပဳေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ ဓါတ္ခဲြအတည္ျပဳလူနာေဟာင္းေတြထဲက ၂ ႀကိမ္ ဆက္ ေရာဂါပိုးမေတြ႔ရွိဘဲ ေရာဂါသက္သာေပ်ာက္ကင္းလာသူ ၃၃၃ ေယာက္ရွိၿပီး ဒီထဲက ၃၃၁ ဦးကို ေဆး႐ုံးက ဆင္းခြင့္ျပဳၿပီး သတ္မွတ္ထားတဲ့ေနရာေတြမွာ ဆက္ၿပီးေတာ့ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ေနပါတယ္။ ဒါ့အျပင္ မေန႔ ၾသဂုတ္လ ၁၉ ရက္ေန႔ ေနလယ္ ၁၂ နာရီကေန ဒီေန႔ ေန႔လယ္ ၁၂ နာရီအထိ ေနာက္ထပ္ ေစာင့္ၾကည့္လူနာ အသစ္ ၂၄ ဦးရွိတယ္လို႔လည္း သတင္းထုတ္ျပန္ထားပါတယ္။ ျမန္မာႏုိင္ငံမွာ အခုခ်ိန္ထိေတာ့ COVID-19 ေၾကာင့္ ေသဆုံးတဲ့သူ ၆ ဦးရွိတယ္လို႔ က်န္းမာေရးဌာနက အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ COVID-19 ရောဂါကူးစက်ခံရတဲ့သူ ၃ ဦး ဒီနေ့ ထပ်မံတွေ့ရှိခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၃၉၉ ဦး ရှိသွားပြီလို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ပြောကြားလိုက်ပါတယ်။ ဓါတ်ခွဲ စမ်းသပ်မှု နမူနာ ၈၀၀ ကို စမ်းသပ်စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ ဦး ထပ်မံတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တွေမြို့မှာ ဒီနေ့ ရောဂါပိုးတွေ့ရှိသူ ၃ ဦးစလုံးဟာ ပြည်ပခရီးသွားရာဇဝင် မရှိပေမဲ့ တစ်ယောက်ကတော့ ရောဂါအတည်ပြုလူနာ အမှတ် ၃၉၅ နဲ့ ထိတွေ့မှုရှိခဲ့သူ တဦးဖြစ်တယ်လို့ ပြောပါတယ်။ ဒီထဲက ၂ ဦးကတော့ အသက် ၂၈ နှစ် နဲ့ ၃၈ နှစ်အရွယ် အမျိုးသမီး ၂ ဦး ဖြစ်ပြီး၊ ကျန်တဲ့တဦးကတော့ အသက် ၈၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး စောင့်ကြည့်လူနာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က စစ်တွေ့မြို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့သူတဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးတဲ့နောက် အခုရက်ပိုင်းအတွင်း စစ်တွေမြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေ နောက်ထပ် ၈ ယောက် ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လူနာအမှတ် ၃၉၆ ယောက်နဲ့ ထိတွေ့မှုရှိခဲ့တဲ့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ လယ်/ဆည်ဝန်ကြီး တဦးလည်း ဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးထားပြီး အိမ်မှာ သီးသန့်ခွဲနေ့ပြီးအသွားအလာကန့်သတ်စောင့်ကြည့်နေတယ်လို့ ပြည်နယ်အစိုးရ ပြောခွင့်ရကပြောကြာကြောင်း ပြည်တွင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။ စစ်တွေမြို့မှာ အခုတလော ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ရန်ကုန်-စစ်တွေ လေကြောင်းခရီးစဉ်ကိုလည်း ယာယီရပ်ဆိုင်းထားတယ်လို့ မြန်မာအမျိုးသားလေကြောင်းလိုင်း တာဝန်ရှိသူတဦးက ဗီအိုအေကို အတည်ပြုပြောပါတယ်။

မြန်မာနိုင်ငံမှာ ဓါတ်ခွဲအတည်ပြုလူနာဟောင်းတွေထဲက ၂ ကြိမ် ဆက် ရောဂါပိုးမတွေ့ရှိဘဲ ရောဂါသက်သာပျောက်ကင်းလာသူ ၃၃၃ ယောက်ရှိပြီး ဒီထဲက ၃၃၁ ဦးကို ဆေးရုံးက ဆင်းခွင့်ပြုပြီး သတ်မှတ်ထားတဲ့နေရာတွေမှာ ဆက်ပြီးတော့ အသွားအလာ ကန့်သတ်စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် မနေ့ သြဂုတ်လ ၁၉ ရက်နေ့ နေလယ် ၁၂ နာရီကနေ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ နောက်ထပ် စောင့်ကြည့်လူနာ အသစ် ၂၄ ဦးရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ အခုချိန်ထိတော့ COVID-19 ကြောင့် သေဆုံးတဲ့သူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက အတည်ပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG