သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေတြမွာ ညမထြက္ရအမိန္႔အပါအဝင္ ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္


ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ စစ္ေတြ။ (ဧၿပီ ၀၂၊ ၂၀၁၄)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ တပတ္အတြင္း COVID-19 ကူးစက္ခံရသူ ၂၀ နီးပါး ရွိလာတာေၾကာင့္ ညမထြက္ အမိန္႔ ထုတ္ျပန္ၿပီး အသြားအလာေတြ ကန္႔သတ္လုိက္သလုိ ေက်ာင္းေတြကုိလည္း ပိတ္လုိက္ရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။

တပတ္အတြင္းမွာပဲ ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ စစ္ေတြမွာ COVID-19 ကူးစက္ခံရသူ ၁၈ ဦးနဲ႔ ေျမာက္ဦးၿမိဳ႕နယ္မွာ ၁ ဦး အတည္ျပဳခဲ့ၿပီးေနာက္ ဒီေန႔ကစလုိ႔ ညမထြက္ရအမိန္႔ ထုတ္ျပန္လုိက္သလုိ သြားလာလႈပ္ရွားမႈေတြကုိလည္း ကန္႔သတ္လုိက္ပါတယ္။ ကန္႔သတ္မိန္႔နဲ႔ ပတ္သက္လုိ႔ ၿမိဳ႕ခံေတြကုိ အသိေပးဖုိ႔ စီစဥ္ထားတယ္လုိ႔လည္း ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ေျပာခြင့္ရ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္က ေျပာပါတယ္။

"ၿမိဳ႕တြင္းကေတာ့ က်ေနာ္တို႔ ဒီေန႔လယ္ပိုင္းမွာပဲ stay home ေနထိုင္ဖို႔ လိုက္လံၿပီးေတာ့ တိုက္တြန္းမယ္။ ေနာက္ၿပီးေတာ့ က်န္ေနာ္တို႔က က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ညႊန္ၾကားခ်က္အတိုင္း ေစ်းဝယ္ထြက္မယ္ဆိုရင္ေတာင္ တစ္ဦးပဲ ထြက္မယ္။ အိမ္ထဲမွာေနတာ အေကာင္းဆံုးပါ။ အဲဒါေတြေတာ့ က်ေနာ္တို႔ လုပ္ေနတယ္။ အဓိက စားေရးအတြက္ လိုအပ္တာက လြဲၿပီးေတာ့ စားေသာက္ဆိုင္ေတြ တျခားဆိုင္ေတြ ပိတ္ဖို႔ က်ေနာ္တို႔ ေျပာထားပါတယ္။"

ရက္ပုိင္းအတြင္း ကူးစက္မႈေတြ တုိးလာတာေၾကာင့္ စစ္ေတြၿမိဳ႕မွာ ကန္႔သတ္မိန္႔ေတြ ထုတ္ျပန္ထားၿပီး၊ ေရေၾကာင္း၊ ေလေၾကာင္းခရီးစဥ္ တခ်ဳိ႕ကိုလည္း ဆုိင္းငံ့ခဲ့ရသလို ရခုိင္ျပည္နယ္နဲ႔ ဆက္သြယ္သြားလာေနတဲ့ လမ္းတခ်ဳိ႕မွာလည္း တားျမစ္ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

ေနာက္ထပ္ ေစာင့္ၾကည့္လူနာ ၁၁ ေယာက္နဲ႔ အသြားအလာကန္႔ သတ္ထားသူေတြလည္း အမ်ားအျပားရွိေနတဲ့ စစ္ေတြၿမိဳ႕မွာ ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္ထားရေပမဲ့ ထိခုိက္မႈအနည္းဆုံးျဖစ္ေအာင္ ႀကိဳးပမ္းေနတယ္လုိ႔လည္း ရခုိင္ျပည္နယ္အစုိးရေျပာခြင့္ရ ဦးဝင္းျမင့္ကေျပာပါတယ္။

"Lockdown ကုိေတာ့ က်ေနာ္တို႔ အက်ဥ္းႏိုင္ဆံုးစဥ္းစားၿပီးေတာ့ လုပ္ေနပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ဘယ္သူမွ အဝင္အထြက္ မလုပ္ရဘူးဆိုတဲ့ အခ်ိန္မွာက်ေတာ့ က်ေနာ္တို႔ဖက္က လူေတြရဲ႕ စားဝတ္ေနေရးပိုင္းကိုလည္း ျပန္ၿပီးေတာ့ စဥ္းစားရတာေပါ့။ ဒါကေတာ့ ဒီေန႔အေနအထားကို ေျပာတာပါ။ ေနာက္တစ္ေန႔ဆိုရင္ ဘယ္လိုေျပာင္းလဲသြားမယ္ဆိုတာကေတာ့ အေနအထားေပၚမွာ မူတည္ၿပီးေတာ့ ေျပာင္းလဲသြားႏိုင္ပါတယ္။"

တလေက်ာ္အတြင္း ပထမဆုံးအႀကိမ္ ျပည္တြင္းကူးစက္မႈေတြ စတင္ခဲ့တဲ့ စစ္ေတြမွာေတာ့ ေရာဂါပုိးပ်ံ ႔ႏွံ႔မႈ ထိန္းခ်ဳပ္ေရးအတြက္ ည ၉ နာရီကေန မနက္ ၄ နာရီ အထိ ညမထြက္ရ ပုဒ္မ ၁၄၄ ကို ၾသဂုတ္လ ၂၁ ရက္ေန႔ကေန စတင္ၿပီး ၂ လအထိ ထုတ္ျပန္လုိက္ပါတယ္။

ရခိုင္ျပည္နယ္မွာရွိတဲ့ စာသင္ေက်ာင္းေတြကိုလည္း ယာယီပိတ္လုိက္ရတယ္လို႔ ရခိုင္ျပည္နယ္ ပညာေရးမွဴး ဦးတင္သိန္းက ေျပာပါတယ္။

"ဟုတ္ပါတယ္။ ရခိုင္ျပည္မွာ ရွိတဲ့ ေက်ာင္းေတြ အားလံုးကို ယာယီပိတ္လိုက္ပါတယ္။"

ဒီကေန႔မနက္ပိုင္းက ထုတ္ျပန္တဲ့ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေတြဟာ CB bank ဝန္ထမ္းမိသားစုဝင္ေတြျဖစ္ၿပီး ကူးစက္ခံရသူေတြကို ေဆးရံုကို ယူေဆာင္ေနတယ္လို႔လည္း စစ္ေတြေဆးရံုအုပ္ ေဒါက္တာေဇာ္လြင္က ေျပာပါတယ္။

"ေနာက္ၿပီးေတာ့ ဒီေန႔ေတြ႔တဲ့ ၉ ေယာက္ဆိုတာဟာ ပထမလူနာ ၃၇၅ နဲ႔ Secondary contact လို႔ေခၚ တာေပါ့ေနာ္။ ၃၇၅ က CB bank ဝန္ထမ္းျဖစ္တယ္။ အဲဒါေၾကာင့္္ ဝန္ထမ္းေတြရဲ႕ မိသားစုဝင္ ေတြ ေပါ့ေနာ္။ လက္ရွိက စစ္ေတြၿမိဳ႕ေပၚက ေနၿပီးတာ့ အိမ္ေလးအိမ္မွာ ၉ေယာက္ေပါ့ေနာ္။ အဲတာကို ေဆးရံုကေနသြားေခၚၿပီးေတာ့ ေဆးရံုမွာတင္ကုဖို႔ က်ေနာ္တို႔ ေဆာင္ရြက္ေနတယ္ေပါ့ေနာ္။"

အေစာပုိင္း အတည္ျပဳလူနာတေယာက္နဲ႔ အဆက္အဆံ ရွိခဲ့တဲ့အတြက္ ရခုိင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ ဦးညီပု၊ စုိက္ပ်ဳိးေမြးျမဴေရး သစ္ေတာနဲ႔ သတၳဳတြင္း၀န္ႀကီး ဦးေက်ာ္လြင္ တုိ႔ကုိ ဓာတ္ခဲြစစ္ေဆးရာမွာေတာ့ ေရာဂါပုိးမေတြ႔ရဘူးလုိ႔လည္း စည္ပင္သာယာေရး၀န္ႀကီး ဦး၀င္းျမင့္က ေျပာပါတယ္။

“ဒီေန႔မနက္က သူတို႔ အေျဖထြက္လာတယ္။ အားလုံး negative ပါ၊ က်န္းက်န္းမာမာပါပဲ။ဒါေပမယ့္သူတို႔ကိုေတာ့ နည္းနည္းခြဲထားရတဲ့သေဘာမ်ိဳးေပါ့။ က်န္းမာေရး၀န္ႀကီးဌာနကထုတ္ျပန္ထားတာနဲ႔အညီ ေနရတာေပါ့။ ဒါေပမဲ့ အလုပ္လုပ္တဲ့အခါမွာေတာ့ ၀န္ႀကီးခ်ဳပ္ကေတာ့ မျဖစ္မေနလုပ္ေနရတဲ့ အပိုင္းေတာ့ရွိတာေပါ့။”

က်န္းမာေရး ၀န္ႀကီးဌာနရဲ႕ ဒီကေန႔ မနက္ပုိင္းအထိ ထုတ္ျပန္ခ်က္အရ ရခုိင္ျပည္နယ္မွာ ဒီကေန႔ အတည္ျပဳလူနာ ၁၉ ေယာက္ အပါအ၀င္ ျမန္မာႏိုင္ငံမွာ ေရာဂါကူးစက္သူ ၄၀၉ ေယာက္ ရွိေနပါတယ္။ ေဒသတြင္းႏုိင္ငံေတြမွာ တေက်ာ့ျပန္ ေရာဂါကူးစက္မႈေတြ ႀကံဳေနရတဲ့အတြက္ ျမန္မာႏုိင္ငံမွာလည္း အလားတူ အေျခအေနမ်ဳိးနဲ႔ မႀကံဳရေအာင္ သတိထားၾကဖုိ႔ က်န္းမာေရး၀န္ႀကီး ဌာနကလည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်တွေမှာ ညမထွက်ရအမိန့်အပါအဝင် ကန့်သတ်ချက်တွေ ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ တပတ်အတွင်း COVID-19 ကူးစက်ခံရသူ ၂၀ နီးပါး ရှိလာတာကြောင့် ညမထွက် အမိန့် ထုတ်ပြန်ပြီး အသွားအလာတွေ ကန့်သတ်လိုက်သလို ကျောင်းတွေကိုလည်း ပိတ်လိုက်ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

တပတ်အတွင်းမှာပဲ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာ COVID-19 ကူးစက်ခံရသူ ၁၈ ဦးနဲ့ မြောက်ဦးမြို့နယ်မှာ ၁ ဦး အတည်ပြုခဲ့ပြီးနောက် ဒီနေ့ကစလို့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သလို သွားလာလှုပ်ရှားမှုတွေကိုလည်း ကန့်သတ်လိုက်ပါတယ်။ ကန့်သတ်မိန့်နဲ့ ပတ်သက်လို့ မြို့ခံတွေကို အသိပေးဖို့ စီစဉ်ထားတယ်လို့လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

"မြို့တွင်းကတော့ ကျနော်တို့ ဒီနေ့လယ်ပိုင်းမှာပဲ stay home နေထိုင်ဖို့ လိုက်လံပြီးတော့ တိုက်တွန်းမယ်။ နောက်ပြီးတော့ ကျန်နော်တို့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ဈေးဝယ်ထွက်မယ်ဆိုရင်တောင် တစ်ဦးပဲ ထွက်မယ်။ အိမ်ထဲမှာနေတာ အကောင်းဆုံးပါ။ အဲဒါတွေတော့ ကျနော်တို့ လုပ်နေတယ်။ အဓိက စားရေးအတွက် လိုအပ်တာက လွဲပြီးတော့ စားသောက်ဆိုင်တွေ တခြားဆိုင်တွေ ပိတ်ဖို့ ကျနော်တို့ ပြောထားပါတယ်။"

ရက်ပိုင်းအတွင်း ကူးစက်မှုတွေ တိုးလာတာကြောင့် စစ်တွေမြို့မှာ ကန့်သတ်မိန့်တွေ ထုတ်ပြန်ထားပြီး၊ ရေကြောင်း၊ လေကြောင်းခရီးစဉ် တချို့ကိုလည်း ဆိုင်းငံ့ခဲ့ရသလို ရခိုင်ပြည်နယ်နဲ့ ဆက်သွယ်သွားလာနေတဲ့ လမ်းတချို့မှာလည်း တားမြစ်ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။

နောက်ထပ် စောင့်ကြည့်လူနာ ၁၁ ယောက်နဲ့ အသွားအလာကန့် သတ်ထားသူတွေလည်း အများအပြားရှိနေတဲ့ စစ်တွေမြို့မှာ ကန့်သတ်ချက်တွေ ထုတ်ပြန်ထားရပေမဲ့ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုးပမ်းနေတယ်လို့လည်း ရခိုင်ပြည်နယ်အစိုးရပြောခွင့်ရ ဦးဝင်းမြင့်ကပြောပါတယ်။

"Lockdown ကိုတော့ ကျနော်တို့ အကျဉ်းနိုင်ဆုံးစဉ်းစားပြီးတော့ လုပ်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူမှ အဝင်အထွက် မလုပ်ရဘူးဆိုတဲ့ အချိန်မှာကျတော့ ကျနော်တို့ဖက်က လူတွေရဲ့ စားဝတ်နေရေးပိုင်းကိုလည်း ပြန်ပြီးတော့ စဉ်းစားရတာပေါ့။ ဒါကတော့ ဒီနေ့အနေအထားကို ပြောတာပါ။ နောက်တစ်နေ့ဆိုရင် ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကတော့ အနေအထားပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားနိုင်ပါတယ်။"

တလကျော်အတွင်း ပထမဆုံးအကြိမ် ပြည်တွင်းကူးစက်မှုတွေ စတင်ခဲ့တဲ့ စစ်တွေမှာတော့ ရောဂါပိုးပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် ည ၉ နာရီကနေ မနက် ၄ နာရီ အထိ ညမထွက်ရ ပုဒ်မ ၁၄၄ ကို သြဂုတ်လ ၂၁ ရက်နေ့ကနေ စတင်ပြီး ၂ လအထိ ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေကိုလည်း ယာယီပိတ်လိုက်ရတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောပါတယ်။

"ဟုတ်ပါတယ်။ ရခိုင်ပြည်မှာ ရှိတဲ့ ကျောင်းတွေ အားလုံးကို ယာယီပိတ်လိုက်ပါတယ်။"

ဒီကနေ့မနက်ပိုင်းက ထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ CB bank ဝန်ထမ်းမိသားစုဝင်တွေဖြစ်ပြီး ကူးစက်ခံရသူတွေကို ဆေးရုံကို ယူဆောင်နေတယ်လို့လည်း စစ်တွေဆေးရုံအုပ် ဒေါက်တာဇော်လွင်က ပြောပါတယ်။

"နောက်ပြီးတော့ ဒီနေ့တွေ့တဲ့ ၉ ယောက်ဆိုတာဟာ ပထမလူနာ ၃၇၅ နဲ့ Secondary contact လို့ခေါ် တာပေါ့နော်။ ၃၇၅ က CB bank ဝန်ထမ်းဖြစ်တယ်။ အဲဒါကြောင့် ဝန်ထမ်းတွေရဲ့ မိသားစုဝင် တွေ ပေါ့နော်။ လက်ရှိက စစ်တွေမြို့ပေါ်က နေပြီးတာ့ အိမ်လေးအိမ်မှာ ၉ယောက်ပေါ့နော်။ အဲတာကို ဆေးရုံကနေသွားခေါ်ပြီးတော့ ဆေးရုံမှာတင်ကုဖို့ ကျနော်တို့ ဆောင်ရွက်နေတယ်ပေါ့နော်။"

အစောပိုင်း အတည်ပြုလူနာတယောက်နဲ့ အဆက်အဆံ ရှိခဲ့တဲ့အတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ စိုက်ပျိုးမွေးမြူရေး သစ်တောနဲ့ သတ္ထုတွင်းဝန်ကြီး ဦးကျော်လွင် တို့ကို ဓာတ်ခွဲစစ်ဆေးရာမှာတော့ ရောဂါပိုးမတွေ့ရဘူးလို့လည်း စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

“ဒီနေ့မနက်က သူတို့ အဖြေထွက်လာတယ်။ အားလုံး negative ပါ၊ ကျန်းကျန်းမာမာပါပဲ။ဒါပေမယ့်သူတို့ကိုတော့ နည်းနည်းခွဲထားရတဲ့သဘောမျိုးပေါ့။ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာနဲ့အညီ နေရတာပေါ့။ ဒါပေမဲ့ အလုပ်လုပ်တဲ့အခါမှာတော့ ဝန်ကြီးချုပ်ကတော့ မဖြစ်မနေလုပ်နေရတဲ့ အပိုင်းတော့ရှိတာပေါ့။”

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ ဒီကနေ့ အတည်ပြုလူနာ ၁၉ ယောက် အပါအဝင် မြန်မာနိုင်ငံမှာ ရောဂါကူးစက်သူ ၄၀၉ ယောက် ရှိနေပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာ တကျော့ပြန် ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့အတွက် မြန်မာနိုင်ငံမှာလည်း အလားတူ အခြေအနေမျိုးနဲ့ မကြုံရအောင် သတိထားကြဖို့ ကျန်းမာရေးဝန်ကြီး ဌာနကလည်း သတိပေးထားပါတယ်။

XS
SM
MD
LG