သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်သူ စစ်တွေမှာ ၄ ဦး၊ မြောက်ဦးမှာ ၂ ဦး ထပ်တိုး


ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Quarantine စင်တာတခုမှာ COVID-19 စစ်ဆေးရေး ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇူလိုင် ၁၆၊ ၂၀၂၀)
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Quarantine စင်တာတခုမှာ COVID-19 စစ်ဆေးရေး ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇူလိုင် ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါ ကူးစက်ခံထားရသူ ၆ ဦး ထပ်မံတွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်ခံရသူ ၄၄၁ ယောက်ရှိသွားပြီ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ သြဂုတ်လ ၂၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။

စစ်တွေမြို့က ဓာတ်ခွဲနမူနာ ၃၉ ခု အပါအဝင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၉၁ ခုကို စစ်ဆေးခဲ့တာမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၆ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပြီး အသက် ၁၅ နှစ်ကနေ ၇၃ နှစ်ကြား အရွယ်တွေ ပါဝင်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID-19 အတည်ပြုလူနာတွေ့ရှိမှု ထုတ်ပြန်ချက်။ (သြဂုတ် ၂၂၊ ၂၀၂၀။ ဓာတ်ပုံ - MOH)
ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID-19 အတည်ပြုလူနာတွေ့ရှိမှု ထုတ်ပြန်ချက်။ (သြဂုတ် ၂၂၊ ၂၀၂၀။ ဓာတ်ပုံ - MOH)

ဒီနေ့ ရောဂါပိုးတွေ့ရှိသူ ၆ ဦးမှာ ၄ ဦးက စစ်တွေမြို့ကဖြစ်ပြီး ကျန်တဲ့ ၂ ဦးကတော့ မြောက်ဦးက ဖြစ်ပါတယ်။ သူတို့ ၆ ယောက်စလုံး ပြည်ပခရီးသွားရာဇဝင် မရှိပေမယ့် မြောက်ဦးမြို့က ၂ ယောက်ကတော့ ရောဂါအတည်ပြုလူနာအမှတ် ၄၀၈ နဲ့ ထိတွေ့မှုရှိပြီး အသွားအလာ ကန့်သတ်ထားရှိသူတွေ ဖြစ်ပါတယ်။ စစ်တွေမြို့က ၄ ဦးကတော့ စောင့်ကြည့်လူနာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့မနက် အစောပိုင်းကလည်း ၁၆ ယောက် တွေ့ရှိခဲ့တာကြောင့် ဒီနေ့တရက်တည်းမှာတင် ဗိုင်းရပ်စ်ကူးစက်သူ ၂၂ ယောက် ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က စစ်တွေမြို့မှာ ပြည်တွင်း ရောဂါကူးစက်သူတဦးကို တွေ့ရှိခဲ့ရာကနေ ရခိုင်ပြည်နယ်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာနေပြီး ကူးစက်ခံရသူ ၆၇ ယောက်အထိ ရှိသွားပြီဖြစ်ပါတယ်။

စစ်တွေမြို့မှာ ရောဂါကူးစက်မှုကို ထိန်းချုပ်သွားနိုင်ဖို့နဲ့ တခြားဒေသတွေကို ပြန့်ပွားမှုတွေ မဖြစ်ရအောင် အာဏာပိုင်တွေဘက်က အထူးအလေးထား ဆောင်ရွက်နေပြီး ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေအတိုင်း မပျက်မကွက်လိုက်နာဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီနေ့မှာ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ၂ ကြိမ်ဆက် ပိုးမတွေ့ရှိသူ နောက်ထပ် ၁ ဦးရှိတာကြောင့် အခုဆိုရင် ရောဂါသက်သာ ပျောက်ကင်းလာသူ ၃၃၈ ဦး ရှိသွားပါပြီ။ ဒီထဲက ၃၃၅ ဦးကိုတော့ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီဖြစ်ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့က နေ့လယ် ၁၂ နာရီကနေ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ စောင့်ကြည့်လူနာ ၄၀ ရှိတယ်လို့ ပြောပါတယ်။ COVID-19 ကြောင့် သေဆုံးသူ ၆ ဦး ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)

ကိုဗဈကူးစကျသူ စဈတှမှော ၄ ဦး၊ မွောကျဦးမှာ ၂ ဦး ထပျတိုး









XS
SM
MD
LG