သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အတည္ျပဳလူနာသစ္ ၁၅ ေယာက္တုိး၊ စုစုေပါင္း ၃၉၄ ႐ွိၿပီ


ေ၀ဘာဂီေဆးရံုနား စက္ဘီးနဲ႔ ျဖတ္သန္းသြားတဲ့ အမ်ိဳးသားႏွစ္ဦး။

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ အတည္ျပဳလူနာသစ္ ၁၅ ေယာက္ စစ္ေဆးေတြ႔႐ွိရတယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဗုဒၶဟူးေန႔ည ၈ နာရီ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ စုစုေပါင္း COVID-19 အတည္ျပဳလူနာ ၃၉၄ ေယာက္ ႐ွိၿပီျဖစ္ပါတယ္။

ဒီေန႔ ၾသဂုတ္လ ၁၉ ရက္ေန႔မွာ ေတြ႔ရွိတဲ့ လူနာသစ္အားလံုးဟာ ႏိုင္ငံျခားသြားခဲ့သူေတြျဖစ္ၾကၿပီး၊ အိႏၵိယႏိုင္ငံက ျပန္လာသူ ၁၄ ေယာက္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံက ျပန္လာသူ ၁ ေယာက္ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီသတင္းမွာ ေဖာ္ျပထားပါတယ္။

ဒီေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးမႈေတြကိုေတာ့ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဌာနမွာ (ပထမအသုတ္) ဓာတ္ခြဲနမူနာ ၅၆၀ ခု၊ ေဆးသုေတသနမွာ ဓာတ္ခြဲနမူနာ ၂၃၇ ခု၊ ေမာ္လၿမိဳင္ၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဌာနမွာ ဓာတ္ခြဲနမူနာ ၂၀၈ ခု၊ စုစုေပါင္း ၁,၀၀၅ ခု လုပ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီေန႔ည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ၊ ၃၉၄ ေယာက္၊ ေရာဂါပုိးကင္းစင္သြားသူ ၃၃၃ ေယာက္႐ွိၿပီး ေသဆံုးသူ ေျခာက္ ေယာက္႐ွိပါတယ္။

ျမန္မာႏိုင္ငံထဲမွာ ျပည္ပခရီးသြား ရာဇဝင္ မ႐ွိသူေတြထဲက ကူးစက္မႈေတြလည္း ႐ွိေနတာေၾကာင့္ ေရာဂါကာကြယ္ေရးကို ျပည္သူေတြၾကား အေလးအနက္လုပ္ၾကဖုိ႔ က်န္းမာေရးတာဝန္႐ွိသူေတြက တိုက္တြန္းေနၾကပါတယ္။

[Unicode Version]

ကိုဗစ်အတည်ပြုလူနာသစ် ၁၅ ယောက်တိုး၊ စုစုပေါင်း ၃၉၄ ရှိပြီ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာသစ် ၁၅ ယောက် စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ည ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ စုစုပေါင်း COVID-19 အတည်ပြုလူနာ ၃၉၄ ယောက် ရှိပြီဖြစ်ပါတယ်။

ဒီနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ တွေ့ရှိတဲ့ လူနာသစ်အားလုံးဟာ နိုင်ငံခြားသွားခဲ့သူတွေဖြစ်ကြပြီး၊ အိန္ဒိယနိုင်ငံက ပြန်လာသူ ၁၄ ယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံက ပြန်လာသူ ၁ ယောက်ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီသတင်းမှာ ဖော်ပြထားပါတယ်။

ဒီနေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုတွေကိုတော့ ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဌာနမှာ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၅၆၀ ခု၊ ဆေးသုတေသနမှာ ဓာတ်ခွဲနမူနာ ၂၃၇ ခု၊ မော်လမြိုင်မြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဌာနမှာ ဓာတ်ခွဲနမူနာ ၂၀၈ ခု၊ စုစုပေါင်း ၁,၀၀၅ ခု လုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ၊ ၃၉၄ ယောက်၊ ရောဂါပိုးကင်းစင်သွားသူ ၃၃၃ ယောက်ရှိပြီး သေဆုံးသူ ခြောက် ယောက်ရှိပါတယ်။

မြန်မာနိုင်ငံထဲမှာ ပြည်ပခရီးသွား ရာဇဝင် မရှိသူတွေထဲက ကူးစက်မှုတွေလည်း ရှိနေတာကြောင့် ရောဂါကာကွယ်ရေးကို ပြည်သူတွေကြား အလေးအနက်လုပ်ကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG